လယ်ယာလုပ်ငန်းခွင်ဟာ အကျိုးရှိပြီး တာဝန်ရှိတဲ့လုပ်ငန်းခွင်ဖြစ်တဲ့အလျောက် အလုပ်သမားများရဲ့ ဘေးကင်းလုံခြုံရေးဟာလည်း အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ The Vision Zero Fund (VZF) စီမံကိန်းမှာ ခိုင်မာတဲ့ဈေးကွက်ရရှိစေရေး၊ အလုပ်သမားဘေးကင်းလုံခြုံရေး၊ အစားအစာဘေးကင်းလုံခြုံစေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေရေးအတွက် ရှမ်းပြည်တောင်ပိုင်းရှိ ချင်းစိုက်တောင်သူများအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
ရှမ်းပြည်တောင်ပိုင်းရှိ တောင်းသူများသာမက တောင်သူအားလုံးသိရှိလိုက်နာကာ လုပ်ငန်းခွင်အန္တရာယ် ဘေးကင်းလုံခြုံကြစေရေးအတွက် အစိမ်းရောင်လမ်းမှ ILO Myanmar နှင့်ပူးပေါင်းပြီး ယခုအစီအစဉ်ကို ဖော်ပြပေးလိုက်ရပါတယ်။