ပြောင်းဖူးအရည်အသွေးကောင်းစေရန် အခြောက်ခံခြင်း

18/12/2020 18:00 PM တွင် ဒေါ်သက်သက်နွယ် ဒေါ်သက်သက်နွယ် မှ ရေးသား

အခြောက်ခံခြင်း

    ပြောင်းဖူးသည် အပင်ပေါ်တွင် အကောင်းဆုံးခြောက်သွေ့သည်။ အခွံ (ပြောင်ဖူးဖက်) ခြောက်လာပါက အဖူးများကို အပင်များပေါ်သို့ချန်ထားပြီး အခွံများကို ခွါချထားနိုင်ပါသည်။ မိုးနည်းသည့်ဒေသများတွင်ပို၍ သင့်တော်ပါသည်။ ပြောင်းဖူး လုံးဝခြောက်သွေ့ သွားသည်နှင့်တစ်ပြိုင်နက် ပြောင်းဖူးစေ့သည် ကောင်းစွာခြောက်လာပါသည်။ ထိုအချိန်တွင်ချိုးယူကာ အစေ့ချွေစက်ဖြင့် ချွေယူနိုင်ပါသည်။ အချို့မှာ အစေ့ချွေစက်မသုံးဘဲ လက်ဖြင့်လည်းချွေနိုင်ပါသည်။ 

     ရာသီဥတုအခြေအနေအရ မိုးသည်းထန်စွာရွာသွန်းခြင်း သို့မဟုတ် နှင်းခဲခြင်းများကြုံတွေ့ရမည်ဟုဆိုပါက အပင်ကိုနှုတ်ယူ၍ ခြောက်သွေ့သော အမိုးအကာတစ်ခု အောက်တွင် ကောင်းကောင်းခြောက်သွေ့သွားစေရန် အဖူးများကို လေဝင်လေထွက် ကောင်းသောနေရာတွင် ဇောက်ထိုးဆွဲထားနိုင်ပါသည်။ 

    တနည်းအားဖြင့် အပင်ပေါ်တွင် အခြောက်မခံလိုပါက ပြောင်းဖူးရင့်မှည့်ချိန်တွင် ပြောင်းဖူးကို ချိုးယူပြီး အခင်းထဲတွင် ပြောင်းဖူးဖက် ခွာယူနိုင်ပါသည်။ ထို့နောက် တလင်း(သို့) ပြန့်ပြူးသောနေရာတွင် မိုးကာစခင်း၍ အစေ့ချွေယူကာ နေလှမ်းကြရ ပါသည်။ အကယ်၍ ပြောင်းဖူးဖက်များစိုနေလျှင် အရင်ဆုံး ပြောင်းဖူးဖက်များကို ဖယ်ပါ ပြီးမှအစေ့ချွေပါ။ ပြောင်းဖူးဖက်များစိုနေပါက ပြောင်းစေ့ကိုထိခိုက်စေပြီး မှိုစွဲနိုင် ပါသည်။ ပြောင်းဖူးဖက်များ မစိုပါက လိုအပ်ချိန်မှသာခွာနိုင်ပါသည်။  ပြောင်းဖူးကို အစိုဓာတ်နည်းနည်းနှင့် သိုလှောင်နိုင်ရေးသည် အရေးကြီးဆုံးဖြစ်ပါသည်။ ရိတ်သိမ်းကာစ ပြောင်းဖူးမျိုးများတွင် အစိုဓါတ်ရာခိုင်နှုန်း ၂၅-၃၀ ရာခိုင်နှုန်းထိ ရှိတတ်ပါသည်။ အစိုဓါတ်ရာခိုင်နှုန်းတိုင်းကိရိယာမရှိပါက ပြောင်းဖူး (သို့) ပြောင်းစေ့များကို နေလှန်းစင် (သို့မဟုတ်) တလင်းပေါ်  နေပြင်းပြင်းတွင် ၂-၃ ရက်လှန်းပြီး သွားနှင့်ကိုက်ကြည့်ပါက ထောက်ကနဲမြည်သည့် ၁၃-၁၄ ရာခိုင်နှုန်းဝန်းကျင်ရှိသည်ဟု ယူဆနိုင်ပါသည်။ နေ‌ရောင်ကောင်းစွာမရပါက အခြောက်ခံစက်များကို အသုံးပြုနိုင်ပါသည်။  

