ရေရှည် တည်တံ့တဲ့ စိုက်ပျိုးရေးကို ဘယ်လို ကျင့်သုံးမလဲ

16/01/2018 11:06 AM တွင် Ma Khing Khing Win Ma Khing Khing Win မှ ရေးသား

အပိုင်း (၁) အိမ်မက်ထဲက စိုက်ပျိုးမြေကို ပုံဖော်ခြင်း

ခင်ဗျားရဲ့ စိုက်ပျိုးမြေကို ရေရှည် တည်တံ့စေချင်ရင်သေသေချာချာ လုပ်ဆောင်ရမည့် နည်းစနစ်တွေနဲ့ ရည်မှန်းချက်ကိုဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ခင်ဗျားသာ ရေရှည် တည်တံ့တဲ့ နည်းစနစ်သုံး စိုက်ခင်းတခုကို ရှာဖွေနေတယ် ဆိုရင်တော့အောက်ပါ အချက်များကို စံအနေနဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်---

(က) ရေရှည်တည်တံ့တဲ့ နည်းစနစ်နဲ့ဓာတုကင်းတဲ့ စိုက်ပျိုးရေး စနစ်ကို မရောထွေးပါစေနှင့်

ဓာတုကင်းလွတ်တယ်ဆိုတဲ့ အဓိပ္ပ္ပါယ်က သဘာဝအတိုင်း ရရှိတဲ့၊ ဓာတု ပစ္စည်းတွေနဲ့ စိုက်ပျိုးခြင်း မဟုတ်တဲ့ အစားအစာတွေကို ဆိုလိုပါတယ်။ (ချွင်းချက်အနေနဲ့) များစွာသော လူတွေဟာ ဓာတုကင်းလွတ်တဲ့ စိုက်ပျိုးစနစ် နဲ့ရေရှည်တည်တံ့တဲ့ စိုက်ပျိုးစနစ် ကိုရောထွေးတတ်ပါတယ်။ နှစ်ခုလုံးကတော့ သဘာဝ ပတ်ဝန်းကျင်ဂေဟစနစ်နဲ့ လိုက်ရောညီထွေတဲ့ နည်းစနစ်တွေကို သုံးဖို့ ရည်ရွယ်ပါတယ်။ ဒါပေမယ့် ထူးခြားတဲ့စံသတ်မှတ်ချက်တွေနဲ့ ဆုံးဖြတ်ရပါတယ်

ဓာတုကင်းလွတ်တဲ့ စိုက်ပျိုးရေးစနစ်မှာတောင်မှ စက်မှုလုပ်ငန်း သဏ္ဍန် အကျယ်အပြန့် အများကြီး စိုက်ပျိုးတဲ့အခါ ပတ်ဝန်းကျင်နဲ့ ပြည်သူ့ ကျန်းမာရေးကို နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်ပါတယ်။ ဂေဟစနစ်တွေဟာ သီးနှံတမျိုးတည်းကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးရင် ပျက်စီးစေတယ်။ ပိုးသတ်ဆေးတွေကို သုံးတာကြာမြင့်ခြင်းနှင့် များစွာသော ရုပ်ကြွင်းလောင်စာတွေက ထုတ်ယူ သုံးစွဲခြင်းဟာမြေဆီလွှာ အာဟာရဓာတ်တွေ နဲ့မြေဆွေးတွေဆုံးရှုံးကုန်သလို မြေဆီလွှာ ညစ်ညမ်းခြင်းတွေလည်း ဖြစ်ပေါ်စေပါတယ်။

 

(ခ) ေရရွည္တည္တံ့တယ္ဆိုတာ

-စိုက်ခင်းတစ်ခုတည်းမှာကိုဘဲ အကန့်အသက်မရှိ အစားအစာတွေ ထုတ်လုပ်ရန် ဖြစ်တယ်။ ဒီစနစ်သွားမယ်ဆို စိုက်ခင်းဟာ---

