မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးမှုများရှိနေ

18/12/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက်။ 

ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် လာရောက်ဆွေး‌နွေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကူမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးသန့်စင်လွင်က ‌ပြောသည်။ 

ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ဒီဇင်ဘာ ၁၇ ရက်က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှုးချုပ် ဦးသန့်စင်လွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"အခုကတော့ မွေးမြူရေးကဏ္ဍနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ လာဆွေးနွေးတာ ဖြစ်ပါတယ်။ မွေးမြူမှာက ငါးတို့၊ နို့နဲ့ နို့ထွက်ပစ္စည်းတို့ ဒါတွေမွေးမြူဖို့အတွက် ကျွန်တော်တို့ကို လာဆွေးနွေးတာဖြစ်ပါတယ်။" ဟု ညွှန်ကြားရေးမှုးချုပ် ဦးသန့်စင်လွင်က ‌ပြောသည်။ 

မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍတွင် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နိုဝင်ဘာလအထိ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၅၀ ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၁၄ ဒဿမ ၉၃၆ သန်း ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ 

"သူတို့ ဆွေးနွေးတာကတော့ ဘယ်လို ခံစားခွင့်တွေရမလဲ၊ သူတို့လိုအပ်တဲ့ပစ္စည်း‌တွေကို တင်သွင်းလို့ရမလား။ သူတို့ရဲ့ ရင်းနှီးမှုပ်နှံမှုကို နိုင်ငံတော်က ဘယ်လိုအကာအကွယ်ပေးမလဲ စတဲ့ ဥပဒေဆိုင်ရာ အချက်အလက်တွေကို သိချင်လို့ လာဆွေးနွေးတာဖြစ်ပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ပေးထားချက်တွေကို ဆွေးနွေးလိုက်တာ ဖြစ်တယ်။" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကူမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။  

လက်ရှိမြန်မာနိုင်ငံ၏ မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပြီး ယင်းနိုင်ငံများမှာ စင်္ကာပူ၊ တရုတ်၊ ဟောင်‌ကောင်၊ ထိုင်း၊ ကိုရီးယား၊ United Kingdom၊ ဗီယက်နမ်၊ နယ်သာလန်၊ မလေးရှား၊ ဂျပန်၊ အိန္ဒိယ၊ ဘရူနိုင်း၊ ဩစတြေးလျနှင့် အီတလီနိုင်ငံတို့ဖြစ်သည်။ 

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်