ကံကောင်း လာဘ်ရွှင်စေတဲ့ ဇော်စိမ်းပန်း

02/07/2021 13:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

သိပ္ပံအမည် - Dracaena sanderiana 

မျိုးရင်း - Asparagaceae

    ဇော်စိမ်း၊ ဇော်ကျား၊ ဇော်လုံး စသည့်ပန်းပင်များမှာ အမျိုးအစားတူညီကြပြီး မြန်မာလူမျိုးတို့နဲ့ ရင်နှီးသော ပန်းပင်များဖြစ်ပါတယ်။ ဇော်စိမ်းကို အချို့သောဒေသများမှာ ကျောက်စိမ်းပင်၊ ကျောက်စိမ်းပန်း ဟူ၍လည်း ခေါ်ဆိုကြပါတယ်။ ပတ်ဝန်းကျင်မှာ အလေ့ကျပေါက်ရောက်တတ်သလို ဘုရားပန်းထိုးရန်အတွက် မိမိ၏ နေအိမ်ခြံဝန်းအတွင်း၌လည်း အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ ပန်းပင်များဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ဇော်စိမ်းကို Lucky Bamboo လို့ခေါ်တဲ့ ကံကောင်းလာဘ်ရွှင်စေတဲ့ အိမ်တွင်းအလှစိုက်အပင်အဖြစ်နဲ့ စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။ 

    ဇော်စိမ်းပင်တွေဟာ သဘာဝအရ အကြမ်းခံပြီး အိမ်တွင်း အိမ်ပြင် အလွယ်တကူစိုက်ပျိုးနိုင်တဲ့ အပင်တွေဖြစ်ပါတယ်။ မြေအမျိုးအစားနဲ့ ရာသီမရွေးစိုက်ပျိုးနိုင်တဲ့ အပင်ဖြစ်ပါတယ်။  အပင်ပိုင်းမျိုးပွားနည်းနဲ့ ကိုင်း၊ အတက်တို့ကို မြေကြီးထဲထိုးစိုက်ထားရုံနဲ့ ရှင်သန်ကြီးထွားနိုင်ကြပါတယ်။ 

    အိုးနဲ့ စိုက်ပျိုးမယ်ဆိုရင်တော့ ရေမဝပ်ဘဲ  လေဝင်လေထွက်ကောင်းတဲ့ ပန်းအိုးကို ရွေးချယ်ရပါမယ်။ အပင်ရဲ့ပတ်လည်မှာ အမြစ်တွေ ကြီးထွားပွားများနိုင်ဖို့အတွက် သင့်တင့်တဲ့နေရာရနိုင်မယ့် ပန်းအိုးဖြစ်ဖို့လိုပါတယ်။ ပြီးရင်မိမိမှာရှိတဲ့ အပင် (သို့မဟုတ်) ကိုင်းကို အိုးထဲထည့်စိုက်ပြီး စိုက်ပျိုးနိုင်ပါတယ်။ အပင်စိုက်ပျိုးထားတဲ့အိုးထဲက မြေဟာ အစိုဓာတ်အမြဲရရှိနေဖို့တော့ လိုအပ်ပါတယ်။ 

    အိုးနဲ့မဟုတ်ဘဲ မြေကြီးပေါ်မှာ ချစိုက်မယ်ဆိုရင်တော့ ပေါင်ဖော်ပြီးစိုက်ပျိုးတာ ပိုသင့်တော်ပါတယ်။ ပေါင်ဖော်ရာမှာ အမြစ်ကောင်းကောင်းကြီးထွားနိုင်ဖို့အတွက် အနက် ၆ လက်မဝန်းကျင်ရရှိအောင် ပြုလုပ်ထားသင့်ပါတယ်။ နွားချေး၊ မြေဆွေး အလွယ်တကူရနိုင်မယ်ဆိုရင်တော့ ပေါင်ပြုလုပ်ရင်း ကြိုတင်ထည့်ထားသင့်ပါတယ်။ အပင်စိုက်ပျိုးရာမှာ ၆ လက်မ အကွာအဝေးထားပြီး စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးပြီး ၁၀ - ၁၅ ရက်အကြာမှာ အမြစ်နဲ့ အညွှန့်လေးတွေ ထွက်လာမှာဖြစ်ပါတယ်။ 

    ဇော်စိမ်းပန်းဟာဆိုရင် မိမိအိမ်မှာ အလွယ်တကူစိုက်ပျိုးနိုင်ပြီး  ပြုစုစောင့်ရှောက်ရမှုလည်းနည်းတဲ့ ပန်းပင်ဖြစ်ပါတယ်။ ပုံမှန် ပေါင်းရှင်းပေးခြင်း၊ ရေလောင်းပေးခြင်း၊ မြေဆွပေးခြင်း၊ သဘာဝမြေသြဇာထည့်ပေးခြင်းတို့ဖြင့် စိုက်ပျိုးနိုင်တဲ့ အပင်ဖြစ်ပါတယ်။ မိမိအိမ်မှာ ကံကောင်းလာဘ်ရွှင်စေဖို့ (သို့မဟုတ်) ဘုရားပန်းကပ်လှူဖို့အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားနိုင်ပါတယ်။ ဒါ့အပြင် လေသန့်ပင်အမျိုးအစားထဲမှာလည်းပါဝင်တာကြောင့် အိမ်တွင်းအလှစိုက်အပင်အနေနဲ့လည်း စိုက်ပျိုးနိုင်ပါကြောင်း မျှဝေရင်း...

ကိုးကားချက် 

- https://en.wikipedia.org/wiki/Dracaena_braunii

- ပန်းမန်နှင့် ဥယျာဥ်ခြံမြေစိုက်ပျိုးနည်း - သိမ့်သိမ့်နွေး


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်