  • စိုက်ခင်းမြေဟာ နဂိုအတိုင်း ပြန်မဖြစ်နိုင်တဲ့ အခြေအနေ ပြောင်းလဲမှုကို ရှောင်ကျဉ်ရပါမယ်။ (ဥပမာ- မြေဆီလွှာ တိုက်စားခြင်း)
  • သဘာဝ ပါတ်ဝန်းကျင်မှ မည်သည့် အရင်းအမြစ်မှ ထုတ်ယူခြင်း မပြုရ၊ ထုတ်ယူလျှင် ပြန်မပြည့်နိုင်တော့ပါ။(ဥပမာ-ပုံမှန် ရွာသွန်းတဲ့ မိုးရေချိန်ထက် ပိုပြီးရေကို ထုတ်ယူမသုံးပါနဲ့)
  • ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေး လုပ်ငန်းများတောင့်တင်း ခိုင်မာစေရန်နှင့် အခြေခံ အဆောက်အဦးတွေ ဖွံ့ဖြိုး တိုးတက်စေတဲ့တွေ့ဆုံပွဲတွေအတွက် လုံလောက်တဲ့ ဝင်ငွေက ထုတ်လုပ်ပေးရန်။

 

(ဂ) အရင်းအမြစ်ကို စဉ်းစားပါ

အရင်းအမြစ်တွေ ဘယ်က ရမလဲ၊ ခင်ဗျားပြန်ဖြည့်နိုင်တာထက် ပိုသုံးမလား၊ သဘာဝကလား၊ ကိုယ့်ကိုယ်ပိုင်ရော ပြုလုပ်ပြီး သုံးမှာလား စသဖြင့်သေချာ ဆုံးဖြတ်ထားရမည်

  •  သွင်းအားစုငွေ အရင်းအမြတ်တွေ ဘယ်ကရမလဲ အထူးသဖြင့်ရေ၊ စွမ်းအင်၊ မြေဆီလွှာနဲ့ တိရိစ္ဆာန် အစားအစာ (အကယ်၍မွေးမြူရေး လုပ်ရင်) ပြီးရင်ရေရှည်အတွက်၊ ရင်းနှီးမြှပ်နှံမှုငွေလုံးငွေရင်း၊ အဆောက်အဦး၊ လယ်ယာသုံး စက်ပစ္စည်းတွေကို စဉ်းစားထားရမယ်။
  • မှတ်ထားရမှာက ဘယ်စိုက်ပျိုးရေး လုပ်ငန်းမှ သီးခြား မရပ်တည်ဘူး ဆိုတာဘဲ။ ကိုယ့်အတွက်ကိုယ် လုံလောက်ရုံလောက် နဲ့တော့ရေရှည် တည်တံ့တဲ့ စိုက်ပျိုးရေးစနစ် မဟုတ်ဘူး။ ရေရှည် တည်မြဲတဲ့ ထုတ်လုပ်မှုဘဲ ဖြစ်တယ်။ ပြန်လည် အသုံးချနိုင်တဲ့ အရင်းအမြစ်တွေပြောင်းလဲ အသုံးချလေလေ၊ ခင်ဗျား စိုက်ခင်း ကြာရှည်ခံလေလေ ဖြစ်ပါမယ်။

 အပိုင်း (၂) ပြောင်းလဲမှု

 

(က) စွန့်ပစ် ပစ္စည်းများကို လျှော့ချပါ။

 

ဘယ်အမှိုက်ကိုမှ မပစ်ရ။ အရာရာတိုင်းဟာ ဆက်စပ်မှု ရှိနေပါတယ်။ ဒီနေရာမှာ R သုံးလုံးဟာ အမြဲတမ်း အသုံးဝင်တယ်။ လျှော့ချပါ (reduce)၊ ပြန်သုံးပါ(reduce)၊ ပြန်ထုတ်ပါ(recycle)၊ ရေရှည် တည်တံ့စေရုံ သာမက ပိုပြီးလည်းစျေးသက်သာစေပါတယ်။

