ပထမဆုံးအကြိမ် ဥစားဘဲမွေးမြူနည်းသင်တန်းပို့ချမည်

15/07/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မကွေးတိုင်း၊ စလင်းမြို့၌ ပထမဆုံးအကြိမ် ဥစားဘဲမွေးမြူနည်းသင်တန်း ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း အဆိုပါသင်တန်းမှ သိရသည်။

ဥစားဘဲမွေးမြူနည်းသင်တန်းကို သြဂုတ်လ လကုန်ပိုင်းလောက် ဖွင့်ဖြစ်လောက်ပါမယ်။ အခုလောလောဆယ်မှာက စီစဉ်စရာလေးတွေ ရှိနေသေးလို့ပါ။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနဲ့ ဒေသခံ အထွေထွေအုပ်ချုပ်ရေးပိုင်းတွေရဲ့ ခွင့်ပြုချက်တွေ ခွင့်ပြုမိန့်တွေ ရရှိအောင်လည်း စီစဉ်ရဦးမှာမို့လို့ပါ။ Covid-19 ကာလဆိုတော့လည်း အရာရာက သိပ်မလွယ်ကူဘူးပေါ့။

ဟု မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စီးပွားဖြစ် ဘဲမွေးမြူရေးလုပ်ငန်းမှ ကိုအောင်ကိုဦး က ပြောသည်။

    ဘဲမွေးမြူရေးလုပ်ကိုင်နေသော်လည်း စနစ်တကျနားလည်တတ်ကျွမ်းမှု မရှိသူများ၊ ဘဲခြံများတွင် ကျွမ်းကျင်လုပ်သားအဖြစ် လုပ်ကိုင်လိုသူများ၊ စီးပွားဖြစ် ဘဲမွေးမြူလိုသူများ၊ ဘဲမွေးမြူရေးကို စိတ်ပါဝင်စားသူများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ 

မွေးမြူရေးလုပ်ငန်းတွေထဲကမှ ဥစားဘဲမွေးမြူရေးဆိုတာ အနုပညာအရမ်းဆန်ပါတယ်။ မိမိတတ်သိသလောက် ငွေရင်းနည်းနည်းနဲ့ လုပ်ကိုင်ရလွယ်ကူတဲ့ လုပ်ငန်းတစ်ခုပါ။ ဘဲမျိုး၊ ဘဲအသက်အရွယ်အလိုက် ရွေးချယ်ကျွေးမွေးရတယ်ဆိုတာကိုတောင် မသိသူတွေ အများကြီးရှိပါတယ်။ ဘယ်သူမှအားမကိုးပဲ ကိုယ့်အားကိုယ်ကိုး လုပ်နိုင်ကိုင်နိုင်အောင် ဘဲဆိုတာက စရိတ်နည်းနည်းနဲ့ ဘယ်လိုမွေးရတယ်ဆိုတာတွေကို စာတွေ့လက်တွေ့ ပို့ချပေးမှာပါ။

ဟု ကိုအောင်ကိုဦး က ဆက်လက်ပြောသည်။

    အဆိုပါသင်တန်းကို (၃)ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး၊ သြဂုတ်လကုန်ပိုင်း၌ စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်