ခရမ်းချဉ်ရဲ့ အထွက်နှုန်း ၄၀ ရာခိုင်နှုန်းထိ ထိခိုက်စေနိုင်တဲ့ သီးလုံးဖောက်ပိုး

23/08/2021 12:45 PM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား

    ခရမ်းချဉ်မှာဆိုရင် သီးလုံးဖောက်ပိုးက အထွက်နှုန်း ၄၀ ရာခိုင်နှုန်းထိ ထိခိုက်နိုင်တဲ့ ဖျက်ပိုးဖြစ်ပါတယ်။ လက်ချောင်းဝက်လောက်ရှိသော သားလောင်းအဆင့်တွင် အစိမ်းရောင်မှ အညိုရောင်ပြောင်းပြီး ကျောပေါ်တွင် အနက်ရောင်မျဉ်းကြောင်းပါရှိပါတယ်။ အရွယ်ရောက်အမကောင်များက အဝါရောင်ဖြစ်ပြီး တောင်ပံတွင် အညှိုရောင်အစက်အပြောက်များတွေ့ရပါလိမ့်မယ်။

ဖျက်ဆီးပုံလက္ခဏာ

    သားလောင်းများသည် အရွက်များကို စားသောက်ဖျက်စီးရုံသာမက နောက်ပိုင်းတွင် အသီးများကို အပေါက်များလုပ်ပြီး ဝင်ရောက်စားသောက်တတ်ပါတယ်။ အသီးတွင်းစားသောက်နေစဉ် ခန္ဓာကိုယ်တစ်ဝက်သည် အပြင်တွင်ကျန်ရှိနေတတ်ပါတယ်။ အသီးတွင်းဝင်ရောက်စားသောက်ဖျက်ဆီးမှုကြောင့် အသီးများပုပ်သွားစေပြီးအထွက်နှုန်းကို ကျစေတာပါ။

    တစ်နှစ်ပတ်လုံး သီးနှံပင်ကိုတိုက်ခိုက်နိုင်သော ဖျက်ပိုးပဲဖြစ်ပါတယ်။ အမများသည် အရွက်၏အပေါ်မျက်နှာပြင်နှင့် အပွင့်များတွင် အဖြူရောင်ဥများ ဥချပါတယ်။ ရက်၂၀ ဝန်းကျင်တွင် သားလောင်းတစ်ကောင်သည် ခရမ်းချဉ်သီး ၂ လုံးမှ ၈ လုံးထိ တိုက်ခိုက်နိုင်သည်ဟု လေ့လာရပါတယ်။ ဖျက်ပိုးများက အစိမ်းရောင်အသီးများကို ကြိုက်နှစ်သက်ပြီး အသီးစဖြစ်စဉ်ကတည်းက တိုက်ခိုက်နိုင်ပါတယ်။

ကာကွယ်ကုသနည်းလမ်းများ

  • ရိတ်သိမ်းပြီးသည်နှင့် ထယ်နက်နက်ဝင်ပေး၍ မြေလှပ်ထားပေးပါ။ ရုပ်ဖုံးများကို နေနဲ့ထိတွေ့ပြီး သေသွားစေရန်နှင့် ငှက်များစားသောက်နိုင်ရန်ဖြစ်ပါတယ်။
  • ထပ်တရာပန်း (marigold) များကို တန်းကြားတွေမှာစိုက်ပေးပါ။ (ခရမ်းချဉ် ၁၆ တန်းမှာ ထပ်တရာ ၁ တန်း)
  • အသီးမသီးခင် အလင်းရောင်ထောင်ချောက်များ ထားပေးပါ။
  • မိတ်ဆွေပိုးများထားပါ။ ပင့်ကူ၊ ပုစဉ်း၊ ကပ်ပါးယင်များနှင့် ပုရွက်ဆိတ်များသည် သီးလုံးဖောက်ပိုး၏ သဘာဝရန်သူများဖြစ်တဲ့အတွက် ထိုအကောင်များ အခင်းမှာရှိနေလျှင် မနှိမ်နင်းပါနဲ့။
  • တိုက်ခိုက်ခံထားရတဲ့အသီးတွေကို ဖယ်ရှားဖျက််ဆီးပစ်ပါ။
  • အသီးရဲ့ ၁၀ ရာခိုင်နှုန်း တိုက်ခိုက်ခံရပြီဆိုမှသာလျှင် ထိသေစားသေအာနိသင်ရှိသည့် ပိုးသတ်ဆေးတစ်ခုခုကို အသုံးပြုနိုင်ပါတယ်။ ဓာတုဆေးသုံးရာမှာ ၁၀-၁၅ ရက်ခြား ၂-၃ ကြိမ် အသုံးပြုပေးနိုင်ပါတယ်။

    ဓာတုဆေးအသုံးပြုလျှင် လုံခြုံပြီး အန္တရယ်ဖြစ်မှုအနည်းဆုံးဖြစ်သည့် ဝတ်စုံကိုအသုံးပြုရန်နှင့် ဆေးဗူးပါအညွှန်းအတိုင်း သေချာစွာအသုံးပြုပြီး ဆေးသုံးချိန်မှန်ကန်စွာအသုံးပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Source - https://www.plantwise.org/knowledgebank/factsheetforfarmers/20157800176


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်