ဝါဆို၊ ဝါခေါင်က သပြေသီး

28/06/2021 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

" ဝါဆိုဝါခေါင် ရေတွေကြီးလို့ 

သပြေသီးမှည့်ကောက်စို့ကွယ် .

ခရာဆူးခြုံ ဟို အထဲက

မျှောနက်မည်းကြီး တွယ်တတ်တယ်၊

မျော့နက်ဆိုတာ.. ချိုနဲ့လားကွဲ့..

မြွေနဂါးတောင်ကြောက်ဖူးကွယ်. 

ဒို့လည်းကြောက်ပေါင် ..အတူသွားစို့ . 

အုန်းလက်နွားကလေး ထားခဲ့မယ် 

သွားကွယ် သွားကွယ် "

…မင်းသုဝဏ် …

စျေးထဲမှာ သပြေသီးမှည့်တွေမြင်ရတော့ ဒီကဗျာလေးဆိုရင်း ကျောင်းတက်ခဲ့ရတာကို ပြန်သတိရတယ်။ သပြေသီးအစားကောင်းလို့ ကျောင်း၀တ်စုံ ဖြူဖြူပေါ်မှာ အသီးက အရောင်တွေ စွန်းပြီး  ဆူခံထိခဲ့ဖူးတယ်။ သပြေသီးအရောင်က ချွတ်ရတာမလွယ်လှဖူး။ စားရတာ ချိုပေမည့် ဖန်သော အရသာ အနဲငယ်ရှိတယ်။

သပြေပင်ကြီးတွေက အမြဲစိမ်းသော အပင်ကြီးတွေပါ။ ကြီးထွားမှုနှေးကွေးသော အပင်ကြီးမျိုးဖြစ်ပြီး မီတာ ၃၀ လောက် အထိမြင့်တယ်။ သက်တမ်းက တခါတလေ အနှစ် ၁၀၀ ကျော် အထိရှိတယ်။ ဒီအပင်ရဲ့ မျိုးရင်းကတော့ မာလကာ ယူကလစ် အပင်တွေပါသော Myrtaceae Family ထဲက ဖြစ်တယ်။ 

ဒီအပင်တွေက ရေကြီးတဲ့ဒဏ် ခံနိုင်တယ်။ ဒါ့ကြောင့်လည်း ရေစပ်စပ်မှာ ပေါက်တယ်။ အရွက်တွေက ပြောင်လက်နေတယ် ခြေပြီးနမ်းကြည့်ရင် တာပင်တိုင်လို ရနံ့သင်းသင်းရမယ်။ ရွက်နုဘ၀မှာ ပန်းရောင်ဖြစ်သော်လည်း ရင့်လာရင် အစိမ်းရောင်ပြောင်းကာ သားရေကဲ့သို့ မာကြောလာတယ်။ 

မတ်လနဲ့ ဧပရာယ်လတွေမှာပန်းပွင့်ကြပါတယ်။ ရနံ့သင်းပျံ့လှပြီး ပန်းလေးတွေက ငယ်တယ်။ ဝတ်ဆံဖိုတွေများစွာပါပြီး ထင်ရှားတယ်။ မေ (သို့) ဇွန်လထဲမှာ အသီးသီးကြတယ်။ ကြီးမားသော ဘယ်ရီအသီးကြီးတွေပါ။ အသီးပုံစံက ရှည်မြှောမြှော oblongoid, ovid ဘဲဥပုံစံရှိကြတယ်။ အရောင်ကလည်း အနု အရင့်လိုက်ပြီးပြောင်းတတ်ကြတယ်။ အစိမ်းရောင်၊ ပန်းရောင်၊ ကတ္တီပါနီရောင် နောက်ဆုံးရင့်မှည့်ရင် အနက်ရောက်ကိုပြောင်းသွားတယ်။ အနည်းငယ်ချဉ်သောအရသာလည်းရှိပြီး စားသုံးတဲ့သူရဲ့ လျှာပေါ်တွမှာ ပန်းရောင်တွေစွဲနေတတ်တယ်။

ဆေးဖက်ဝင်တဲ့အသီး

အစေ့က အာယုဗေဒ ဆေးပညာမှာ ဆေးဖက်၀င်တယ်။ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်တယ်။ တရုတ်ဆေးပညာမှာတော့ အစာခြေလမ်းကြောင်းဆိုင်ရာ ကိစ္စရပ်တွေမှာ သုံးတယ်။ Wine and vinegar ကို ဒီ အသီးကနေ ထုတ်ယူနိုင်တယ်။ vitamin A and vitamin C များစွာပါသောကြောင့် ချဉ်သော အရသာ ရှိတယ်။ 1889 ကထုတ်သော  'The Useful Native Plants of Australia’ စာအုပ်ထဲမှာ ဒီအပင်ကို "Durobbi" သတ်မှတ်ထားပြီး  Australians ရဲ့ ဒေသပေါက်ပင်အဖြစ်သတ်မှတ်ခဲ့တယ်။ ဒေသခံ India အိန္ဒိယ လူမျိုးတွေ အလွန်စားသော အသီးဖြစ်ခဲ့တယ်။ အလွန်ချိုသော အရသာ sweetish flavour, ချုပ်ခြင်း astringent နှင့် အချဉ်ဓါတ် acid ပါလို့ဖြစ်တယ်။ ငှက်တွေ အရမ်းကြိုက်သော အသီးဖြစ်တယ်။  

သုတေသနပြုမှုအရ သပြေသီးအစေ့ powder ဟာ ဆီးချိုရောဂါ type 2.ကိုသိသိသာသာ သက်သာစေတယ်လို့ဆိုထားပါတယ်၊ 

ကျနော်တို့လည်း တခါတလေ ကလေးဆန်ဆန် သပြေသီးမှည့် စားရအောင်လား

Kothet Naing Oo

Homalin

Ref: Wikipedia Website

      https://www.theorangepetals.com/10-health-benefits-of-jaamun-use-of-jamun-plum-or-naaval-pazham/

      https://biofoundations.org/syzygium-cumini-a-tree-from.../

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်