သီးနှံအကြွင်းထည့် မြေဆီဩဇာထက်

03/01/2020 13:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုများ ရင်ဆိုင်ကြုံတွေ့နေရပါသည်။ မိုးရွာသွန်းမှု မမှန်ခြင်း၊ အပူချိန်မြင့်မားခြးင်းတို့ကြောင့် သီးနှံများ ဖြစ်ထွန်းမှုနှင့် အထွက်နှုန်းကို လျော့နည်းစေပါသည်။ အဓိကအားဖြင့် မိုးနှောင်းနှင့် ဆောင်းရာသီသီးနှံများ အပင်ကြီးထွားမှု နောက်ပိုင်းကာလနှင့် မိုးရာသီသီးနှံများ မိုးရွာသွန်းမှုမမှန်သည့် အခြေအနေတွင် မြေတွင်းအစိုဓါတ်လျော့နည်းလာပြီး သီးနှံဖြစ်ထွန်းမှုကို ထိခိုက်လာကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။

ထို့ကြောင့် သီးနှံအကြွင်းအကျန်များ ပြန်လည်ထည့်သွင်းပေးခြင်း (သို့မဟုတ်) သီးနှံအကြွင်းအကျန်များပေါ်တွင် မျိုးစေ့ချကိရိယာ အသုံးပြု စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာမှ ရေဆုံးရှုံးမှုသက်သာစေပြီး သီးနှံပင်အတွက် လိုအပ်သော အစိုဓါတ်ကို ထောက်ပံ့ပေးနိုင်မည် ဖြစ်ပါသည်။ သီးနှံအကြွင်းအကျန်များ ဖုံးအုပ်ပေးခြင်းကို အစက်ချရေသွင်းနည်းစနစ် (သို့မဟုတ်) ရေဖျန်းစနစ်တို့နှင့် တွဲဖက်စိုက်ပျိုးပါက စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု သက်သာစေပြီး သီးနှံအတွက် တိုးတက်မြင့်မားစေပါသည်။ 

သီးနှံအကြွင်းအကျန်များ ဖုံးအုပ်စိုက်ပျိုးခြင်းကို ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားပြီး ဝင်ငွေပိုမိုရရှိလာစေနိုင်သော ဟင်းသီးဟင်းရွက် သစ်သီးဝလံ သီးနှံပင်များတွင် အဓိက အသုံးပြုသင့်ပါသည်။

ယာသီးနှံများတွင် သီးနှံအကြွင်းအကျန်များ ပြန်လည်အသုံးပြုမည်ဆိုပါက မျိုးစေ့ချကိရိယာကို အသုံးပြု၍ ထယ်ရေးမဲ့စိုက်ပျိုးသင့်ပါသည်။ အဓိကအားဖြင့် ပြောင်းဖူးသီးနှံကို ပထမစိုက်ပျိုးပြီး ဒုတိယဆောင်းသီးနှံကို စိုက်ပျိုးပါက အပင်ဖြစ်ထွန်းစေပါသည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းဖူးပင်သည် အဖူးခူးဆွတ်ပြီးပါက အပင်သေဆုံးသွားပြီဖြစ်၍ ဒုတိယသီးနှံအား အနှောင့်အယှက် မဖြစ်စေပါ။ သို့မဟုတ်ပါက ပထမသီးနှံပြန်လည်ရှင်သန်၍ အဆိုပါသီးနှံသည် အဓိကစိုက်ပျိုးသော ဒုတိယသီးနှံအတွက် ပေါင်းမြက်ဖြစ်စေပြီး ၎င်းကို ရှင်းလင်းရမည့် ကုန်ကျစရိတ် ရှိလာမည်ဖြစ်သည်။

သီးနှံအကြွင်းအကျန်များကို ရေရှည်ပြန်လည်အသုံးပြုပါက အပင်အာဟာရဓါတ် တိုးများစေခြင်း၊ မြေတွင်းရုပ်ဂုဏ်သတ္တိများ တိုးပွားစေခြင်း၊ မြေ၏ ချဥ်ငန်ဓါတ်ကို ထိန်းညှိပေးနိုင်ခြင်း၊ မြေ၏ ရေထိန်းစွမ်းအား ပိုမိုကောင်းမွန်စေခြင်း၊ မြေ၏သိပ်သည်းဆကို လျော့နည်းစေခြင်း၊ သီးနှံအကြွင်းအကျန်များ ဆက်တိုက်ရေရှည်အသုံးပြုပါက နောက်ပိုင်းတွင် ပေါင်းမြက်ပေါက်ရောက်မှု  လျော့နည်းလာစေပြီး၊ ထယ်ထိုး ထွန်မွှေခြင်းမပြုဘဲ သီးနှံများ စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။ သီးနှံအကြွင်းအကျန်များ ဖုံးအုပ်ပေးမည် ဆိုပါက အထူ(၃-၅ လက်မ) ခန့် ဖုံးအုပ်ပေးရမည်ဖြစ်ပြီး တန်ချိန်အားဖြင့် (၃-၅)တန်ကြား ထည့်ပေးရမည်။ 

စိုက်ပျိုးရေ အကန့်အသတ်သာရရှိသော (မိုးရေသောက်) ဒေသများတွင် ရွာသွန်းသော မိုးရေကို မြေတွင် ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် သီးနှံရိုးပြတ်များ ဖုံးအုပ်ပေးခြင်းသည် သီးနှံပင်များ ဖြစ်ထွန်းအောင်မြင်စေနိုင်သော နည်းလမ်းဖြစ်ပါသည်။ ရေအကျိုးထိရောက်မှု မြင့်မားစေပြီး မြေဆီလွှာမှ ရေငွေ့ပျံမှု လျော့နည်းစေပါသည်။ သို့သော် သီးနှံရိုးပြတ်များတွင် ရောဂါပိုးမွှားများ ပါရှိနိုင်သောကြောင့် သဘာဝမတူသောသီးနှံများ အလှည့်ကျစိုက်ပျိုးပေးရမည်။ တစ်ဖန် သီးနှံများ အလှည့်ကျစိုက်ပျိုးခြင်းသည်လည်း မြေတွင်းအာဟာရဓါတ်အချိုးကို ညီမျှစေပါသည်။ သီးနှံအကြွင်းအကျန်များကို ဖုံးအုပ်ပေးခြင်းဖြင့် မိုးသည်းထန်စွာရွာသွန်းချိန်တွင် မြေဆီလွှာရေတိုက်စားခြင်ံးမှ ကာကွယ်ပေးနိုင်ပြီး အာဟာရဓါတ်ပြည့်ဝသော အပေါ်ယံမြေလွှာများ ဆုံးရှုံးမှု လျော့ပါးစေပါသည်။ ထို့ပြင် ပေါင်းမြက်ပေါက်ရောက်မှု (၇၀%)ခန့် သိသာစွာ လျော့နည်းစေပါသည်။ 

အကျိုးကျေးဇူးများ 

- မြေတွင်းအစိုဓါတ်ကို ပိုမို ထိန်းသိမ်းနိုင်ပါသည်။ 

- ရေရှည်အသုံးပြုပါက အပင်အာဟာရဓါတ် တိုးပွားစေနိုင်ပါသည်။

- မြေဆီလွှာရုပ်ဂုဏ်သတ္တိကို မြင့်တင်ပေးနိုင်ပါသည်။ 

Source - တောင်သူအတွက်မှာနည်းပညာ (DAR) စာအုပ်မှ ကောက်နှုတ်ဖော််ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်