ပန်းဖြိုင်ဖြိုင်ပွင့်ချိန် ပိုးသတ်​ဆေးဖျန်းခြင်းကြောင့် ဝတ်မှုန်ကန်းခြင်းအန္တရာယ်

03/08/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

သီးနှံပင်များမှာ ကြီးထွားမှု အဆင့် ၃ ဆင့်ရှိပါတယ်။

  • ၁။ အပင်ကြီးထွားမှုအပိုင်း
  • ၂။ မျိုးပွားအင်္ဂါကြီးထွားမှုအပိုင်းနဲ့
  • ၃။ ရင့်မှည့်မှု အပိုင်းပဲဖြစ်ပါတယ်။

ဒီလိုမျိုးကြီးထွားမှု ၃ ပိုင်းမှာ မျိုးပွားအင်္ဂါဖွံ့ဖြိုးတဲ့အချိန်ဟာ အ​ရေးကြီးဆုံး အနူးညံ့ဆုံး အသိမ်​မွေ့ဆုံး အပိုင်းလို့ဆိုပါရ​စေ...။

ဘာ​ကြောင့်လည်းဆို​တော့....အပွင့်မှ အသီး၊ အ​စေ့အဆံ​အောင်မြင်ဖို့ဆိုတာ ဝတ်မှုန်ကူးခြင်း(Polination)နဲ့ သ​န္ဓေ​အောင်ခြင်း (Fertilisation) အဆင့်ကို ​ကျော်ဖြတ်ရပါတယ်။

ဒီလို​ကျော်ဖြတ်ရာမှာ သီးနှံအမျိုးအစားလိုက်ပြီး အဖိုဝတ်မှုန်နဲ့ အမဝတ်မှုန်ခံပေါ် ကျ​ရောက်ဖို့ရာ ပျား၊ ပိတုန်း၊ လိပ်ပြာနဲ့ ​လေ အကူအညီ ရယူကြရပါတယ်။

ဒီ​နေရာမှာ စာ​လေးမှာစိုးတာရယ် လိုရင်းအဓိပ္ပာယ် မ​ရောက်မှာစိုးတာရယ်​ကြောင့် ပင်တည်းဝတ်မှုန်ကူးခြင်း၊ ပင်ခြားဝတ်မှုန်ကူးခြင်းနဲ့ ပန်းပွင့်​တွေရဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းများအ​ကြောင်းကို ချန်လှပ်ခဲ့ပါရ​စေ။

အပွင့်​တွေပွင့်ပါလျက်နဲ့ ဘာ​ကြောင့်အသီးမတင်တာလဲ?

အထက်ပါ​မေးခွန်းကို ​တောင်သူ​တွေ ​မေး​လေ့​မေးထရှိပြီး တကယ်လည်း ကြုံ​တွေ့​နေရတဲ့ ဖြစ်ရိုးဖြစ်စဥ်တစ်ခုပါ။

စာ​ရေးသူအ​တွေ့အကြုံအရ ​ကောက်နုတ်​ဖော်ပြရရင်...

၁။ ပန်းပွင့်ချိန် အပူချိန်မြင့်မားလွန်းခြင်း

၂။ ရာသီဥတု ​အေးလွန်းခြင်း

၃။ ပန်းပွင့်ချိန်မိုးရွာခြင်း၊​ လေပြင်းတိုက်ခြင်း

၄။ ပိုးမွှား/​ရောဂါကျ​ရောက်ခြင်း

၅။ အာဟာရဓာတ် မလုံ​လောက်ခြင်း

၆။​ ရေနဲ့ အစိုဓာတ်များခြင်း

၇။ ပန်းပွင့်ချိန် ဆေးဖျန်းခြင်း​ကြောင့် သ​န္ဓေ​အောင်မှု အဟန့်အတားဖြစ်ခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။

ဆိုတော့ ဒီနေ့ဆောင်းပါးမှာ ​နောက်ဆုံးအချက်တစ်ခုတည်းကို အသားပေးပြီးဖော်ပြချင်ပါတယ်။

ဘာ​ကြောင့်ပိုးသတ်​ဆေး​တွေက ပန်းပွင့်​တွေကို သ​န္ဓေ​အောင်မှု ဟန့်တား​စေတာလဲ?

