ချောင်းဆုံမြို့နယ်တွင် တန်ဖိုးမြင့် ကသမျှင်ငါးအမတစ်ကောင် ဖမ်းဆီးရမိ

21/11/2018 10:25 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မွန်ပြည်နယ်၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါး/ပုစွန် ထုတ်လုပ်မှုနှုန်း မြင့်မားစေရေးအတွက် ဒေသအတွင်း အတန်းလိုက် တင်ဒါပိုက်ချက်များ ချထားပေးလျက်ရှိရာ  ၂၀၁၈-၂၀၁၉ ခုနှစ်၊ လုပ်ငန်းရာသီတွင် ချောင်းဆုံမြို့နယ်အတွင်း ငါးဖမ်းဆီးသူ လုပ်ငန်းရှင်များသို့  တင်ဒါပိုက်ချက် (၂၅) ချက်အား လုပ်ကိုင်ခွင့်ပြုခဲ့သည်။

 á€Ąá€†á€­á€Żá€•ဍ တင်ဒါပိုက်ချက်များမှ ၂၀၁၈-၂၀၁၉ ခုနှစ်၊ လုပ်ငန်းရာသီတွင် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ဝဲကလိအတန်းလိုက် တင်ဒါပိုက်ချက်အမှတ် (၁) အား တင်ဒါဆွဲ ဝယ်ယူရရှိသူ ဦးမြင့်လွင်မှ (၁၁-၁၁-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်၌ ၎င်း၏ ပိုက်ချက် (၁၂) လုံးတန်း အနက်၊ ပိုက်ချက် (၈) လုံးမြောက်တွင် တန်ဖိုးမြင့် ကသမျှင်ငါးတစ်ကောင်ကို ဖမ်းဆီးရမိ ခဲ့သည်။

 á€Ąá€†á€­á€Żá€•ဍ ဖမ်းဆီးရမိသော ကသမျှင်ငါးမှာ အမဖြစ်ပြီး အလျား (၆) ပေ၊ အနံ (၁.၁) ပေနှင့် အလေးချိန် (၃၅.၅) ပိဿာရှိကာ ဈေးကွက်အတွင်း ရောင်းချခဲ့ရာ ဒေသပေါက်ဈေး ကျပ် (၅၆၅) သိန်း ရရှိခဲ့သည်။

ကသမျှင်ငါးဖမ်းဆီးရမိမှုအနေဖြင့် (၁၉-၂-၂၀၁၆) ရက်နေ့၌ ကျိုက်ခမီရေလယ်ဘုရား အနောက်၊ အမှတ် (၂) ဘော်ယာအနီး၊ ကမ်းခြေမှ (၃) မိုင်ခန့်အကွာတွင် အလေးချိန် (၂၁.၀၀) ပိဿာရှိ ကသမျှင်ငါးတစ်ကောင်၊ (၁-၆-၂၀၁၆) ရက်နေ့၌ ကျိုက်ခမီမြို့ ကမ်းခြေမှ (၃) မိုင်ခန့်အကွာ အမှတ် (၂) ဘောယာနှင့် အမှတ် (၃) ဘောယာအကြားတွင် အလေးချိန် (၃၆.၀၀) ပိဿာရှိ ကသမျှင် ငါးတစ်ကောင်နှင့် (၂၈-၁-၂၀၁၈) ရက်နေ့၌ ကျိုက်ခမီမြို့ ကမ်းခြေမှ (၁၀) မိုင်ခန့်အကွာ ကျောက်ဆောင်အနီးတွင် အလေးချိန် (၁၆.၅၀) ပိဿာရှိ ကသမျှင်ငါးတစ်ကောင်တို့အား ဖမ်းဆီးရမိခဲ့ဖူးကြောင်း သတင်းရရှိသည်။

MOALI ၊ á€”္ပဟည်တ္ဏ်၊ နိုဝင်ဘာ ၂၀ ရက်


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်