အရွက်ပေါ်မှာတွေ့ရတဲ့ ပုလဲဥလေးတွေ

04/12/2025 16:20 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ပုလဲလုံးလေးတွေဆိုတာ.....

အစိမ်းရောင်လမ်း အမေးအဖြေကဏ္ဍမှာ အမေးများနေတဲ့မေးခွန်းလေးပါ။

"ကွမ်းရွက်တွေမှာ အဖြူဥလေးတွေ တွေ့ရပါတယ်။ ကြာလာရင် အမဲစက်လေးတွေ ဖြစ်လာလို့ ဘာဖြစ်တာပါလဲ ခင်ဗျာတဲ့"ဆိုပြီး မေးလာပါတယ်။

အလားတူမေးခွန်းမျိုးတွေ သ‌င်္ဘောပင်မှာ ကျရောက်တာတွေ့ရပါတယ်။

အဲဒါလေးတွေက ဘာတွေလဲ? ဘာကြောင့်အမဲစက်တွေ ဖြစ်ရတာလဲ? ပြီးတော့ အပင်တွေ ဘာကြောင့်အားနည်းသွားရသလဲ? တွေ့ဖူးသူတိုင်း သိချင်ကြမှာအမှန်ပါပဲ။ ဒါကြောင့် ဒီစာစုလေးကို ရှာဖွေတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

ပုလဲလုံး(Pearl body)

ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့ မျက်ရည်ပါလို့ တင်စားကြသလို ကွမ်းရွက်၊ သင်္ဘောရွက်အောက်ဖက်မှ ပုလဲဖြူဥလေးတွေဟာလည်း အရွက်ရဲ့မျက်ရည်ဥလေးတွေလို့ ဆိုနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ညဘက်အချိန် အေးပြီး စိုစွတ်တဲ့ကာလမှာ အမြစ်ကစုပ်ယူပေးပို့တဲ့ ရေတွေကို ပင်စည်မှတဆင့် အရွက်ဆီပို့တဲ့ ရေ‌ေကြာစည်း အဆုံးဖြစ်တဲ့ အရွက်မျက်နှာပြင်ပေါ်က စတိုမာအပေါက်လေးတွေပိတ်နေပါတယ်။

ဒါကြောင့် ရေနဲ့အတူပါလာတဲ့ သတ္ထုဓာတ်ပါသော အရည်ဥလေးတွေဟာ စတိုမာအပေါက်မှာ ထွက်ပေါ်လာရပါတယ်။ ဒါကြောင့် ပုလဲဖြူဥ(pearl body)ကို xylem sapလို့လည်း ခေါ်ကြပါတယ်။ ဒီဖြစ်စဉ်ကို Guttation လမ်းကြောင်းပိတ်ခြင်းလို့ခေါ်ပါတယ်။

ဘာကြောင့်အမဲစက်လေးတွေ ဖြစ်ရတာလဲ?

အထက်မှာ ဖော်ပြခဲ့သလို့ ပုလဲဖြူဥလေးတွေမှာ အပင်အတွက် လိုအပ်တဲ့ အစာရည်(Minerals)တွေပါပါတယ်။

အချိန်ကြာလာတဲ့အခါ ရေဓာတ်ခမ်းပြီး သတ္ထုဓာတ်တွေက အပူရှိန်နဲ့ပေါင်းပြီး အမဲစက်တွေဖြစ်စေပါတယ်။

ဒါတင်မကပါဘူး။ မှိုနဲ့ ဘက်တီးရီးယားရောဂါတွေပါ ကျရောက်နိုင်ပါတယ်။ ဒါ့အပြင် ပုလဲဥလေးတွေ ထွက်လာရင် မွှားတွေ( mites)ကျရောက်တတ်ပြီး အရွက်လေးတွေ တွန့်လိမ်တတ်ပါတယ်။

ဘာကြောင့် အပင်မှာ အာဟာရချို့တဲ့စေတာလဲ?

ဒီလို Guttation ဖြစ်စဉ်မျိုး အပင်တွေမှာ မကြာခဏဖြစ်လာရင် အာဟာရဓာတ်တွေ ဆုံးရှုံးရလို့ အပင်အားနည်းခြင်း၊ အသီးမတင်ခြင်း၊ ကြီးထွားမှုရပ်တန့်ခြင်းတွေ ဖြစ်တတ်ပါတယ်။

ကဲ, ဒါလောက်ဆို  ပုလဲလေးတွေဆိုတာ အရွက်လေးတွေရဲ့ မျက်ရည်ပါဆိုတာ သဘောပေါက်လောက်ပါပြီ။

အပင်လေးတွေရဲ့ ကုန်ခမ်းသွားတဲ့ မျက်ရည်အတွက်တော့ အာဟာရလေးတွေပံ့ပိုးလို့ ပိုးမွှားရောဂါလေးတွေ ကာကွယ်ပေးဖို့တော့ လိုပါလိမ့်မယ်နော်။ အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်