မြန်မာ့ရေထွက်ကုန်များ တရားဝင်တင်ပို့ရန် တရုတ် GACC သို့ ငါးမျိူးစိတ် ၂၁ မျိုး ဦးစားပေးတင်ပြထား

25/07/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ ဇူလိုင် ၂၃ ရက်။ 

မြန်မာနိုင်ငံတွင် စီးပွားဖြစ်မွေးမြူ သော မွေးမြူ ရေးငါးနှင့် သ ဘာဝဖမ်းဆီးငါးများ တရားဝင် တင်ပို့နိုင်ရန် တရုတ် Gene ral Administ ration of Custom of the pepole's repub lic of China (GACC) အဖွဲ့သို့ ငါးမျိုးစိတ် ၂၁ မျိုးကို ပထမဦးစားပေးအဖြစ် တင်ပြထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန် အရည်အသွေးစစ်ဆေးရေးဌာနစုမှ သိရသည်။ 

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဇူလိုင်လ ၂၃ ရက်က ကျင်းပပြုလုပ်သည့် ၁၃ ကြိမ်မြောက် ငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ သိရသည်။ 

"ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လက်ရှိအနေအထားအရ စီးပွားဖြစ် မွေးမြူနေတဲ့ မွေးမြူရေးငါးနဲ့ သဘာဝငါးအပါအဝင် ၂၁ မျိုးကို GACC ကို ပို့ထားပြီးဖြစ်ပါတယ်။ အဲ့ဒီမှာလည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး trade လုပ်တဲ့အခါမှာ ဒီငါးမျိုးစိတ်တွေက စီးပွားဖြစ် မွေးမြူထုတ်လုပ်ပါတယ်ဆိုတာ ပထမဦးဆုံးအဆင့် ဦးစားပေးပြီးတော့ ဒီ ၂၁ မျိုးကို တင်ပို့တာပါ။ အဲ့ဒီမှာ ၁၅ မျိုးက တရုတ်နိုင်ငံကို လုံးဝကုန်သွယ်မှုပြုခြင်းမရှိတဲ့ ငါးမျိုးစိတ်ဖြစ်ပါတယ်။ ကျန်တဲ့ ၆ မျိုးလောက်ကတော့ တင်ပို့ပြီးသားဖြစ်ပါတယ်။ တရုတ်ကို သဘာဝကငါးတွေ ပို့တာများတယ်။ ဒါပေမယ့် ဒီစာရင်းအရ ပို့တဲ့အထဲမှာ မွေးမြူရေးငါးများတယ်။" ဟု ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန် အရည်အသွေးစစ်ဆေးရေးဌာနစုတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရန် ဦးစားပေးတင်ပြထားသည့် ငါးမျိုးစိတ် ၂၁ မျိုးမှာ ငါးပြေမ၊ ငါးသိုင်းခေါင်းပွ၊ ငါးရံ့၊ ငါးကြင်းဖြူ၊ ငါးခူ၊ ရွှေဝါငါးကြင်း၊ ငါးကျည်း၊ ငါးမြစ်ချင်း၊ ပုစွန်ဖြူ ၊ ရေချိုပုစွန်ထုပ်ကြီး၊ ငါးဖယ်၊ ငါးနုသန်း၊ တီလားပီးယား၊ မြစ်ငါးတန်၊ ဗီယက်နမ်ငါးတန် (Basa Catfish)၊ Striped Ca tfish (or) Sutchi Catfish၊ ရေငန်ပုစွန်ကြား၊ ငါးမြင်း၊ ငါးဂျောင်း၊ ဘီလား အစရှိသည်တို့ဖြစ်ပြီး ယင်းငါးမျိုးစိတ် ၂၁ မျိုးအနက် ငါးမြစ်ချင်း၊ ပုစွန်ဖြူ၊ မွေးမြူရေးငါးတန်၊ မြစ်ငါးတန်၊ ငါးဂျောင်းနှင့် ရေငန်ပုစွန်ကြားတို့ကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်သေးသော်လည်း ကျန်ငါးမျိုးစိတ်များကို တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။ 

လက်ရှိတွင် General Administration of Custom of the pepole's republic of China (GACC) အဖွဲ့သို့ ဆက်သွယ်မှုပြုလုပ်ခြင်းကို ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဇွန်လ ၂၇ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တရုတ်က တာဝန်ရှိတဲ့ တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့နဲ့ ဆက်သွယ်တဲ့အခါမှာ ကျွန်တော်တို့ဌာနကနေ နိုင်ငံခြားရေးဝန်ကြီးရုံး၊ နိုင်ငံခြားရေးဝန်ကြီးရုံးကနေ တရုတ်နိုင်ငံ ပေကျင်းမြို့မှာရှိတဲ့ မြန်မာသံရုံးကနေတဆင့် အဆင့်ဆင့်ချိတ်ဆက်သွားရတာဖြစ်လို့ အချိန်က နည်းနည်းကြန့်ကြာနေတဲ့အပိုင်းရှိတယ်။ အဲ့ဒီမှာ GACC က မေးထားတဲ့ အချက်တွေဖြည့်ဖို့ ငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ညှိနှိုင်းပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံကိုတင်ပို့နေတဲ့ ငါးမျိုးစိတ်ပေါင်းက အများကြီးရှိပါတယ်။ အခုမျိုးစိတ် ၂၁ မျိုးတော့တင်ပြီးသွားပြီ။ ကျန်တဲ့ငါးမျိုးတွေကို ဒီလကုန်မှာ အပြီးတင်ပြဖို့ လုပ်နေပါတယ်။" ဟု ဦးသက်နိုင်က ပြောသည်။ 

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လက်ရှိတင်ပို့နေသည့် ငါး၊ ပုစွန်မျိုးစိတ်ပေါင်း ၁၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် ငါးမျိူးစိတ်ပေါင်း ၆၃ မျိုး၊ ပုစွန်မျိုးစိတ်ပေါင်း ၈ မျိုးနှင့် အခြားရေထွက်ကုန်မျိုးစိတ်ပေါင်း ၆၈ မျိုးရှိကြောင်း သိရသည်။ 

တရုတ်နိုင်ငံသို့ မြန်မာ့ရေထွက်ကုန်များ တရားဝင်တင်ပို့ရန်အတွက် GACC အဖွဲ့မှ မေးမြန်းသည့် မေးခွန်ပြန်ဖြေကြားချက်ပေါင်း ၁၆ ချက်ရှိပြီး ယင်းမေးမြန်းချက်များတွင် တရုတ်သို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ထားသော ၅ နှစ်စာ ဒေတာအချက်အလက်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ 

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်