စက်ဖြင့်အခြောက်ခံခြင်း 

     ပြောင်းအခြောက်ခံရာတွင် အသုံးပြုသည့် စက်ကိရိယာများတွင် အတန်းလိုက် အခြောက်ခံစက်များ၊ ပုံး/သေတ္တာဖြင့် အခြောက်ခံခြင်းများ၊ (သို့) ထိုနည်းလမ်း (၂)ခု ရော၍ အသုံးပြုနိုင်ပါသည်။ နည်းလမ်းတစ်ခုချင်းစီတွင် သီးနှံ၏ မူလအရည်အသွေး ထိခိုက်မှုမရှိစေရန် ကုန်ကျစရိတ်နည်းပါးရန်နှင့် ပြောင်းစေ့၏အရည်အ‌သွေးကို ထိန်းသိမ်းရန် မတူညီသော အပူပမာဏနှင့် လေဝင်လေထွက်ကို အသုံးပြုသည်။ သို့သော် မည်သည့်နည်းလမ်းကို အသုံးပြုစေကာမူ ပြောင်း၏အစိုဓာတ်သည် ၂၄ နာရီအတွင်း ၁၆ % သို့ရောက်ရှိစေရန် အခြောက်ခံသင့်သည်။ ထို့နောက် ၄၈ နာရီအတွင်း လေထုအပူချိန်တွင် အအေးခံရမည်။ အဘယ့်ကြောင့်ဆိုသော် ရိတ်သိမ်းပြီးနောက်တွင် အပူပေးခြင်းကြောင့် ဆုံးရှုံးမှုများနှင့် မှိုများပေါက်ဖွားရာပတ်ဝန်းကျင် ဖြစ်ပေါ်နိုင်ခြင်းနှင့် mycotoxin မှိုဆိပ်များ  ထုတ်လုပ်မှုကို ရှောင်ရှားနိုင်စေရန်ဖြစ်သည်။ အချိန်ကြာမြင့်စွာအပူပေးလျှင် ခြောက်သွေ့ခြင်းများပြီး  အရည်အသွေးဆုံးရှုံးမှုများနှင့် အလေးချိန်လျှော့ကျမှုများ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ပြောင်းစေ့အစိုဓာတ်ကို ဖယ်ရှားရန်ကြာချိန်ကို ပြောင်းစေ့၏အပူချိန်နှင့် အရည်အသွေးကို ထိခိုက်မှုမရှိစေရန်သတိထား၍ ဆောင်ရွက်ရမည်။

