လဲလူရွက်စားသုံးခြင်းဖြင့် ရရှိနိုင်မည့်ကျန်းမာရေးကောင်းကျိုးများ

07/01/2022 15:00 PM တွင် Saw Eh Htoo War Saw Eh Htoo War မှ ရေးသား

လဲလူပင်သည် Olacaceae မျိုးရင်းဝင်အပင်တစ်မျိုးဖြစ်ပြီး ရုက္ခဗေဒအမည်မှာ - Olax scandens ဖြစ်သည်။ သေးငယ်သောချုံပင်အမျိုးစားဖြစ်ပြီး အကိုင်းများစွာဖြာလေ့ရှိသည်။ အပင်အမြင့်သည် 5m အထိမြင့်ပြီး မြင့်မားသော တောင်ကုန်း၊ တောင်တန်းဒေသများ၊ခြောက်သွေ့သော ရွက်ပြတ်တောများနှင့် အစိုဓာတ်မြင့်မားသော ဒေသများတွင် ‌ကျယ်ပြန့်စွာပေါက်ရောက်လေ့ရှိကြသည်။ သေးငယ်သော အဖြူရောင်ပန်းပွင့်များပွင့်ကြပြီး ဥပုံစံ (ovoid shape) အသီးများ သီးကြသည်။ မူရင်းဒေသမှာ - အိန္ဒိယ၊ အင်ဒိုချိုင်းနား၊ မလေးရှား၊ ဂျာဗား၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် ဗီယက်နမ်နိူင်ငံတို့ဖြစ်သည်။ 

အသီးနှင့်အရွက်ကို ဆေးဝါးအတွက်သာမက အစားအသောက်အဖြစ်လည်း စားသုံးနိုင်သည်။ အရွက်နုနှင့် အညွှန့်ကို တို့စရာ(သို့) ဟင်းရည်ကျိုချက်၍လည်းစားသုံးနိုင်သလို အသီးကိုလည်းစားနိုင်သည်။ ယေဘုယျအားဖြင့် ဝမ်းချုပ်ခြင်း၊ ပြည်တည်နာ၊ သွေးအားနည်းခြင်း၊ ဆီးချိုရောဂါ၊ ဖျားနာခြင်းနှင့် အခြားရောဂါအမျိုးမျိုးအတွက် အရွက်ကို ဟင်းသီးဟင်းရွက်ပုံစံချက်ပြုတ်စားကြသည်။

လဲလူပင်ကို မိုးတွင်းပိုင်း အထက်အညာဒေသတွင်ပေါများစွာတွေ့ရပြီး ဧရာဝတီတိုင်း ကျိုက်လတ်ဘက်တွင်လည်းတွေ့ရသည်။ ရန်ကုန်မြို့အနီး ထောက်ကြန့်နှင့် လှည်းကူးမြို့နယ်ဘက်မှာလည်း တွေ့နိုင်သည်။ အရပ်ဒေသကိုလိုက်၍ " လဲလူနှင့် ရှင်ပါကူ" ဟူ၍ အခေါ်အဝေါ်မတူကြောင်းတွေ့ရသည်။ 

မြန်မာဆေးကျမ်းများထဲတွင် " အသည်းအူ လဲလူ" ဆိုပြီးရေးသားထားကြောင်းတွေ့ရသည်။ ဒါ့အပြင် "လဲလူဖိုမ၊ ရှင်ကပစ္စည်း၊ ရှင်ပါကူ" ဆိုပြီး အမည်ကွဲများလည်းရှိသည်။ အသည်းနှင့် အူအတွက် လဲလူပင်က အကောင်းဆုံးဆေးတစ်မျိုးဖြစ်ပြီး မြန်မာ့စွယ်စုံကျမ်းထဲတွင် " လဲလူဖို၊ လဲလူမ၊ တောင်လဲလူပင်၊ လဲလောပင်" ဟူ၍ရေးသားထားသည်။ 

လဲလူပင်၏ ဂုဏ်နှင့်စွမ်းရည်ကို အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်ထဲတွင်...

- အလွန်အဖျားကြီး၍ သွေးဖောက်ပြန်ခြင်းကို နိုင်၏။

- အပူကိုငြိမ်းစေ၏။

- သွေးဆိုးများကို အကောင်းဖြစ်စေရန် ပြုပြင်တတ်၏။

- ကျောက်၊ ဝက်သက်စသည်တို့ပေါက်ရောက်ခြင်းကို အရွက်ကို ပြုတ်၍လည်းကောင်း၊ ဟင်းချိုချက်၍လည်းကောင်း အသုံးပြုနိုင်၏....ဟူ၍ရေးသားဖော်ပြထားသည်။

ထို့အပြင် အသည်းရောဂါနှင့် ပတ်သက်သော အသည်းရောင်၊ အသည်းဝါ၊ အသည်းအဆီဖုံး၊ အသည်းကြီး၊ အသည်းခြောက် ရောဂါအမျိုးမျိုးအတွက် လဲလူရွက် (သို့) လဲလူမြစ် လက်တစ်ဆုပ်စာကို ၃ခွက် ၁ခွက်တင် ကျိုကာသောက်သုံးနိုင်သည်။

Ref: https://sites.google.com/site/efloraofindia/species/m---z/o/olacaceae/olax/olax-scandens

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်