ငါးဖယ်ခြစ် တစ်ပိဿာကို ငါးသောင်းအထိ ဈေးတန်းရှိလာ

02/12/2025 18:35 PM တွင် AMIA AMIA မှ ရေးသား

ပြည်တွင်း ငါးစျေးကွက်မှာ ငါးကြင်း ၊ ငါးရံ့ ကစျေးကျသွားပြီး ငါးဖယ်ခြစ် နဲ့ ငါးသလောက် စျေးကွက်ကတော့ အမြင့်စျေးတန်းမှာပဲ ဆက်ရှိနေသေးတယ်လို့ ငါးစျေးကွက်ကနေ စုံစမ်းသိရှိရပါတယ်။ 

ငါးကြင်း ( အသားနဲ့ဗိုက်သား အရော)  တစ်ပိဿာ ကို ယခင်က ၂၈၀၀၀ ကျပ် စျေးနှုန်းရှိခဲ့ပြီး လက်ရှိမှာတော့ တစ်ပိဿာကို ၂၆၀၀၀ ကျပ်သာရှိတော့တာဖြစ်ပါတယ်။ ငါးရံ့ကလည်း ယခင်က တစ်ပိဿာကို ၂၀၀၀၀ မှ ၂၅၀၀၀ ကျပ်ရှိရာမှ လက်ရှိမှာတော့  တစ်ပိဿာကို ၁၅၀၀၀ မှ ၂၀၀၀၀ ကျပ်သာရှိတယ်လို့ သိရပါတယ်။

ငါးကြင်း အသားသီးသန့်ကတော့ တစ်ပိဿာကို ၃၀၀၀၀ ကျော်ရှိပြီး ငါးရံ့ကတော့ အကောင် အကြီးအသေးပေါ်မူတည်ပြီး စျေးနှုန်း ကွာခြားမှုရှိတယ်လို့ သိရပါတယ်။

" ငါးကြင်းကတော့ အရောအနှော ခုတ်သားစျေးကတစ်မျိုး၊ အသားသီးသန့်ဆို တစ်မျိုးပေါ့။ ငါးကြင်းက တော့ပုံမှန်ရောင်းအား ရှိပါတယ်။ ငါးရံ့ကတော့ စားသုံးသူ နည်းတယ်။ လယ်ငါးရံ့တွေက ပိုရောင်းရတယ် " လို့ ငါး၊ ပုဇွန် ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပွင့်လင်းရာသီ ရောက်လာတဲ့အတွက် ငါးရံ့အကောင်ကြီးဆိုဒ်တွေကို ငါးရံ့ခြောက်အဖြစ် ထုတ်လုပ်ရောင်းချမှုတွေ ရှိလာတယ် လို့ သိရပါတယ်။

ငါးကြင်း နဲ့ ငါးရံ့စျေးကျပေမယ့် ငါးသလောက်နဲ့ ငါးဖယ်ခြစ် ကတော့ စျေးမြင့်နေဆဲ ဖြစ်ပြီး လက်ရှိပျှမ်းမျှ  စျေးကွက် အခြေအနေ  ကတော့ စားသုံးမှုနည်းပြီး ရောင်းလိုအား ကျလာတယ် လို့ သိရပါတယ်။

" ငါးသလောက်က စျေးမြင့်တော့ စားသူ တော်တော်နည်းတယ်။ အရင်ကထက်ပိုနည်းသွားတယ်။ ငါးဖယ်ခြစ်အစစ်ကလည်း စျေးကတအားတက်လာတော့ သိပ်မစားကြလို့ မရောင်းရဘူး။ ကလေးလေးတွေနဲ့ သက်ကြီးသူတွေအတွက် စားဖို့လောက်သာ ဝယ်တာများတယ်" လို့ အသား၊ ငါးနဲ့ ကုန်စိမ်းရောင်းချသူ တစ်ဦးက ပြောပါတယ် ။

ငါးသလောက်စျေးနှုန်းက အကောင်ဆိုက် ၂၅ ကျပ်သား ၊ ၃၅ ကျပ်သား အရွယ်အစားရှိတဲ့ တစ်ပိဿာကို ၃၅၀၀၀ ကျပ်ရှိပြီး ငါးအကောင်အကြီးအသေးအပေါ်လိုက်ကာ တစ်ပိဿာကို ၅၀၀၀၀ ကျပ်အထိ ရှိတယ်လို့ သိရပါတယ်။

ငါးဖယ်ခြစ်အစစ်ကလည်း အရင်ကတစ်ပိဿာကို ၃၀၀၀၀ ကျပ်ကနေ တစ်ဖြည်းဖြည်းမြင့်တက်လာပြီး လက်ရှိမှာတော့ တစ်ပိဿာကို  ၅၀၀၀၀ ကျပ်အထိ စျေးတန်းရှိလာနေတယ်လို့ သိရပါတယ်။

စျေးတန်းမြင့်နေတဲ့အတွက် အခြေခံလူတန်းစား နဲ့ လူလတ်တန်းစား မိသားစုအများစုဟာ ငါးသလောက်နဲ့ ငါးဖယ်ခြစ်ကို စားသုံးမှုနည်းပါးလာတယ်လို့ သိရပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်