ရွှေပိတောက်ငါးဈေးကို နေ့စဥ်ရေချိုငါးပိဿာချိန် ၃ သိန်းလောက် ဝင်ရောက်နေလို့ ငါးဈေးများအေးနေ

31/12/2025 07:00 AM တွင် AMIA AMIA မှ ရေးသား

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးစျေးကို ရေချိုငါး ဝင်ရောက်မှုနှုန်း များလာပြီး လက်ရှိမှာ တစ်ရက်ကို ရေချိုငါးပိဿာချိန် ၃ သိန်းဝန်းကျင်အထိ ဝင်ရောက်မှု ရှိနေတယ်လို့ သိရပါတယ်။ ယခုကာလသည် ငါးမွေးမြူရေကန်တွေ ငါးဖော်တဲ့အချိန်ဖြစ်တဲ့အတွက် ရေချိုငါး ဝင်ရောက်မှုများလာတာ ဖြစ်ကြောင်း၊ ငါးဝင်ရောက် မှုများလာမှုကြောင့် စျေးကွက် အေးတဲ့ အခြေအနေရှိကြောင်း သိရပါတယ်။

ရေချိုငါး ဝင်ရောက်မှုက လာမယ့် ၂၀၂၆ ခုနှစ် ဧပြီလလောက်အထိ မြင့်တက်နိုင်မယ့် အခြေအနေ ရှိတယ်လို့ သိရပါတယ် ။

" မိုးရာသီထက်စာရင်တော့  ကုန်ပစ္စည်း ပုံမှန်ဝင်လာတဲ့အတွက် ဈေးနှုန်းက နည်းနည်း အေးသွားတယ်ဆိုပေမယ့်  အရောင်း အဝယ် ကောင်းပါတယ်။  ကုန်ဝင်များရင်သာ အကြွေးစနစ်နဲ့ တင်ပို့ပေးရတဲ့ အခက်အခဲတော့ရှိတယ်" လို့ ရွှေပိတောက် ငါးဈေးသာယာရေးအဖွဲ့မှ အတွင်းရေးမှူး ဦးမောင်နိုင်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်း ပိုင်းကစပြီး ရွှေပိတောက်ငါးစျေးကို  ရေချိုငါး ဝင်ရောက်မှု မြင့်လာတာ ဖြစ်ကြောင်း ၊ လက်ရှိမှာ ရေငန် ထွက်ကုန် အနေနဲ့လည်း တစ်ရက်ကို  ပိဿာ ချိန် ၁၅၀၀၀၀ လောက် ဝင်ရောက်မှု ရှိတယ်လို့ သိရပါတယ်။

ရွှေပိတောက်ငါးစျေးကမှတဆင့် ရန်ကုန်မြို့တွင်း ဖြန့်ချီရောင်းချခြင်း၊ ပုသိမ်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ မုံရွာ၊ မော်လမြိုင်နဲ့စတဲ့ မြို့နယ်အချို့ကို တင်ပို့ဖြန့်ချီ ရောင်းချပေး မှုရှိနေပြီး လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ ဒေသတွေကိုတော့ တင်ပို့ရောင်းချမှု နည်း တယ်လို့ သိရပါတယ်။

" ကျွန်တော်တို့က ရွှေပိတောက် ငါးစျေးကနေ ပင်လယ်စာတွေယူပြီး ပြန်ဖြန့်တာပါ။ ရန်ကုန်အပြင် နယ်ဘက်တွေပါ ရေခဲ ပုံးနဲ့ တင်ပို့ပါတယ်။ အရမ်းဝေးတဲ့ နေရာတွေတော့ ခုနောက်ပိုင်း မပို့နိုင်ဘူး " လို့ ပင်လယ်စာ အစုံရောင်းချနေသူ တစ်ဦးက ပြောပါတယ်။

ရွှေပိတောက် ငါးဈေးကိုတော့  မွေးမြူရေးငါး ဖြစ်တဲ့ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးမုန့်၊ တီလားဗီးယားငါး တွေ ဝင်ရောက်မှု ရှိနေပါတယ်။

နောက်ပြီး မြစ်၊ ချောင်းများမှ ဖမ်းဆီးရရှိတဲ့  ငါးကျည်း၊ ငါးခူ၊ ငါးပြေမ၊ ငါးရံ့၊ ငါးမြွေထိုး၊ ငါးသံချိတ် အပါအဝင် ရေချိုထွက်ကုန် ပစ္စည်း  အမယ် ၃၀ နဲ့ အတူ  ရေငန်ထွက်ကုန် ပစ္စည်း အမယ် ၁၅ မျိုး ဝင်ရောက်မှု ရှိနေတယ်လို့ သိရပါတယ် ။

ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်းတို့မှထွက်ရှိတဲ့  ငါးမြစ်ချင်းတွေကိုတော့  ရန်ကုန်မြို့ရှိ  ရွှေပိတောက် ငါးစျေး ၊ ကြည့်မြင်တိုင် ငါးစျေးအပြင် ပြည်ပတင်ပို့မှု အဖြစ်  ဘင်္ဂလားဒေ့ရှ်၊ ဒူဘိုင်း၊ ဆော်ဒီအာရေဗျ၊ ကာတာနိုင်ငံကို အဓိက တင်ပို့ ရောင်းချမှု ရှိနေတယ်လို့ သိရပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်