သီးနှံတစ်ရာသီနှင့် တစ်ရာသီကြား မြေလှပ်ပေးရတဲ့အကြောင်းတရားများ

17/01/2022 13:30 PM တွင် မြတ်စုဝေ မြတ်စုဝေ မှ ရေးသား

သီးနှံတစ်ရာသီနှင့် တစ်ရာသီကြား မြေလှပ်ထားခြင်း ဘာကြောင့်လိုအပ်ပါသလဲ။ အကျိုးကျေးဇူးတွေက ဘာတွေလဲ။

အပိုင်း (၁)

ပထမဆုံး မြေလှပ်ထားခြင်းဆိုတာကို ရှင်းပြပါရစေ။

မြေလှပ်ထားခြင်းဆိုတာ လယ်ယာလုပ်ငန်းရဲ့ အလေ့အကျင့်ကောင်း (Farming practice) တစ်မျိုးဖြစ်ပြီး မြေနေရာတစ်ခုမှာ သီးနှံတစ်ရာသီပြီး နောက်ထပ်တစ်ရာသီ မစိုက်မီ မည်သည့်သီးနှံမျှမစိုက်ခြင်း၊ ထိုအချိန်ကာလအတွင်း ဘယ်အပင်မဆို ပေါက်နေပါစေ ဒီအတိုင်းထားခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။

ဒီလိုမြေလှပ်ထားခြင်းဟာ သီးလှည့်စိုက်ခြင်းနဲ့  ဆက်စပ်မှုရှိပါတယ်။ ပထမဆုံး မြေလှပ်ထားတဲ့ စိုက်နည်းစနစ်ကို မြေထဲပင်လယ်စိုက်ပျိုးရေးလုပ်ငန်းများမှ စတင်ခဲ့ခြင်းပင်ဖြစ်ပါတယ်။ သူတို့ကတော့ နောက်ပိုင်းစိုက်တဲ့ သီးနှံအထွက်နှုန်းပိုတိုးစေရန်၊ မြေရဲ့ ရေထိန်းနိုင်စွမ်းအားတိုးစေရန်၊ အာဟာရဓာတ်ပိုရစေရန်၊ မြေဆီလွှာတိုက်စားမှုလျော့ချရန်နဲ့  စွမ်းအင်ချွေတာရန်အတွက် နွေရာသီမှာ မြေလှပ်ထားကြခြင်းဖြစ်ပါတယ်။

မြေလှပ်ထားတဲ့ စနစ်တွေကတော့ နေရာပေါ်မူတည်ပြီးပြောင်းကြပါတယ်။

ဥပမာအနေနဲ့ 

သီးနှံ တစ်မျိုးတည်းကို ၂နှစ်စိုက်ပြီး မြေလှပ်ထားခြင်း 

မတူတဲ့ သီးနှံ နှစ်မျိုးကို ၃နှစ်စိုက်ပြီး မြေလှပ်ထားခြင်း

မတူတဲ့ သီးနှံ သုံးမျိုးကို ၄နှစ်စိုက်ပြီး မြေလှပ်ထားခြင်း စသဖြင့် ပြုလုပ်ကြပါတယ်။ 

ထို မြေလှပ်ထားတဲ့ကာလအတွင်း သီးနှံအကြွင်းအကျန်တွေကို မြေပေါ်ဖုံးထားခြင်းဖြင့် ပေါင်းမြက်များကို လျော့ချနိုင်သလို အဏုဇီဝ (microbe) တွေအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ မြေလှပ်တဲ့စနစ်ဟာ သီးနှံမစိုက်တဲ့ကာလအတွင်း ပေါင်းမြက်များကိုထိန်းချုပ်ရန် ထယ်ထိုးမှုအကြိမ်အရေအတွက်ပေါ်မူတည်ပြီး ပြောင်းလဲလေ့ရှိကြပါတယ်။ 

ဒါဆိုရင် မြေလှပ်ထားချိန်အတွင်း ထယ်ထိုးထွန်မွှေပြုလုပ်သင့်သလားဆိုရင်တော့

ပိုးမွှားရောဂါတွေ၊ မြေဆောင်ရောဂါ (Fusarium ,Rhizoctonia မှိုကြောင့်ဖြစ်တဲ့ ရောဂါများ သီးနှံတွင် ဖြစ်ပါက) တွေ များနေပါကတော့ အတွင်းထဲမှာရှိနေတဲ့ ရောဂါဖြစ်စေတဲ့သက်ရှိတွေကို နေနဲ့ထိတွေ့စေပြီး (Solarization) သတ်နိုင်တဲ့အတွက်ကြောင့် လုပ်သင့်ပါတယ်။ ဒါကလဲ ရာခိုင်နှုန်းပြည့်တော့ ကာကွယ်နိုင်မှာမဟုတ်ပါဘူး။ ထယ်မထိုးပဲ မြေကို အပြောင်ထားပြီးတော့လဲ မြေလှပ်ထားနိုင်ပါတယ်။ သီးလှည့်စိုက်ခြင်းနဲ့ သီးနှံအကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးခြင်းများ၊ မြေဖုံးပေးပြီး ပိုးသတ်ခြင်းများပါ ပြုလုပ်သင့်ပါတယ်။ သို့မှသာ သီးနှံတစ်ရာသီမှ တစ်ရာသီ ရောဂါများဆက်တိုက်ဖြစ်ခြင်းကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ 

တစ်ခြားအခြေအနေအရဆိုရင် မလုပ်သင့်ပါဘူး။ ထိုသို့ ထယ်ထိုးခြင်းဖြင့် မြေရဲ့ အော်ဂဲနစ်မြေဆွေးဓာတ်၊ မြေသားဖွဲ့စည်းတည်ဆောက်မှု၊ မြေအာဟာရဓာတ် ဆုံးရှုံးမှု၊ အဏုဇီဝသက်ရှိများ၏ လုပ်ဆောင်ချက်များနဲ့  မြေရဲ့ ရေထိန်းနိုင်စွမ်းအားများလျော့ကျခြင်းကိုဖြစ်စေတဲ့အပြင် မြေဆီလွှာတိုက်စားခြင်းများဖြစ်စေတာမို့ လုံးဝမလုပ်သင့်ပါဘူး။ 

ဒါဆိုရင် ဘယ်လိုမျိုး မြေလှပ်ထားမလဲဆိုရင်တော့..

နောက်သီးနှံမစိုက်တော့ဘူးဆိုရင် ပထမသီးနှံအပင်အကြွင်းအကျန်တွေကို စက်နဲ့ရမ်းပြီး မြေပေါ်မှာပဲ ဖုံးထားပါ။ ပေါင်းများပေါက်လာပါကလဲ ထိုနည်းအတိုင်းသာလုပ်ပြီး မြေကို အနားပေးပြီး မြေကိုပြုပြင်ပေးသင့်ပါတယ်။ 

ဒုတိယပိုင်းတွင် မြေလှပ်ခြင်းဖြင့် မြေရဲ့ ပြောင်းလဲမှုများကို ဆက်လက်ဖော်ပြပေးမှာဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်