  • မိမိရဲ့စိုက်ပျိုးရေးခြံက ထွက်တဲ့ မည်သည့် အမှိုက်သေးသေး စွန့်ပစ်ပစ္စည်းကို မဆိုသေသေချာချာ စဉ်းစားပါ။
  • ဒါနဲ့ ကိုယ်ဘာလုပ်လို့ရလဲ ဆိုတာ အကယ်၍ ကိုယ်တိုင် ဘာမှလုပ်လို့ မရရင် အနီးအနား ပတ်ဝန်းကျင်က ဘယ်သူက အသုံးချနိုင်လဲ ဆိုတာ စဉ်းစားကြည့်ပါ။ တီထွင်နိုင်စွမ်း ရှိပါစေ။

 

(ခ) စိုက်ပျိုးမြေတခုတည်းမှာ သီးနှံမျိုးစုံ စိုက်ပျိုးဖို့ အားပေးပါ


 

သီးနှံတမျိုးတည်းထက် သီးနှံအများကြီး စိုက်ပျိုးခြင်းကို ရွေးချယ်တာဟာ စွန့်ပစ် ပစ္စည်းနဲ့ရုပ်ကြွင်း လောင်စာဆီ သုံးစွဲမှုကိုလျော့ကျစေတယ် ။

  • အထွက်နှုန်းနဲ့ သိုလှောင်မှုမှာ (အချက်ခံတာနဲ့ အရသာကို စွန့်လွှတ်) ကောင်းတဲ့ စပ်မျိုးတွေထက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးကွဲတွေ၊ စပ်မျိုးတွေဟာ အကောင်းဆုံးဘဲ ဖြစ်ပါတယ်။
  • စာကျက်တွေနဲ့ သီးနှံတွေကို တလှည့်စီ စိုက်ပါ။ မြေဆီလွှာက အမြဲတမ်း အာဟာရ ကြွယ်ဝစေဖို့၊ အပေါ်ယံမြေသားတွေ မဆုံးရှုံးစေဖို့အတွက် သစ်စိမ်းမြေသြဇာတွေကို သုံးပါ။ ပြန်မဖြည့်နိုင်တဲ့ အာဟာရတွေ စိုက်ပျိုးနိုင်တဲ့မြေကနေ မဆုံးပါစေနှင့်။
  • စိုက်ပျိုးမြေရဲ့တည်မြဲမှုနဲ့ အထွက်ကောင်းဖို့ အတွက် အပင်နဲ့ တိရိစ္ဆ္ဆ္ဆာန်ကို စိုက်ပျိုးမြေ အနားမှာမွေးမြူ စိုက်ပျိုးထား ရှိရမယ်။ ဥပမာ- အဆုပ်လိုက်ပွင့်တဲ့ ၁၂ရာသီပန်းမျိုး (yarrow) နဲ့ခွေးလှေးယားပင်(nettles)တွေဟာ သူ့အနားမှာရှိတဲ့ အပင်တွေရဲ့ အာဟာရဓာတ်တွေကို ပိုရအောင် လုပ်ပေးတယ်။ နောက်ပြီး ဆီထွက် သီးနှံတွေရဲ့ ဆီပါဝင်မှုကို ပိုပြီး တိုးစေတယ်။ ပူစီနံ(basil)ပင်ဟာ ပိုးသတ်ဆေး အနေနဲ့ အသုံးပြုနိုင်တယ်။ ရစ်ငှက်ကြီး(Guinea fowls)ကို (ticks)လို့ခေါ်တဲ့ အကောင်လေးတွေ ဖမ်းဖို့အတွက်မွေးထားပါ။ အဲ့ဒီငှက်တွေ စိုက်ခင်းနားမှာ လှည့်လည်နေရင် (ticks)တွေကို စားသောက်တယ်၊ နောက်ခလောက်မြွေတွေကို စားတဲ့အတွက် အန္တ္တရာယ် ကင်းပြီးသား ဖြစ်စေပါတယ်။
  • အကယ်၍ ရစ်ငှက်ကြီး (Guinea fowls) ဟာ သင့်ရဲ့ဒေသမှာ မရှိရင် ဘဲတွေကိုမွေးပါ။ (သင့်မှာ ငါးကန်ရှိရင်) သို့မဟုတ် ကြက်မွေးပါ။ ကြက်တွေဟာ သီးနှံ အပိုင်းအစတွေနဲ့ ဟင်းသီးဟင်းရွက် စွန့်ပစ်ပစ္စည်းတွေကို စားနိုင်တယ်။ တကယ်လို့ သူတို့ဟာ အားလုံးကို မစားနိုင်ဘူး ဆိုရင်တောင် ယက်တဲ့အတွက် နိုက်ထရိုဂျင် ကြွယ်ဝတဲ့ သဘာဝမြေသြဇာတွေ ပြုလုပ်ဖို့ လုံလောက်ပါတယ်။
  • မွေးမြူရေးနဲ့ စိုက်ပျိုးရေး နှစ်ခုလုံးကို တိုးမြှင့်ပြီး အပြန်အလှန် အကျိုးရှိပါစေ။ အလွယ်ဆုံး နည်းကတော့မွေးမြူရေးမှ တိရိစ္ဆာန် အညစ်အကြေးတွေကို သီးနှံတွေရဲ့မြေသြဇာ အဖြစ် သုံးရမှာ ဖြစ်ပါတယ်။ ပြီးနောက် စိုက်ခင်းမှ သီးနှံအချို့ကိုမွေးမြူရေးမှာ ပြန်ပြီး အသုံးချရမှာ ဖြစ်တယ်။ တကယ်လို့ ခင်ဗျား နှစ်ခုလုံးကို မလုပ်နိုင်ရင် အနီးအနားမှာ ကိုယ်နဲ့တွဲဖက်လုပ်လို့ ရမည့်သူကိုရွေးပြီးမွေးမြူရေးနဲ့ စိုက်ပျိုးရေးကို ဖလှယ်ပြီး လုပ်ပါ။

