ဖေဖော်ဝါရီလအတွင်း ငါးသားပေါက်စျေးကွက် အရောင်းအဝယ်များ သိသိသာသာ ကျဆင်းနေကြောင်း ငါးသားပေါက် ရောင်းချသူများက ပြောသည်။
ဆောင်းတွင်း အအေးပိုင်းဆိုတော့ အရောင်းပါးတယ်။ ငါးတွေက ကျန်းမာရေးနဲ့ပတ်သက်လာရင် အထိအခိုက်မခံဘူးလေ။ အတိမ်းစောင်းမခံတာပေါ့။ လူတွေလိုဘဲပေါ့။ အအေးဒဏ်ကြောင့် နေထိုင်မကောင်းတာမျိုး၊ အသေအပျောက် များတာမျိုး ဖြစ်တတ်တယ်။ ဒါ့ကြောင့် သားပေါက် အဝယ်ပါးနေပါတယ်။ ဝယ်လိုအားထက် ရောင်းလိုအား များနေတာပေါ့။
ဟု ရန်ကုန်တိုင်း၊ ရွှေပေါက္ကံရှိ ငါးသားပေါက် စီးပွားဖြစ်ရောင်းချနေသူ ကိုနေမင်းက ပြောသည်။
၂၀၁၈ခုနှစ် နိုဝင်ဘာလမှစတင်ကာ ငါးသားပေါက်စျေးကွက် ကျဆင်းလာခြင်း ဖြစ်ပြီး ယခုနှစ်တွင်မူ ယခင်နှစ်များကထက် ရောဂါဘယ များပြားကြောင်း ကိုယ်တိုင်မွေးမြူနေသူများက ပြောသည်။
သားပေါက်နှုန်းက နည်းနေတာ မဟုတ်ဘူး။ အဓိကက ငါးစျေးမကောင်းတာနဲ့ ရောဂါဘယ များလာတာကြောင့်ပါ။ အခုတလော ငါးစျေးလေး နည်းနည်းပြန်တော့ ကောင်းလာပေမယ့်လည်း ဆောင်းတွင်းဆိုတော့ အရောင်းအဝယ်က နည်းပြန်တယ်။ ဒီနှစ်ကျတော့ ပုံမှန်ဆောင်းတွင်းထက်ကို ရောဂါဘယ များလာတာ။ ငါးပြေမလို ငါးမျိုးဆို အရောင်းအဝယ် လုံးဝကို ပိတ်ပစ်ရတဲ့အထိပဲ။ အရင်က မြေကန်ထဲထည့်လိုက်တာနဲ့ သူ့ဘာသူ ရှင်သန်နိုင်တယ်။ အခုကျတော့ အကောင်ရေ သိန်းရာချီတောင် သေတယ်။
ဟု ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ ငါးပုစွန်မွေးမြူရောင်းဝယ်ရေး လုပ်ငန်းမှ ကိုကျော်စွာက ပြောသည်။
လက်ရှိစျေးကွက်အတွင်း ငါးခူသားပေါက် တစ်လက်မခွဲ အရွယ်အစားကို (၂၀)ကျပ်၊ ၂လက်မ အရွယ်အစားကို (၃၀)ကျပ်၊ ၃လက်မ အရွယ်ကို (၄၀)ကျပ် စျေးနှုန်းဖြင့် လက်ကားရောင်းဝယ်နေကြောင်း သိရသည်။
နန်းထက်ထက်ချစ်(ABM)
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
Greenovator