     ပြောင်းဝါမျိုး(အစေ့ထုတ်ပြောင်း) များကို အစိုဓာတ် ၁၅ (သို့) ၁၅.၅ % ဖြင့်ဈေးကွက်တွင် ရောင်းဝယ်ကြသည်။ ရောင်းဝယ်ဖောက်ကားခြင်းကို နွေရာသီတွင်ပြုလုပ်လျှင် ပြောင်းအားလုံးသည် ၁၃ % အစိုဓာတ်ရှိရမည်ဖြစ်သည်။  ပြောင်းများကို  ဈေးကွက်ထဲတွင်  ရောင်းတန်းဝင်စေရန် အခြောက်ခံပြီးနောက် မြန်နိုင်သမျှမြန်မြန်  ‌ရောင်းချသင့်သည်။  နွေဦးရာသီအကုန် မိုးဦးမကျမီ ရောင်းချသင့်သည်။ ပူနွေးစွတ်စိုသောရာသီတွင် မှိုနှင့် အင်းဆက်ပိုးမွှားများပေါက်ဖွား၍ သီးနှံအရည်အသွေး ထိခိုက်ပျက်စီးစေနိုင်သောကြောင့်ဖြစ်သည်။ ပြောင်းအခြောက်ခံစက်များသည် တစ်နေ့လျှင် တင်းပေါင်းတစ်ရာမှ တစ်ထောင်အထိ အခြောက်ခံနိုင်သည်။ ထုတ်လုပ်သူများသည် ရိတ်သိမ်းစက်များ၏ တစ်နေ့လျှင် စွမ်းဆောင်ရည်နှင့် မည်မျှအခြောက်ခံနိုင်မည်ကို ဆုံးဖြတ်၍ သင့်တော်သော အစိုဓာတ်ပမာဏတွင် ရိတ်သိမ်းသင့်သည်။ သေတ္တာ (သို့) ပုံးဖြင့်အခြောက်ခံခြင်းတွင် ပြည့်သိပ်၍ထည့်ခြင်းသည် ပန်ကာ/ဒလက်၏ စွမ်းဆောင်ရည်ကို လျော့ကျစေသည်။ လေဝင်လေထွက်ပမာဏ နည်းပါးသောကြောင့် ခြောက်သွေ့ရန် ရက်သတ္တပတ်တော်တော်များများ လိုအပ်သည်။ အထူးသဖြင့် ထိုနည်းလမ်းသည် ခြောက်သွေ့ရန် အလွန်နှေးသောကြောင့်  အစိုဓာတ် ၁၈ % ရှိသော  ပြောင်းများတွင် အသုံးမပြုသင့်ပါ။  သေတ္တာအတွင်းရှိ ပြောင်းများ၏ အပေါ်ဆုံးအလွှာသည် လေရောက်ရှိမှု နည်းပါးသောကြောင့် ခြောက်သွေ့ရန် ကြာသည်။  ထို့ကြောင့် ထိုအလွှာသည် မှိုပေါက်ဖွားရန် အဖြစ်များသောကြောင့် မကြာခဏ စစ်ဆေးရန်လိုအပ်သည်။ အကယ်၍ ပို၍မြန်မြန်ခြောက်သွေ့ရန် လိုအပ်ပါက လေဝင်လေထွက်များစေရန် ပြောင်းဖူးအရေအတွက်ကို လျှော့ချ၍ အပူပေးနိုင်သည်။ 

      သေတ္တာ/ပုံးဖြင့်အခြောက်ခံခြင်းနှင့် အတန်းလိုက်အခြောက်ခံခြင်းသည် အပူချိန်မြင့်မားသောကြောင့် အစိုဓာတ်မြင့်သောပြောင်းများကို အခြောက်ခံခြင်းအတွက် အကောင်းဆုံးဖြစ်သည်။ အစိုဓာတ်မြင့်မားသော ပြောင်းဖူးများကို သေတ္တာ/ပုံးအတွင်း အချိန်ရှည်ကြာစွာထားပါက ၂၄ နာရီအတွင်း မှိုပေါက်ဖွားနိုင်သောကြောင့် ကြာချိန်မှာတစ်နာရီခွဲမှ နှစ်နာရီအတွင်းသာ ထားသင့်သည်။ အပူဓာတ်များသော ပြောင်းများကို သေတ္တာ/ပုံး အတွင်းအအေးခံ၍ ခြောက်သွေ့ခြင်းသည် အခြောက်ခံနိုင်မှုစွမ်းရည်မြင့်မားစေခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း၊ kernel ဆုံးရှုံးမှုသက်သာစေခြင်းတို့ကြောင့် ထိုနည်းလမ်းကို အသုံးများသည်။ သို့သော် အခြောက်ခံပြီးနောက် ၄၈ နာရီအတွင်း  အအေးခံခြင်းမပြုလုပ်လျှင် ပြဿနာအနည်းငယ်ရှိနိုင်သည်။ သေတ္တာ/ပုံးအတွင်း အအေးခံပါက အပေါ်ဖုံးနှင့် အတွင်းနံရံများတွင် အစိုဓာတ် များစုပုံလာခြင်းကို ဖယ်ရှားနိုင်ရန် ပန်ကာကို အဆက်မပြတ်အသုံးပြုရန် လိုအပ်သည်။

ပြောင်းဖူးအရည်အသွေးကောင်းစေရန် အခြောက်ခံခြင်းဆောင်းပါးကို KMSS အဖွဲ့မှ ပူးပေါင်းပါဝင်ပံ့ပိုးထားပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်