သတိမထားမိလို့သာပါ။ တောင်သူအများစု ကြုံဖူးကြပြီးသားပါ။ လွန်ခဲ့​သောနှစ်များက ​မြောင်မြို့နယ်ရှိ ကျွန်း​မြေပဲ​တွေမှာ စွယ်ပွင့်ပွင့်ချိန် အပွင့်ထဲ ​လှေး​တွေကျပါတယ်။

ပင်လုံးပျံ့​ ဆေး​တွေအပြင် ထိ​သေ​ဆေး​တွေပါ ​ရောပြီး ၂-၃ ရက်ခြား ဖျန်းကြရပါတယ်။

အဲဒီနှစ်က အပင်​တွေ​ကောင်း အပွင့်ပွင့်ပါလျက် ဘာ​ကြောင့်​မြေပဲမထွက်/မဥတာလဲ?..ဆိုတဲ့ မေးခွန်း စာ​ရေးသူ မ​ဖြေခဲ့မိဘူး။

(ဘာ​ကြောင့် မ​ဖြေခဲ့မိမှန်းလည်း စဥ်းစားမရခဲ့ဘူး။ အ​ဖြေက မ​သေချာမှာ စိုးလို့ထင်ပါရဲ့)

​နောက်ထပ်ဖြစ်စဥ်တစ်ခုက ပြီးခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ​ဧရာဝတီတိုင်းဒေသ၊​ နွေစပါးခင်း ပန်းပွင့်ချိန် မိုးကြီး ၂ ရက် မိလိုက်တာကြောင့်စပါး​တွေ အထွက်နှုန်းလျော့​စေခဲ့တာရယ်။

 ၂၀၀၈ မတိုင်မီက ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ထဲမှာ ပဲတီစိမ်းခင်း အပွင့်တွေတန်းလန်းနဲ့ င​မြှောင်​တောင်ကျလို့ ထိ​သေ​ဆေး အပြင်း​တွေ ၂ မျိုး​ပေါင်းပြီး တွယ်လိုက်တာကြောင့် ပိုးမ​သေဘဲ အပွင့်​တွေ​ကြွေတာမျိုးရှိခဲ့ပါတယ်။

​ဖော်ပြပါ ဖြစ်စဥ်​တွေကို သုံးသပ်ကြည့်ရင်..

ပန်းပွင့်ချိန် မိုးမိခြင်း၊​ လေပြင်းတိုက်ခတ်ခြင်းအပြင် ဆေးပူ၊​ ဆေးပြင်း​တွေ ဖျန်းတာကြောင့်လည်း ဝတ်မှုန်ကန်းပြီး(မျိုးမ​အောင်)​စေတယ်ဆိုတာ သိသာ​စေပါတယ်။

ပိုးသတ်​ဆေးတိုင်း ဝတ်မှုန်ကန်း​စေပါသလား?

အထူးသဖြင့်က​တော့ EC formulation​ ဆေး​မျိုးတွေကို ပန်းပွင့်ချိန် ​ရှောင်သင့်ပါတယ်။

EC​ ဖော်မြူလာမှာပါဝင်တဲ့  Inertကို Petrolium Oilလို့​ခေါ်တဲ့(ဓာတ်ဆီ၊ ဒီဇယ်ကဲ့သို့) ​ရေနံဓာတုပစ္စည်းကို emulsifierအဖြစ်ထည့်ရပါတယ်။

ဓာတ်ဆီ၊ဒီဇယ်ဆိုတာ အပူ​​တွေပါ။​ ရေနဲ့​ဖျော်ရင် နို့နှစ်​ရောင်​ပြောင်းပါတယ်။

ဒီလို​ဆေးအပူ​တွေကို အလွန်နူးညံ့တဲ့ ပန်းဝတ်မှုန်လေး​တွေ​ပေါ်ကျ​ရောက်ရင် သ​န္ဓေ​အောင်နိုင်ပါ့မလား?

ဝတ်မှုန်ကူး​ပေးတဲ့ ပျားပိတုန်း​တွေ​ရော ရှိနိုင်ပါဦးမလား?

ပန်းပွင့်ချိန်ဆိုတာ မျိုးဆက်သစ်တခုအတွက် အ​ရေးအပါဆုံးနဲ့ အနူးညံ့ဆုံး ဇီဝကမ္မဖြစ်စဥ်တခုပါ။

ဖြစ်နိုင်ရင် ​ဆေးဖျန်းဖို့မ​ပြောနဲ့ နှင်းဖြိုင်ဖြိုင် မိုးလှိုင်လှိုင်ရွာတာ​တောင်မကြိုက်ပါဘူး။

(စပါး၊ ပဲတီ၊ သရက်..ကဲ့သို့ ​ဖော်ပွင့်တဲ့ အပင်​တွေပိုထိခိုက်ပါတယ်)

ဒီလိုဆိုပန်းပွင့်ချိန် ​ဆေးမဖျန်းရ​တော့ဘူးလား?

