ပင်ကြွင်းပင်ကျန်များကို မီးမရှို့ရ

25/01/2021 15:00 PM တွင် U Thein Su U Thein Su မှ ရေးသား ပြီး ဆုဆွေဖောင်ဒေးရှင်း ဆုဆွေဖောင်ဒေးရှင်း မှ ပေးပို့ထားပါသည်။

    ပင်ကြွင်းပင်ကျန်များသည် မြေကြီးကိုဖုံးထားပေးသည့် အဓိကပစ္စည်းဖြစ်သည်။ ၎င်းတို့ကို မီးရှို့ပစ်ခြင်း၊ သို့မဟုတ် စိုက်ခင်းအတွင်းမှ ဖယ်ထုတ်ပစ်ခြင်းကို လုံးဝမပြုလုပ်ရပေ။ ပင်ကြွင်းပင်ကျန်များသည် သစ်ဆွေးဓာတ်များကြွယ်ဝသော အပေါ်ယံမြေလွှာကို မြေ၊ ရေ၊ လေတို့၏တိုက်စားခြင်းမခံရအောင် ကာကွယ်ပေးထားသည်။ ထို့အတူ ၎င်းတို့ပါ ဆွေးမြေ့သွားပြီး လတ်လတ်ဆတ်ဆတ်သစ်ဆွေးဓာတ်များကို မြေကြီးထဲသို့ ထပ်မံဖြည့်ဆည်းပေးနေသည်။ ပင်ကြွင်းပင်ကျန်များကို မီးရှို့လိုက်ပါက လေထုညစ်ညမ်းမှုကို ဖြစ်စေရုံသာမက မြေကြီးထဲမှ သတ္တုဓာတ်များလည်း အလျင်အမြန်ပြိုကွဲကုန်ကာ မြေကြီးထဲမှ သစ်ဆွေးဓာတ်နှင့် အာဟာရဓာတ်များပါ လျော့ပါးသွားစေပါသည်။ ပင်ကြွင်းပင်ကျန်များကို မီးရှို့လိုက်ပါက ထိုအပိုင်းတွင် ပေါင်းမြက်များ လျင်မြန်စွာပေါက်လာကြသည်။ 

မြေကြီးကို ပင်ကြွင်းပင်ကျန်များဖြင့် ဖုံးအုပ်သည့်အကျိုးကျေးဇူးများ

၁။ မြေထဲသို့ ရေစိမ့်ဝင်မှုများပြားသည်။ မြေကြီး၏ ရေသိုလှောင်ထိန်းသိမ်းမှု များပြားသည်။  အပင်အတွက် ရေငတ်မှု၊ ရေလိုမှု၊ ရေမလုံလောက်မှု စသည်များမဖြစ်နိုင်တော့ပေ။ 

၂။ မြေကြီးထဲတွင်ရှိသည့် သက်ရှိမျိုးကွဲအစုံတို့အတွက် အာဟာရရှိရာနေရာနှင့် ရှင်သန်ပေါက်ပွားရာနေစရာ ဖြစ်လာသည်။ အသက်ရှင်လာသည့် မြေကြီးသဘောမျိုးဖြစ်ပေါ်လာသည်။ 

၃။ လေနှင့် ရေတို့ မြေတွင်းဝင်ရောက်ရာလမ်းကြောင်းများ ဖြစ်ပေါ်လာသည်။

၄။ မြေတွင်းသက်ရှိတို့၏ လှုပ်ရှားမှုများကြောင့် မြေသားများမွလာကာ သက်ရှိတို့ကြောင့်ဖြစ်လာသည့် ထယ်ရေးကို ရရှိလာသည်။ ဇီဝထယ်ရေး (Biological Tillage) ဟု ခေါ်သည်။ လူက ထယ်ထိုးထွန်မွှေပေးရန် မလိုတော့ပေ။ 

၅။ ဖုံးထားသည့် ပင်ကြွင်းပင်းကျန်များ ဆွေးမြေ့သွားသည့်အခါ မြေဆီဩဇာပြန်ဖြစ်သွားသဖြင့် မြေတွင်းအာဟာရဓာတ်များ ပိုမိုကြွယ်ဝလာသည်။

၆။​ မြေဆွေးဖြစ်ပွားမှု ပိုမိုများပြားလာသည်။

၇။ မြေသားတည်ဆောက်မှု ပိုမိုကောင်းမွန်လာသည်။

၈။ မြေဆီဩဇာပျက်သုဉ်းမှုထက် မြေဆီဩဇာပြန်လည်တိုးတက်ဖြစ်ထွန်းမှုက ပိုမိုလာသည်။

၉။ မြေကြီး၏ကျန်းမာရေး ပိုမိုကောင်းမွန်လာသည်။

၁၀။ အမြစ်ပွားရန်နှင့် အပင်ငယ်ကြီးထွားရန် မြေသားအခြေအနေကောင်းမွန်လာသည်။

၁၁။ မြေပေါ်မှ ရလွှာလျောဆင်းသွားမှုများ လျော့နည်းသွားပြီး မြေတွင်းသို့ ရေပိုမိုစိမ့်ဝင်သွားသည်။

၁၂။ ရေတိုက်စားမှုနှင့် လေတိုက်စားမှုများ မဖြစ်ပေါ်စေတော့ပေ။

၁၃။​ မြေကြီးပေါ်သို့ နေရောင်တိုက်ရိုက်မကျရောက်တော့သဖြင့် မြေကြီးအတွင်းနှင့် မြေမျက်နှာပြင်ပေါ်အပူချိန်တို့ မတည်မငြိမ် အပြောင်းအလဲဖြစ်မှုများကို လျော့နည်းစေသည်။

၁၄။ မြေမျက်နှာပြင်ပေါ်သို့ မိုးပေါက်များ တိုက်ရိုက်ထိမှန်မှု မရှိတော့သဖြင့် မြေမျက်နှာပြင်တင်းသွားခြင်း၊ ပိတ်သွားခြင်းများ မဖြစ်ပေါ်စေတော့ပေ။

၁၅။​ မြေတွင်းရေအငွေ့ပျံဆုံးရှုံးမှု လျော့နည်းသက်သာစေသည်။ 

၁၆။ ပေါင်းပေါက်ရောက်မှု လျော့နည်းသက်သာစေသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်