အပိုင်း (၃) စိုက်ခင်း အနီးအနားမှာ သီးနှံမျိုးစုံစိုက်ဖို့ တွန်းအားပေးစို့

သင့်ရဲ့ စိုက်ပျိုးမြေ အတွက်ဂေဟ စနစ်ကို ရနိုင်သလောက်ဆောင်ရွက်ပါ။

  • စိုက်ခင်းအနီးအနားမှာ သစ်ပင်တွေ စိုက်ခြင်းဖြင့်လေကာပင်အနေနဲ့ရော ငှက်တွေအတွက် နားနေစရာ အဖြစ်ပါ အသုံးဝင်တယ် (ငှက်တွေဟာ သီးနှံပင်တွေက ပိုးမွှားတွေကို ဖမ်းယူ စားသောက်မှာ ဖြစ်တယ်)
  • သဘာဝ သားရဲ တိရိစ္ဆာန်တွေကို ထားရှိရန်(ဥပမာ-မြွေတွေဟာမြောက်အမေရိကမှာတွေ့ရတဲ့ ကြွက်နဲ့တူတဲ့ တွင်းအောင်း တိရိစ္ဆာန်တွေကို ဖမ်းစားတတ်တယ်၊ လိပ်ခုံး ကျိုင်းကောင်ဟာ ပျတွေကို ဖမ်းယူ စားသောက်တယ်၊ ပင့်ကူတွေဟာ သီးနှံတွေပေါ်မှာ ကျရောက်တတ်တဲ့ ပိုးတွေကို ဖမ်းယူ စားသောက်တယ်)

 

