ဆည်ရေလှောင်တမံများ၊ ကျေးရွာဖွံ့ဖြိုးရေးကန်များသို့ ငါးမျိုးစိုက်ထည့်ခြင်း

02/10/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနသည် ငါးထုတ်လုပ်မှုတိုးတက်စေရေး၊ ငါးရိက္ခာပေါများစေရေးနှင့်ဒေသတွင်း ငါးစားသုံးမှုဖူလုံစေရေးအတွက် ဆည်ရေလှောင်တမံများ၊ ကျေးရွာဖွံ့ဖြိုးရေးကန်များသို့ ငါးမျိုးစိုက်ထည့်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ တောင်တွင်းကြီးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနသည် စက်တင်ဘာလအတွင်း၌ တောင်တွင်းကြီးငါးလုပ်ငန်းစခန်းမှ သားဖောက်ထုတ်လုပ်သော ငါးမြစ်ချင်း ငါးသန်များ၊ ငါးခုံးမကြီးငါးသားပေါက်များကို အောက်ပါအတိုင်းအသီးသီး မျိုးစိုက် ထည့်ပေးခဲ့ပါသည်-

၁) (၁၈-၉-၂၀၁၉) - တောင်တွင်းကြီးကျေးရွာဖွံ့ဖြိုးရေးကန် (၂၉) လုံး
ငါးမြစ်ချင်းငါးသန် (၄၂၅၀၀) ကောင်ရေ
ငါးခုံးမကြီးငါးသားပေါက် (၁၀၀၀၀၀)
စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁၄၂၅၀၀)

၂) (၂၅-၉-၂၀၁၉) - မြို့သစ်/နတ်မောက် ကျေးရွာဖွံ့ဖြိုးရေးကန် (၃၈/၃၄) လုံး
ငါးမြစ်ချင်းငါးသားပေါက် (၃၈၀၀၀ နှင့် ၃၄၀၀၀)
စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၇၂၀၀၀)

၃) (၂၉-၉-၂၀၁၉) - နတ်မောက်ဆည်/ပင်းဆည်
ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၅၀၀၀၀/၅၀၀၀၀)
စုစုပေါင်းငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)

သတင်းရင်းမြစ်-တောင်တွင်းကြီးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန





Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်