စားလို့ရတဲ့ ထင်းရှူးသီးအစေ့

27/01/2022 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

"ထင်းရှူးစေ့က စားလို့ရလို့လား ဘယ်လိုစားရတာလဲ အဆိပ်မဖြစ်ဘူးလား" ဆိုပြီးတွေးမိကြမှာပါ။ 

စားလို့ရတဲ့ထင်းရှူးစေ့ရှိပါတယ်။ စားလို့ရတဲ့ ထင်းရှူးသီးကို Edible pine nut ခေါ်တယ်၊ ထင်းရှူးသီးတိုင်းက စားလို့ အဆင်မပြေပါဘူး။ သိသင့်တဲ့အချက်ကတော့ ထင်းရှူးပင်များအားလုံးက စားနိုင်သော အခွံမာသီးများကို ထုတ်ပေးပါတယ်။ ဒါပေမဲ့ အချို့မျိုးစိတ်တွေရဲ့အစေ့က အလွန်ကိုသေးငယ်တယ်၊ စီးပွားဖြစ်ထုတ်ယူဖို့ အဆင်မပြေဘူး၊ အစေ့အဆံကြီးတဲ့ မျိုးစုကနေထုတ်ယူမှသာ အဆင်ပြေမှာဖြစ်တယ်။

အစေ့အဆံထုတ်ယူဖို့ အဆင်ပြေတဲ့ ထင်းရှူသီးတွေကို ရှာဖွေကြည့်ရင် အဓိကမျိုး (varieties) လေးမျိုးသာရှိပါတယ်...

Mexican pinon (Pinus cembroides), the

Colorado pinion (P. edulis),

Italian stone pine (P. pinea), and

Chinese nut pine (P. koraiensis).

 

ဒီလေးမျိုးရဲ့ အစေ့အဆံတွေက ကြီးမားပြီး စျေးကွက်ဝင်တယ်လို့ ပြောနိုင်ပါတယ်။ FAO က တင်ပြထားတဲ့ အချက်ထဲမှာ ၂၉ မျိုးသော pine nut တွေကသာ စားလို့ရတဲ့ အစေ့တွေကို ထုတ်ပေးတယ်။ အမျိုး ၂၀ လောက်ရဲ့ အစေ့အဆံကို နိုင်ငံအတွင်းရော နိင်ငံပြင်ပမှာပါ ရောင်းဝယ်ဖောက်ကားကြတယ်။ အချို့သောအစေ့တွေက အရမ်းငယ်လွန်းပြီး ထုတ်ယူဖို့ ခက်ခဲလွန်းတယ်။ လူသားတွေစားသုံးရင်လည်း အဟာရတန်ဖိုးက နည်းလွန်းတယ်။

ထင်းရှူးသီးတွေကို နွေရာသီအစောပိုင်းမှာ ကောက်ယူကြရတယ်။ စားလို့ရသော ထင်းရှူးအခွံမာသီးပင် တွေက မူရင်းဒေသဖြစ်သည့် တရုတ်၊ ရုရှား၊ မြောက်ကိုးရီးယားနှင့် ပါကစ္စတန်နိုင်ငံများရှိ သစ်တောများမှာ ပေါက်ရောက်ကြတယ်။ အခွံမာသီးများကို ထုတ်ယူတဲ့အလုပ်က အလွန်လက်ဝင်ပြီး လုပ်သားအင်အားအများအပြားသုံးရလို့ အစေ့တန်ဖိုးကမြင့်မားရတယ်။ စျေးကတော့ အတော်ကြီးပါတယ်။

ထင်းရှူးအစေ့က ထောပတ်အရသာရှိတယ်။ ဟင်းလျာနဲ့  အစားအသောက်အတော်များများမှာထည့်သုံးတယ်။ အစိမ်းစားရင် အသာရှိတယ်။ သရေစာအနေနဲ့လည်း စားကြတယ်။ လူတိုင်းတော့ မဖြစ်ပါဘူး အခန့်မသင့်ရင် ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းတို့ကို ခံစားရတယ်လို့  အစီရင်ခံတင်ပြထားတယ်။

ထင်းရှူးအစေ့ကိုစားရင်...

ဗီတာမင် အေ ရမယ်

မျက်စေ့အားကောင်းစေပြီး အမြင်အာရုံတိုးစေတယ်

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတယ်

အရိုးတွေကို သန်မာစေတယ်

ကိုယ်အလေးချိန်ကျစေတယ်

အကောင်းဆုံးစွမ်းအင်ကိုပေးတယ်

Free radicals တွေကို တိုက်ထုတ်နိုင်တယ်

သံဓာတ်ပါဝင်ပြီး သူက အရင်းမြစ်ဖြစ်စေတယ်

ဒီတစ်ခါ တောင်ပေါ်ရောက်ရင် ရှိလေမလားလို့ ရှာကြည့်ဦးမှပါ...

ကိုသက်နိုင်ဦး

ဟုမ္မလင်း


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်