မှိုကြောင့်ဖြစ်သော သီးနှံရောဂါများကို ကာကွယ်တားဆီးနည်း

07/11/2025 10:00 AM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ရောဂါဖြစ်စေနိုင်သော မှိုများသည် သီးနှံစိုက်ပျိုးရေးတွင် အဖြစ်အများဆုံး ပြဿနာတစ်ရပ် ဖြစ်သည်။ သုတေသနများအရ အပင်ရောဂါအမျိုးအစားများသည် နှစ်စဉ် စားနပ်ရိက္ခာ သီးနှံအားလုံး၏ သုံးပုံတစ်ပုံခန့်ကို ပျက်စီးစေသည်။ ဘက်တီးရီးယားကြောင့်ဖြစ်သော သီးနှံရောဂါများကဲ့သို့ပင် မှိုကူးစက်ရောဂါများသည် အပင်များကို အဓိကအားဖြင့် ဒဏ်ရာများ၊ အပင်လေရှုပေါက်များနှင့် ရေထွက်ပေါက်များမှ တစ်ဆင့် ဝင်ရောက်ကူးစက်တတ်သည်။ ထို့အပြင် လေပြင်းများက သယ်ဆောင်ပြီး ကူးစက်ပြန့်ပွားတတ်သည်။

မှိုကြောင့်ဖြစ်သော သီးနှံရောဂါများ၏ လက္ခဏာများ

မကြာခဏဆိုသလို မှိုကူးစက်မှုကို ယေဘုယျအားဖြင့် တစ်ရှူးသေခြင်း (necrosis) များအနေဖြင့် တွေ့ရများပါသည်။ ထို့အပြင် မှိုရောဂါများသည် အပင်သာမန်ကြီးထွားမှုကို ဟန့်တားနိုင်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော ကြီးထွားမှုကို ဖြစ်စေနိုင်သည်။ အခြားသော သီးနှံရောဂါလက္ခဏာ များတွင် အောက်ပါတို့ ပါဝင်သည်။

  • အရွက်ပေါ်တွင် အစက်အပြောက်များ ထွက်ခြင်း
  • အရွက်များပျက်ဆီးဆုံးရှုံးခြင်း (exfoliation)
  • အပင်ပုပ်ခြင်း (rot)
  • မှိုစွဲပြီး အပင်ရည်ပုပ်သော ရောဂါ (anthracnose)
  • ပင်နာပေါက်ခြင်း (ulcers)
  • အရွက်များ ကွေးညွှတ်ခြင်းနှင့် အကျိတ်ထွက်ခြင်း (warts)

မှိုရောဂါ ကာကွယ်ကုသခြင်း

မှိုကြောင့်ဖြစ်သော သီးနှံပင်ရောဂါများကို ထိန်းချုပ်ရန် ကာကွယ်ရေးနည်းလမ်းများကို ပေါင်းစပ်အသုံးပြုရန် လိုအပ်သည်။ အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် အန္တရာယ်ရှိသော မှိုများပါဝင်သည့် အပင်အကြွင်းအကျန်များကို ဖျက်ဆီးခြင်း၊ ကျန်းမာသန်စွမ်းသော မျိုးစေ့များ အသုံးပြုခြင်း၊ ပုံမှန် သီးလှည့်စိုက်ပျိုးခြင်း၊ ဓာတု/သဘာဝဆေးဝါးများနှင့် ဇီဝမှိုသတ်ဆေးများ (bio-fungicides) အသုံးပြုခြင်း တို့ ပါဝင်ပါသည်။

 

 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်