မြူဆိုင်းခြင်းနှင့် တိမ်အနိမ့်များဖြစ်ပေါ်ခြင်းအားလေ့လာခြင်း

19/02/2025 14:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

မြူဆိုင်းတာရယ်၊ လေထုညစ်ညမ်းတာရယ် တိမ်အနိမ့်ဖြစ်တာရယ် ဒီ ၃ မျိုးကို လေလုံးမကွဲသေးတဲ့သူတွေများနေသေးတာကြောင့် ရှင်းပြပေးပါမယ်။

 

📝 "မြူဆိုင်းခြင်း" ဆိုသည်မှာ လေထုအတွင်းမှ ရေခိုးရေငွေ့များက သေးငယ်လွန်းလှသော ရေစက်လေးများအဖြစ်ပြောင်းလဲကာ မြူဆိုင်းခြင်း ဟု ခေါ်သော မိုးလေဝသအခြေအနေတစ်ခုဖြစ်လာသည်။ များသောအားဖြင့် နံနက်အစောပိုင်း ၄ နာရီ ခန့်မှ စတင်ဖြစ်ပေါ်ပြီး၊ မြူထုထူထပ်သည့်(Thick Fog)ဖြစ်ပေါ်သည့်အခါ နံနက် ၈ နာရီ ၉ နာရီခန့်အထိ ဆက်လက်ဖြစ်ပေါ်နေတတ်သည်။

မြူဆိုင်းသည့်အခြေအနေဖြစ်ပေါ်ရန်

📝 လေထုအပူချိန်ကျဆင်းပြီး အေးမြလာရန်လိုသည်။ လေထုအပူချိန်သည် ငွေ့ရည်ဖွဲ့အမှတ်(Dew-Point)သို့ ရောက်ရှိလာရန်လည်းလိုအပ်သည်။ လေထုအပူချိန် Dew Point အပူချိန်သို့ရောက်ရှိသည့်အခါ ရေခိုးရေငွေ့များအသွင်ကို ဆက်လက်၍ထိန်းသိမ်းထားနိုင်စွမ်းလျော့ကျပြီး ရေမှုန်လေးများအဖြစ်ပြောင်းလဲလာသည်။ ဤအခြေအနေတွင် လေထုစိုထိုင်းဆ(Humidity)သည်လည်း မြင့်မားလာသည်။

📝 ညဘက်အပူချိန်ကျဆင်းကာ အေးမြသည့် အပူချိန်ဖြစ်ပေါ်ပြီးနောက် နံနက်အစောပိုင်းနေရောင်ခြည်ကြောင့် အနည်းငယ်ပူနွေးလာသည့်အခါ လေထုစိုထိုင်းဆ humidity မြင့်တက်ပြီး ရေခိုးရေငွေ့များကို ပိုမိုထိန်းသိမ်းထားနိုင်သော်လည်း အေးမြသည့် မြေပြင်နှင့်လေထုလွှာတို့ကြောင့် ရေမှုန်များအဖြစ်ပြောင်းလဲသွားပြီး မြူဆိုင်းခြင်းဖြစ်ပေါ်သည်။

📝 မြူဆိုင်းသည့်အခါ လေထုအတွင်းရေမှုန်များပါဝင်နေသဖြင့် အဝေးမြင်စွမ်း(Visibility)လည်းကျဆင်းလာသည်။

မြူဆိုင်းခြင်း(Fog Weather)ကို အင်္ဂလိပ်ဘာသာတွင် ဤသို့ ဝေါဟာရခွဲခြားသတ်မှတ်ထားပြီးမြန်မာလိုအနီးစပ်ဆုံးဘာသာပြန်ထားပါသည်။

🌨 Radiation Fog: ညအချိန်တွင်တွေ့မြင်ရပြီး မြေပြင်အပူချိန်ကျဆင်းသည့်အခါ မြေပြင်နှင့်နီးကပ်သည့်လေထုအတွင်းမှ ရေခိုးရေငွေ့များ ရေမှုန်လေးများအဖြစ်ပြောင်းလဲကာ မြူဆိုင်းခြင်းဖြစ်ပေါ်သည်။

🌨 Advection Fog: ရေခိုးရေငွေ့ကြွယ်ဝသည့် လေထုသည် အဆောက်အဦ၊ သစ်ပင်၊ ကန်ရေပြင် စသည့် အေးမြသည့်မျက်နှာပြင်တခုအပေါ်ဖြတ်သန်းသည့်အခါ ရေမှုန်လေးများအဖြစ်ပြောင်းလဲပြီး မြူဆိုင်းလာခြင်းဖြစ်သည်။ 