အပိုင်း (၄) ငွေကြေး ရရှိရေးကို တစ်ခုတည်းမက လုပ်ရန်


ရေရှည် တည်တံ့ပြီးဂေဟစနစ်နဲ့ ကိုက်ညီတဲ့ စိုက်ပျိုးမြေဟာ တကယ်လို့ အမြတ်အစွန်း မရခဲ့ရင် ဘယ်သူမှကောင်းကောင်း မလုပ်နိုင်ဘူး။ ကိုယ့်ဟာကိုယ် ဆက်လက် လည်ပတ်ဖို့ မဖြစ်နိုင်တော့ဘူး။ မိမိကိုယ်တိုင် (သို့) တစ်စုံတစ်ယောက်ကဘဲဖြစ်စေ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှာ စိုက်ပျိုးရေး လုပ်ငန်းက မဟုတ်တဲ့ ဝင်ငွေ (သို့) တစ်ခြားမှရသော ဝင်ငွေကနေထောက်ပံ့မပေးနိုင်ရင် ဘဏ်ထဲမှာငွေရှိသေးတဲ့ အချိန်အထိ သင်တွက်ချက်ရလိမ့်မယ်။

  •  တိုက်ရိုက်ရောင်းချသည့် စနစ်ကဲ့သို့ အကျိုးရှိမည့်ရွေးချယ်မှုများရနိုင်သ၍ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ၎င်းစနစ်တွင် ပါဝင်သည်များမှာ စိုက်ပျိုးသူများစျေး၊ လမ်းဘေးစျေး၊ အင်တာနက်ပေါ်မှရောင်းချခြင်း အထိရောင်းချသည့် စနစ်များ ဖြစ်ပါတယ်။
  • တောင်သူတစ်ယောက်၏ ဆလတ်ရွက်သည် အခြားတောင်သူတစ်ယောက်၏ ဆလတ်ရွက်နှင့် မတူကွဲပြားရခြင်းမှာ ပစ္စည်းရဲ့ အရည်အသွေးတန်ဖိုးမြှင့်တက်လာအောင် ဆောင်ရွက်တဲ့ နည်းလမ်းကြောင့်ပဲ ဖြစ်ပါတယ်။ သီးနှံအများအပြား လျှောက်မစိုက်ပါနှင့်။ သီးနှံတစ်မျိုးတည်းကိုသာ စိုက်ပြီး ၎င်းသီးနှံဖြင့် ထုတ်ကုန် အမျိုးအစားများစွာ ပြုလုပ်ပါ။ ထိုမှတဆင့် စတိုးဆိုင်များ၊ စားသောက်ဆိုင်များ၊ အင်တာနက်ပေါ်ထိပါရောင်းချနိုင်ရေး တွေးတောကြံဆပါ။
  • လူ့အဖွဲ့အစည်းအတွင်းက မည်သည့် အဆင့်အတန်းမျိုးမဆို၊ လူမျိုးနွယ်စုအတွက်ကိုမဆို ဖြည့်ဆည်းပေးပါ။ လူတွေရဲ့ စီးပွားရေး အခြေအနေအလိုက် ကွဲပြားတဲ့အရာတွေကို စိုက်ခင်းမှာ ရှာဖွေပါ။ မျိုးနွယ်စုတွေက တန်ဖိုးထားတဲ့ စိုက်ပျိုးရေး ပစ္စည်းတွေကို အခြားလူ့အဖွဲ့အစည်းကလူတွေ စိတ်ဝင်စားမှာ မဟုတ်ဘူး။ (ဥပမာ-ကာရစ်ဘီယန်တွေက သင်းမကွတ်ရသေးတဲ့ ဆိတ်ထီးတွေရဲ့ အသားနဲ့၊ ပေါပေါများများရတဲ့ မြက်တစ်မျိုး(amaranth)ကို (callaloo)လို့ခေါ်တဲ့ ဟင်းအမယ်အတွက် ရှာဖွေ အသုံးပြုကြတယ်)
  • လူတွေ သိအောင် လုပ်ပါ။ လူတိုင်းကို ကိုယ့်စိုက်ပျိုးမွေးမြူရေးခြံမှာ ဘာတွေ စိုက်ထားတယ်ဆိုတာပြောကြားရပါမယ်။ လေ့လာရေးအဖွဲ့တွေ လာရောက်စေဖို့နဲ့ အလုပ်ရုံဆွေးနွေးပွဲလိုမျိုးတွေ လုပ်ပေးရပါမယ်။ ကိုယ့်စိုက်ခင်းကို ကြည့်ကောင်းအောင်လည်း လုပ်ထားရပါမယ်။ ဒါမှ လာရောက် ကြည့်ရူ့တဲ့အခါတိုင်းမှာဒေသခံ လူ့အဖွဲ့အစည်းတွွေဟာ ကိုယ့်လယ်မြေနဲ့ ပတ်သတ်တဲ့ တခြား ဖွံ့ဖြိုး တိုးတက်မှု အဆိုပြု တင်ပြချက်တွေကို ထုတ်ဖော် ဆွေးနွေးလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားရဲ့စိုက်ခြံဟာ စိုက်ပျိုးရေး အမွေအနှစ်တစ်ခုအဖြစ် ၎င်းတို့ လေ့လာမိသောကြောင့်ဖြစ်ပါတယ်။