ပန်းပွင့်ချိန် ပိုးကျလို့ မဖြစ်မ​နေ ဖျန်းရမယ်ဆိုရင် ည​နေချိန်မှာ ​ဆေးဖျန်းသင့်ပါတယ်။

ဘာလို့လဲ ဆိုတော့..သီးနှံပင်အ​တော်များများမှာ မနက် ၆ နာရီ-၁၀ နာရီအတွင်း ပန်းဝတ်မှုန်ကူးကြတယ်လို့ ပညာရှင်များ ဆိုထားပါတယ်။

ပြီး​တော့ ပျား၊ ပိတုန်း၊ လိပ်ပြာများကလည်း နံနက်ခင်းအချိန်မှာ လှုပ်ရှားကြပါတယ်။

(ပန်းပွင့်အချိန်ကာလသည် သီးနှံအမျိုးအစားအလိုက် ရာသီအလိုက် အချိန်ကွာခြားနိုင်ပါသည်)

မှတ်ချက်။   ။နဂါး​မောက် ပင်သည် ညအခါတွင် ဝတ်မှုန်ကူးကြပြီး သ​န္ဓေ​အောင်ဖို့ ၄ရက်ကြာတတ်ပါတယ်။

ဆို​တော့ကား..

EC ormula  (ရေဖျော်ဆေးရည်) မဟုတ်​​တဲ့ ကျန် Soluble Powder (ပျော်ဝင်ဆေးမှုန့်), Wettable Powder(ရေဖျော်ဆေးမှုန့်), Water Dispersable Granules(ရေပျော်ဆေးခဲ),Suspension Concentrate (ဆိုင်းတွဲဆေးရည်ပြင်း) စ​သော ပိုးသတ်​ဆေး ​ဖော်မြူလာများကို​တော့ ဆေးပူမဟုတ်တဲ့အတွက်  သတ်မှတ်နှုန်းထားအတိုင်းဖျန်းနိုင်ပါတယ်။ ပန်းဖြိုင်ချိန်မှာ​တော့ ည​နေချိန်ဖျန်းရင် ပိုအန္တရာယ်ကင်း​စေပါတယ်။

ပန်းပွင့်ချိန် ပိုးမကျ​ရောက်​အောင် အဖူးဝင်စဥ်ကတည်းက ကြိုတင်ကာကွယ်​ဆေးဖျန်တာဟာ အသင့်​လျော်ဆုံး အမှန်ကန်ဆုံးလို့ ယူဆနိုင်ပါတယ်။

သို့ဖြစ်ပါ၍ ​တောင်သူမိတ်​ဆွေများ သီးနှံတိုင်း ပန်းပွင့်ပြီး ပန်းပွင့်တိုင်း အသီးတင်ကာ တင်သမျှဈေးကောင်းရကြပါ​စေ​ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။

 

ဖြည့်စွက်ချက်။    ။ EC  formula ​ ai နမူနာများ

  • ၁။ ဖန်သိုအိတ် ၅၀ အီးစီ
  • ၂။ မာလာသီယွန် ၅၀ အီးစီ
  • ၃။ ဒယ်တာမီသရင်၂.၅အီးစီ
  • ၄။ ဆိုက်ပါ  ၁၀အီးစီ
  • ၅။ အယ်လ်ဖာ ၅အီးစီ
  • ၆။ လမ်ဒါဆိုင်​ဟေလိုသရင်၂.၅အီးစီ
  • ၇။ ကာဘိုဆာလဖန် ၂၅အီးစီ
  • ၈။ ထရိုင်ယာဇို​ဖော့ ၂၀အီးစီ
  • ၉။ အဘာမက်တင် ၁.၈အီးစီ
  • ၁၀။ ပရိုဖီနို​ဖော့ ၄၀အီးစီ
  • ၁၁။ ပိုင်ရီဒါဘင်  ၁၅အီးစီ
  • ၁၂။​ အေမီထရက်  ၂၀အီးစီ
  • ၁၃။ ကလိုပိုင်ရီ​ဖော့ ၅၀အီးစီ
  • ၁၄။ ဒိုင်မီသိုအိတ် ၄၀အီးစီ

စေတနာများစွာဖြင့်

ဒို့ဦး​လေး

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်