အကျိုးပြုသက်ရှိများ

08/07/2019 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လောကကြီးက မကောင်းလိုက်တာ။ မစိုက်တဲ့ အပင်တွေကျ ကောင်းလိုက်တာ ရှင်းမနိုင်ဘူး။ စိုက်တဲ့ အပင်ကျတော့ ပိုးကဖျက် ရောဂါတွေကျနေတာ ကူရာကယ်ရာမဲ့ပါလားလို့ တွေးမိသလား။

တကယ်တော့ လောကကြီးက တရားမျှတပါတယ်။ အကျိုးပြုတဲ့အကောင်လေးတွေလည်း ရှိပါတယ်။ ပျားကောင်လေးတွေဆို ကိုယ့်သီးနှံတွေကို အသီးတွေ အများကြီးတင်အောင်လို့ ဝတ်မှုန်တွေ ကူးပေးတယ်လေ။ အဲ့လိုအကျိုးပြုတဲ့ အကောင်လေးတွေလည်း အများကြီးတော့ရှိပါတယ်။ အဲ့တော့ ဆက်ပြီးတော့ လေ့လာကြည့်မယ်နော်။ 

အကျိုးပြုတဲ့အကောင်လား ဖျက်ပိုးလား

စိတ်ထဲကအတိုင်းပါပဲ။ ကိုယ်မလိုချင်တာဆို ဖျက်ပိုးတွေဖြစ်မှာပေါ။ ကိုယ့်အပင်တွေကိုဖျက်ဆီးနေတယ် ပျက်စီးစေတယ်ဆိုရင်တော့ ကိုယ်က ဘယ်လိုချင်ပါ့မလဲ။ အဲ့တော့ ကိုယ့်ကို မကူညီတဲ့သူတွေဆိုရင် ဖျက်ပိုးတွေပေါ့။ 

အင်းဆက်တွေ

ကိုယ့်ကိုအကျိုးပြုတဲ့ အင်းဆက်တွေဆိုရင်တော့ သားရဲကောင်တွေများပါတယ်။ အသားစားတဲ့အကောင်တွေပါမယ်။ ပြီးတော့ ဝတ်မှုန်ကူးပေးတဲ့အကောင်တွေပါမယ်။ ပိတုန်းကောင်တွေ၊ ပျားတွေပါမယ်။ စိတ်မကောင်းစရာတစ်ခုကတော့ သဘာဝကြီးမှာ တစ်ချို့မျိုးစိတ်တွေက အများကြီးမရှိပါဘူးတဲ့။ ဂေဟစနစ်ကို ပြန်ထိန်းထားတဲ့  သဘောပါ။

နီမတုတ် 

များသောအားဖြင့် တီကောင်လေးလို အကောင်လေးတွေဖြစ်ပြီး အဏုကြည့်မှန်ပြောင်းနဲ့ကြည့်မှ မြင်နိုင်မှာပါ။ သူတို့ထဲက အပင်ကိုဖျက်စီးတဲ့အကောင်ဆိုရင် မြေကြီးထဲမှာ နေထိုင်ကြပြီးတော့ အပင်အမြစ်တွေကို စားသောက် ထိုးဖောက်ဝင်ရောက်ပါတယ်။ ကောင်းတဲ့အကောင်တွေလည်းရှိပါတယ်။ သူတို့ကျတော့ ဖျက်ပိုးတွေရဲ့ အကောင်ပေါက်တွေကို ဖျက်ဆီးတာကြောင့် အော်ဂဲနစ်စိုက်ခင်းတွေမှာ ဇီဝနည်းအနေနဲ့ သုံးကြပါတယ်။ 

အဏုဇီဝသက်ရှိတွေ

ဒီကောင်လေးတွေက မြေကြီးထဲမှာနေကြတယ်။ များသောအားဖြင့်တော့ သူတို့က အာဟာရစက် ဝန်းထဲမှာ ပါဝင်ပြီးတော့ လုပ်ဆောင်ပေးပါတယ်။ အပင်အကြွင်းအကျန်တွေကို ဆွေးစေတယ်။ ပြီးတော့ မြေသားတည်ဆောက်တာကို ပြုပြင်ပြောင်းလဲပေးတယ်။ မြေဆွေးတွေပုံရင် အချဉ်ဖောက်ပြီး မြန်မြန်ဆွေးစေတာကလည်း အဲ့လိုအဏုဇီဝ သက်ရှိလေးတွေကြောင့်ပါပဲနော်။

နောက်တစ်ခုကတော့ တိရိစ္ဆာန်

အမြင်သာဆုံး ဥပမာဆိုရင် ငှက်တွေပါ။ ကိုယ်ကြဲထားတဲ့ စပါးစေ့လေးတွေ လာစားရင် သိပ်အမြင်မကြည်ချင်ဘူး။ အဲ့ ပိုးကောင်လေးတွေ လာရှာစားနေတယ်ဆိုရင်တော့ စားပေ့စေ ဆိုပြီး လွှတ်ထားတာမျိုး။ အဲ့လိုမှာလည်း မျက်နှာလိုက်ကြသေးတာ။

အပင်တွေ

အပင်တွေက ဘာလို့ပါတာလဲ။ ပါကိုပါရမယ်လေ။ တစ်ချို့အပင်တွေဆို ကိုယ့်ကို အကျိုးပြုကိုပြုတယ်။ လေကာပင်အဖြစ်စိုက်တာပျိုးတာလိုမျိုး၊ တမာပင်ဆို ပိုးသတ်ဆေးတွေ ဘာတွေ ထုတ်လို့ရတာမျိုးဆိုရင် ကိုယ့်အတွက်ကောင်းတာပေါ့။

ကဲ အဲ့တော့ စိုက်ပျိုးစီးပွားရေးလုပ်မယ်ဆိုရင် ကိုယ့်အတွက် အဖော်ကောင်းကို ရှာကိုရှာရမယ်ဆိုတော့ ကိုယ့်စီးပွားရေးမှာ အကျိုးပြုတဲ့ သက်ရှိတွေကို အမျိုးအစား (၃) မျိုးခွဲထားတယ်ဆိုတာကို သိရမယ်နော်။

ပထမ တစ်မျိုးကတော့ သားရဲကောင်တွေဖြစ်ပါတယ်။ သူတို့က ဖျက်ပိုးတွေကို စားပါတယ်။ 

ဒုတိယ တစ်မျိုးကတော့ ကပ်ပါးကောင်တွေဖြစ်ပါတယ်။ ဖျက်ပိုးကောင်တွေရဲ့ ခန္ဓာကိုယ်တွေမှာ ဥတွေမှာ ကပ်ပါးပြုပြီးတော့ ဖျက်စီးပါတယ်။ 

နောက်တစ်မျိုးကလည်း ကပ်ပါးကောင်ပါပဲ။ သူကျတော့ ကပ်ပါးပြုပြီး ကပ်တွယ်စားသောက်တာဖြစ်ပါတယ်။ အကောင်တွေကိုတော့ သေလောက်တဲ့အထိတော့မဟုတ်ပဲ ကပ်ပါးရပ်ပါးနဲ့ စားသောက်နေကြတာဖြစ်ပါတယ်။ 

နောက်တစ်ပိုင်းကျရင်တော့ စိုက်ခင်းထဲမှာတွေ့တဲ့ အကောင်လေးတွေအကြောင်း ပြောကြစို့ရဲ့။

ထွန်းဝင်းကျော်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်