ဘောင်တင်စိုက်ပျိုးရေး မောင်နီ အကြံပေး

30/11/2024 15:00 PM တွင် မြားနီနည်းပညာပေးရေးအဖွဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ မှ ရေးသား ပြီး မြားနီနည်းပညာပေးရေးအဖွဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ မှ ပေးပို့ထားပါသည်။

ဘောင်တင်စိုက်ပျိုးရေး မောင်နီ အကြံပေး

“မောင်နီရေ”

“အသီးအရွက် စိုက်တာချင်းတူတူကွာ ဘာလို့ ဘောင်လုပ်ပြီးစိုက်ကြမှာလဲ ငါ့ပြောစမ်းပါဦး”

“ဆိုင်းမဆင့် ဘုံမဆင့် ရောက်ချလာပြီး တန်းမေးတော့တာပဲ ဦးဘကျော်ရီးကလည်း

လာပါ ထိုင်ပါဦး ရေနွေးလေးသောက်ပါဦး”

“ဒါက ဒီလိုရှိတယ် ဦးကျော်ကြီးရဲ့”

“အေး ပြောစမ်းပါဦး”

“ပုံမှန်ရိုးရိုးစိုက်တာက မြေပြင်လိုက်တယ် အဲ့မှာ သူ့ဘာသာ အပင်တွေကို ပင်ကြား တန်းကြားတွေနဲ့ခြားပြီးစိုက်သွားရောမဟုတ်လား။ ဒါကလည်း စိုက်နည်းတစ်ခုဖြစ်သလိုပဲ ဘောင်ဖော်ပြီးစိုက်တာကလည်း စိုက်ပျိုးနည်းတစ်မျိုးပါပဲ”

“ဒါပေမဲ့ ဘာကွာသွားသလဲဆိုရင်တော့ 

မြေကို ဘောင်လုပ်လိုက်တာဆိုတော့ ဘောင်နေရာကို သေချာ ပေါက်လို့ ဆွထားလို့ရတယ်။ လိုချင်တဲ့အနက်ရအောင် ပြင်ထားလို့ရတယ်လေ

နောက်တစ်ခုက ဘောင်မှာတင် မြေခံထည့်တာ၊ မြေသြဇာကျွေးတာလုပ်ထားတော့ အပင်တွေက ပိုရနိုင်တာပေါ့

ရေသွင်း ရေထုတ်တို့ ရေပေးရတာတို့လည်း ပိုလွယ်တယ်လေ။ အပင်တွေက ဘောင်တွေပေါ်မှာ သူ့ဘာသာရှိနေကြတာဆိုတော့ မိုးရာသီဆို ဘောင်မြင့်မြင့်လေး လုပ်ပေးလိုက်ရင်တောင် ရေနာတာ သက်သာနိုင်သေးတယ်။ 

အမြင်လည်း လှသလို ပိုးကျတာတို့ ရောဂါကျတာတို့ဆို ဘောင်ဘေးကနေ လမ်းလျှောက်ကြည့်လိုက်တာနဲ့ တန်းမြင်နိုင်တာကိုး

ရောဂါ နဲ့ ပိုးတွေ မြန်မြန်တွေ့သလို ဘောင်ပေါ်မှာ စိုက်ထားတဲ့ အပင်တွေကလည်း လက်လှမ်းမီလို့ ပိုးတို့ ရောဂါတို့ကို ကာကွယ်တာတို့ ဖယ်ပစ်တာတို့ ဆေးဖျန်းတာတို့ဆိုလည်း လွယ်တယ်ခင်ဗျာ။

အဲ့လို လုပ်ရ ကိုင်ရလွယ်လို့ ဘောင်လေးကို အပင်ပန်းလေး နည်းနည်းလေး ခံပြီး လုပ်လိုက်ကြတာပေါ့ ဦးကျော်ကြီးရယ်”

“မင်းပြောတာလည်း ငါတွေးကြည့်တော့ ဟုတ်တုတ်တုတ်ရယ်”

“အော် ခက်ပြန်ပါပြီ ဦးဘကျော်ရယ်၊ ငနီပြောတာ အမှန်တွေပါ”

“ဘောင်နဲ့စိုက်မလို့ စဉ်းစားမိလို့ မေးကြည့်တာပါ ငနီရာ”

“စိုက်ဗျာ အားပေးတယ်။ ၃ ပေ ဘောင်ကတော့ အသီးအရွက် တော်တော်များများ အဆင်ပြေပြေစိုက်လို့လည်းရ၊ လက်တစ်ကမ်း လှမ်းလို့မှီတဲ့ အနေအထားပဲ၊ ၆ ပေလောက်အရှည်ဆိုရင် နွားချေးတို့ ဘာတို့ ၂ ပြည်လောက် ဖြန့်ထည့်ပေးလိုက်ရင် ကောင်းပါ့”

“အေး ဘောင်မယ် ပေါင်းမလိုက်ရရင် ပိုကောင်းကွ နော် ငနီရာ”

“ပေါင်းမလိုက်ရတဲ့ နည်း ကျုပ်ပြောပြမယ်။ ဒါပေမဲ့ နောက်တစ်ခေါက်ပေါ့။ ခုက အမေရီး ခိုင်းထားတဲ့ မျိုးလေး သွားဝယ်စရာလေးရှိလို့ သွားတော့မယ် ယောက္ခထီးရေ”

“အေး အေး မင်း မင်း ပြန်လာမှ တွေ့မယ် 

…… ငနီ ငနီ”

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်