 

အပိုင်း (၅)  တော်တဲ့၊ အားကိုးအားထားပြုနိုင်တဲ့ အလုပ်သမားကို ရှာဖွေပါ


ရေရှည် တည်တံ့တဲ့ စိုက်ပျိုးရေးကို လုပ်မယ်လို့ ကတိပြုနိုင်တဲ့သူမျိုးကိုရှာပါ (ဟိုစပ်စပ် ဒီစပ်စပ် မဟုတ်တဲ့သူ)။ ပြီးတော့ သူ့စိတ်ကူးကို လက်တွေ့လုပ်တာမှာ လက်ကို ညစ်ပတ်မှာမကြောက်တဲ့သူ ဖြစ်ရမယ်။

ရုပ်ကြွင်းလောင်စာ အားကိုးတာလျှော့ချတယ်ဆိုတဲ့ အဓိပ္ပာယ်က လူ့လုပ်အားကို များများအားကိုးတာကို တိုးမြှင့်ရမယ်လို့ ဆိုလိုတာ ဖြစ်တယ်။ အလုပ်သမားဆိုရာမှာ သူ့ရဲ့ခွန်အားသာမက ဗဟုသုတရှိတဲ့ အလုပ်သမားမျိုးကိုပါ လိုအပ်ပါတယ်။ အဲ့အလုပ်သမားကပဲ ကိုယ်ရဲ့ရူပ်ထွေးတဲ့ အလုပ်တွေမှာ လုပ်နိုင်ယုံ သာမက ပိုပြီး ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့သူ ဖြစ်ရပါမယ်။

 

အပိုင်း (၆) ကိုယ့်ဘဝကိုကျေနပ်ပါ

စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆိုတာ ပင်ပန်းတဲ့ အလုပ်ဖြစ်ပေမဲ့ အအောင်မြင်ဆုံး စိုက်ပျိုးရေးသမားကတော့ အကောင်းဆုံးအချိန်ကို သိရှိပြီး အဆိုးဆုံး အချိန်ကိုရှောင်ရှားနိုင်ပါတယ်။

ဘာကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်နေတာလဲ ဘာကြောင့်လဲဆိုတာ သတိရပါ။

အထူးသဖြင့်ရေရှည် တည်တံ့တဲ့ လမ်းကြောင်းကိုသွားနေတဲ့ ရည်ရွယ်ချက်ကို ပိုသတိရရပါမယ်။ လူများစုကတော့ ဘာကြောင့် လုပ်ရလဲဆိုရင် အမြဲတမ်းသိထားတဲ့ စနစ်ထက် ကိုယ့်မြေကို ပိုကောင်းတဲ့ပုံစံဖြစ်ချင်တဲ့အတွက်ကြောင့်ဖြစ်တယ်။

ခိုင်ခိုင်ဝင်း

 

မူရင်း - Wikihow

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်