အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စပါးစနစ်တကျ မျိုးညှောက်ဖောက်နည်း

စပါးစနစ်တကျ မျိုးညှောက်ဖောက်နည်း

Green Way
Green Way • 25/05/2022

 (၁) ဆားဖျော်ရည်နဲ့ ရွေးထုတ်ထားတဲ့ မျိုးစေ့ကို ပလတ်စတစ်ပုံး၊ စည်ပိုင်းပြတ်စတဲ့ ထည့်စရာတစ်ခုထဲထည့်ပါ။

(၂) မျိုးစေ့အပေါ်ကနေ ရေကိုဖြည်းဖြည်းချင်း လောင်းပါ။ ဒါမှ အစေ့အဆန်ပြည့်ဝတဲ့ မျိုးစေ့တွေ ရေပေါ် ပေါလော ပေါ်မလာမှာ ဖြစ်ပါတယ်။

(၃) မျိုးစေ့အထက် ၄လက်မခန့်အထိ ရေဖြည့်ပါ။

(၄) ရေထဲမှာ ရှိတဲ့မျိုးစေ့တွေကို လက်နဲ့မွှေပါ။ ခပ်ပြင်းပြင်းမွှေရပါမယ်။

(၅) မျိုးစေ့တွေရေထဲမှာ ထိုင်သွားတဲ့အထိ စောင့်ပါ။

(၆) ရေပေါ်မှာ ပေါ်နေတဲ့ မျိုးစေ့တွေကို ဖယ်ရှားပစ်ပါ။

(၇) အောက်ခြေမှာမြုပ်နေတဲ့ လုံးပြည့်ဆန်ပြည့် စပါးစေ့တွေကို ရေသန့်နဲ့ (၄-၅) ကြိမ်ခန့် လက်နဲ့ ပွတ်သပ်ဆေးကြောပါ။

(၈) ဆေးကြောပြီး မျိုးစေ့တွေကို အခန်းအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်မှာ ၂၄ နာရီ စိမ်ပါ။

(၉) ၆ နာရီတစ်ကြိမ် ရေသန့်လဲပါ။ ရေသန့်လဲတိုင်း မျိုးစေ့မှာကပ်နေတဲ့ အကျိအချွဲတွေကို လက်နဲ့ ပွတ်သပ်ဆေးကြောပါ။

(၁၀) ၂၄ နာရီပြည့်တဲ့အခါ မျိုးစေ့တွေကို ရေသန့်နဲ့ (၂-၃) ကြိမ်ဆေးကြောပါ။

(၁၁) မာကြောတဲ့ အောက်ခံတစ်ခုခုအပေါ်မှာ ပလတ်စတစ်၊ ငှက်ပျောဖတ် သင့်ရာတစ်ခုခုခင်းပါ။ အခင်းပေါ်မှာ မျိုးစေ့ကို(၄-၆) လက်မ အထူထားပြီးဖြန့်ပါ။

(၁၂) မျိုးစေ့အပေါ်မှာ စိုစွတ်တဲ့ ဂုန်နီအိတ် အဝစသင့်ရာနဲ့ ဖုံးအုပ်ပါ။

(၁၃) မျိုးစေ့ကို ၁၂ နာရီတစ်ကြိမ်မွှေပေးပါ။ မွှေတိုင်း ရေဖျန်းပေးပါ။

(၁၄) မျိုးစေ့တွေ စာပါးစပ် ဖြူသည်အထိ (၂၄-၃၆) နာရီခန့်ကြာနိုင်သည်။

(၁၅) မျိုးစေ့တွေ စာပါးစပ်ဖြူလာပြီဆိုရင် ပျိုးထောင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။

(၁၆) အညှောက်ဖောက်ထားတဲ့ မျိုးစေ့ကပျိုးခင်း/ စိုက်ခင်းထဲမှာ အမြန်ဆုံးအပင်ပေါက်နိုင်ပါတယ်။

ဒါ့ကြောင့် ကြွက်/ငှက်နဲ့ အင်းဆက်ပိုးတွေဖျက်စီးဖို့ အခွင့်အရေး နည်းသွားပါတယ်။

Ref: ဦးဘဟိန်း (စိုက်ပျိုး) ရဲ့ စပါးအထွက်တိုးနည်းပညာအခြေခံဖြင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်း စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 2

စိုက်ပျိုးဗဟုသုတ

စိုက်ပျိုးဗဟုသုတ

အကြောင်းအရာ 3

မျိုးစပါး

မျိုးစပါး

2
U Myint Naing

U Myint Naing

လွန်ခဲ့သော ၅ လ က

တစ် ဧကစိုက်ရန်မျိုးစေ့ဘယ်လောက်လိုမလဲ

ကိုမျိးဇော်

ကိုမျိးဇော်

လွန်ခဲ့သော ၄ နှစ် က

‌ကျေးဇူးပါ

You

ဆက်စပ်မေးခွန်းများ

နွေစပါး ရက်၉၀မျိုးစိုက်ပျိုးမှာဖြစ်လို့ မြေဩဇာထည့်ရမည့်အမျိုးအစားများနှင့် ထည့်ရမည့်ရက်၊ နှုန်းထားများဖော်ပြပေးပါ

ဦးငြိမ်းချမ်း • ဖြေကြားချက် 2 ခု

ပဲပုပ်ကို အဆီဖိတ်+Born+P+K တွဲဖျန်းထားတာ အပင်တေကုတ်ပြီးလဲသွားတယ် အပင်ပြန်လန်းလာအောင် အမိုင်နို့အက်စစ် ဖျန်းထားပါတယ် အရမ်းကြီးမသိသာသေးဘူးဖြစ်နေတယ် ဘာဆေးပြန်ဖျန်းရမလဲ ညွှန်ပေးပါအုံး

zayyy zayya • ဖြေကြားချက် 3 ခု

ကန်ဇွန်းပင် အရွက်တွေဝါတာ ဘာကြောင့်လဲ ဆိုတာ ဖြေကြားပေးပါဦးခင်ဗျ

Thet Paing Oo • ဖြေကြားချက် 3 ခု

ဆောင်းရာသီးမှာဘာမျိုးစိုက်မလဲ

ခင်မောင်ဦး • ဖြေကြားချက် 1 ခု

ဆင်းသုခစပါး သက်တမ်း 40 မှာ ရွက်ဖျား 1 လက်မခြောက်နေလို့ဗျ ရောဂါလား ဆေးဖြန်းဖို့လိုရင် ဘာဆေးတွေ သုံးရမလဲ လမ်းညွှန်ပေးပါအုံးဗျ

မောင်မြတ်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။