🌨 Upslope Fog: ရေခိုးရေငွေ့ကြွယ်ဝသည့်လေထုသည် ကုန်းစောင်း/ကုန်းမြင့်တခုသို့ တိုးဝင်တိုက်ခတ်သည့်အခါ လေထုအမြင့်သို့ရွေ့လျားလေ အေးလေဖြစ်လာပြီး ပါဝင်သည့် ရေခိုးရေငွေ့များ ရေမှုန်များအဖြစ်ပြောင်းလဲကာ မြူဆိုင်းခြင်းဖြစ်လာသည်။

🌨 Evaporation Fog: ပူနွေးသောရေပြင်ပေါ်သို့ အေးမြသည့်လေထုဖြတ်သန်းတိုက်ခတ်သည့်အခါ ရေပြင်မှ ရေခိုးရေငွေ့ အငွေ့ပျံပြီးနောက် ငွေ့ရည်ဖွဲ့အမှတ်(Dew-point) နှင့်တိုက်ဆိုင်သည့်အခါ ကန်ရေပြင်ပေါ်ကပ်၍ မြူဆိုင်းခြင်းဖြစ်ပေါ်သည်။

🌨 Topography Fog: တောင်ကြားဒေသများသည် လေထုအအေးလွှာကို ထိန်းသိမ်းထားနိုင်ပြီး မြူဆိုင်းသည့်အခြေအနေကို မြင့်မားလာစေသည်။ နံနက်အစောပိုင်းနှင့် ညနေပိုင်းအေးလာသည့်အခါ တောင်ကြား/ချိုင့်ဝှမ်းဒေသများပေါ်တွင် မြူဆိုင်းခြင်းဖြစ်ပေါ်သည်။

📝 တိမ်အနိမ့်(Low Clouds)များဖြစ်ပေါ်ခြင်းနှင့် မြူဆိုင်းခြင်းဘယ်လို ကွာခြားသလဲ?

တောင်ပေါ်ဒေသများတွင် နေထိုင်သူတို့ ဆောင်းရာသီနှင့်နွေဦးကာလအတွင်း တောင်ပေါ်သို့တက်သွားပြီးနောက် ပင်လယ်သဖွယ်ဖြစ်ပေါ်လျက်ရှိသည့် တိမ်ထုအလွှာကြီးကို မိမိရောက်ရှိနေသည့် အမြင့်ပေအောက်တွင် တွေရတတ်သည်။ ဤသည်ကို မြန်မာတို့က "တိမ်ပင်လယ်"ဟု တင်စားခေါ်ဝေါ်ကြ၏။

📝 တိမ်အနိမ့်-low clouds သည် များသောအားဖြင့် အမြင့် မီတာ ၂၀၀၀(ပေ ၆၅၀၀)အောက်၊ မြေပြင်နှင့်အလွန်နီးကပ်သည်အထိ ဖြစ်ပေါ်လေ့ရှိသည်။ ဤအမြင့်ပေတွင် ဖြစ်ပေါ်တတ်သည့် တိမ်အမျိုးအစားများကို Stratus, Straocumulus နှင့် Nimbostratus တိမ်များဟုခေါ်ကြသည်။ တိမ်အနိမ့်ဖြစ်ပေါ်သည့်အခါ မြေပြင်နှင့်အလွန်နီးကပ်သောအခါတွင် မြူဆိုင်းခြင်း(Fog)နှင့်ရောထွေးသွားတတ်လေသည်။

တိမ်အနိမ့်ဖြစ်ပေါ်ခြင်းနှင့် မြူဆိုင်းခြင်းတို့အား အောက်ပါအတိုင်းနှိုင်းယှဉ်ကြည့်နိုင်သည်။

📝 တိမ်အနိမ့်ဖြစ်ပေါ်ခြင်းသည် အမြင့်ပေ ၆၅၀၀ မှ မြေပြင်အထိဖြစ်ပေါ်နိုင်ပြီး မြူဆိုင်းခြင်းသည့် မြေပြင်အနီးကပ်၍ဖြစ်ပေါ်သည်။

📝 တိမ်အနိမ့်များသည် မြင်စွမ်းကျဆင်းခြင်း ပြောင်းလဲမှုရှိသော်လည်းများသောအားဖြင့် ကောင်းသည်၊ "မြူဆိုင်းခြင်း"တွင် အဝေးမြင်စွမ်း ၁ ကီလိုမီတာထက်လျော့နည်းပြီး အများအားဖြင့် အဝေးမြင်စွမ်းမကောင်းပေ။

📝 တိမ်အနိမ့်များကို Stratus, Stratocumulus တိမ်များအဖြစ်သတ်မှတ်ခေါ်ဝေါ်သော်လည်း၊ မြူဆိုင်းခြင်း ကို Radiation, Advection(Advection is the process by which an air mass moves horizontally, carrying heat, moisture, or other properties with it.)ဟု အဓိပ္ပာယ်ဖွင့်ထားသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်