ပိုးသတ်ဆေးတွေ အကောင်လေးတွေထဲ ဘယ်လိုဝင်ကြသလဲ

05/12/2019 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပိုးသတ်ဆေးလို့ ခေါ်လိုက်ရင် ဘာတွေပါမလဲဆိုတော့

အင်းဆက်သတ်ဆေး - Insecticides

ပေါင်းသတ်ဆေး - Herbicides

ကြွက်သတ်ဆေး - Rodenticides

ဘက်တီးရီးယားသတ်ဆေး - Bactericides

မှိုသတ်ဆေး - Fungicidesနဲ့

သားလောင်းသတ်ဆေး - Larvicides ဆိုပြီး သူတို့သတ်နိုင်တဲ့ အကောင်တွေပေါ်မူတည်ပြီးတော့ ခွဲထားပါတယ်။ ဒါကတော့ သတ်နိုင်တဲ့အကောင်ပေါ်မူတည်ပြီးတော့ ခွဲထားတာပါ။ သူတို့ကို ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဓာတုဆေးတွေကို ကြည့်ပြီးတော့ ခွဲခြားတာမျိုးလည်း ရှိပါသေးတယ်။

ပိုးသတ်ဆေးတွေ အကောင်လေးတွေထဲကို ဘယ်လိုဝင်ကြတာလဲ

ဘယ်ကဝင်ဝင်ပေါ့၊ အကောင်သေရင် ပြီးတာပဲကို.. အဲ့လိုကလည်း အဲ့လိုပေါ၊၊ ဒါပေမဲ့ အကောင်လေးတွေထဲကို ဘယ်လိုကနေ ဝင်နိုင်တယ်ဆိုတာကို သိထားရင် ကိုယ်ဖျန်းမဲ့ဆေးက အရည် သုံးရမလား၊ အမှုန့်ဖြစ်ရမလား ဆိုတဲ့ အချက်ကို ဆုံးဖြတ်နိုင်မှာကြောင့် ဖြစ်ပါတယ်။ ကဲ ကဲ ဘယ်လိုဝင်သလဲ

နည်းလမ်း ()မျိုး ရှိပါတယ်။ ပထမနည်းလမ်းကတော့ အရေပြားကနေ စိမ့်ဝင်တာဖြစ်ပါတယ်။

အပင်တွေကိုဖျက်တဲ့ အင်းဆက်တွေရော၊ မဖျက်တဲ့ အင်းဆက်တွေမှာရော Cuticle ဆိုတဲ့ အရေပြား ရှိပါတယ်။ ဆေးတွေကို ဖျန်းလိုက်ရင် အဲ့ cuticle အရေပြားကနေ အကောင်တွေထဲကို တစ်ဆင့်ဝင်ရောက်သွားတာဖြစ်ပြီးတော့ အကောင်တွေကို အဆိပ်သင့်စေပါတယ်။ အဲ့လို ထိတွေ့တာကနေ ထိသေ လိုမျိုးဖြစ်ပြီးတော့ အင်းဆက်ဖျက်ပိုးတွေ သေကြေပျက်စီးတာ ဖြစ်ပါတယ်။

အဲ့လို အရေပြားကနေ စိမ့်ဝင်တာက

  • လေထဲကနေပြီးတော့ ပျံ့လာတဲ့ ဆေးတွေကို အကောင်တွေက ထိတွေ့တဲ့အခါ

  • ဖျန်းထားတဲ့ ဆေးတွေရှိနေ တင်ကျန်နေတဲ့ နေရာတွေကို အင်းဆက်ပိုးကောင်လေးတွေက လာနားတဲ့အခါ လမ်းလျှောက်ပြီးလာတဲ့အခါမျိုးမှာ ဆိုရင်တော့ ထိမိပြီးတော့ သေသွားကြပါတယ်။

ပါးစပ်ထဲကနေတစ်ဆင့်ဝင်တာ

ပိုးသတ်ဆေးတွေဟာ ပိုးကောင်လေးတွေရဲ့ ပါးစပ်ထဲကနေ ဝင်ရောက်ပြီးတော့ ပိုးကောင်လေးတွေကို အဆိပ်သင့်စေတာ ဖြစ်ပါတယ်။ အဲ့လိုဆေးမျိုးကိုကျတော့ စားသေလို့ ခေါ်တာပါ။ အဲ့လိုဆေးမျိုးက ဝင်တဲ့ လမ်းကြောင်း ()ကြောင်း ရှိပါတယ်။

  • ဆေးကို တစ်ခြားအစာနဲ့ ရောကျွေးလို့ အကောင်တွေ စားမိပြီး ပိုးကောင်တွေအထဲကို ဝင်ရောက်သွားတာ

  • ပိုးသတ်ဆေးထိမိလို့ဆိုပြီး ပိုးကောင်က သူ့ဘာသာသူ သန့်ရှင်းရေးလုပ်တဲ့အခါလိုမျိုးလုပ်လိုက်ပြီးတော့ လျှာနဲ့ လျက်လိုက်တာမျိုးလုပ်လိုက်တာနဲ့ ပိုးကောင်တွေရဲ့ အထဲကိုဝင်ရောက်သွားနိုင်ပါတယ်။

အသက်ရှုလမ်းကြောင်းတွေကနေ တစ်ဆင့် ဝင်ရောက်တာ

အင်းဆက်ပိုးကောင်လေးတွေက တခြားတိရိစ္ဆာန်တွေလို နှာခေါင်းနဲ့ အသက်ရှုတာမျိုးမဟုတ်ပဲနဲ့ ဝမ်းဗိုက်ဘေးတစ်လျှောက်မှာရှိတဲ့ လေဝင်ပေါက်လေးတွေကနေ အသက်ရှုတာဖြစ်ပါတယ်။ အဲ့လို spiracle လေးတွကနေ တစ်ဆင့် ပိုးကောင်လေးတွေထဲကို ဝင်ရောက်ပြီးတော့ အဆိပ်သင့်စေပါတယ်။

ဝင်ရောက်တဲ့ နည်းလမ်းတွေလည်း သိပြီးသွားပြီ။ အကြမ်းလောက်ပြောရရင်တော့ လေထဲမှာ ပျံနေတတ်ပြီး အပင်တွေကို ဖျက်ဆီးတတ်တဲ့ အကောင်တွေဆိုရင် လေထဲကို ဖျန်းပေးနိုင်တဲ့ဆေးတွေက အကောင်းဆုံးဖြစ်ပါတယ်။ ခြင်ဆေးဖျန်းတာလိုမျိုးပေါ့။ အရွက်မျက်နှာပြင်တွေမှာ လျှောက်သွားပြီးတော့ အပင်တွေကို ကိုက်ဖြတ်စားသောက်တဲ့ အကောင်မျိုးတွေ ကျနေတယ်၊ မြေကြီးထဲမှာ ဝင်နေတယ်ဆိုရင်တော့ အမှုန့်လိုမျိုး၊ အခဲလိုမျိုး အကောင်တွေထဲကို ပါးစပ်ကနေ/ အရေပြားကနေ ဝင်ရောက်နိုင်တဲ့ ဆေးမျိုးကို သုံးရမှာ ဖြစ်ပါတယ်။

အကြမ်းယေဘုယျ သဘောလေးကို သဘောပေါက်နေပြီဆိုရင်ပဲ တောင်သူဦးကြီးတွေအတွက် အကျိုးထူးလိမ့်မယ်လို့ မျှော်လင့်ရင်းနဲ့ပဲ..

ထွန်းဝင်းကျော်

https://www1.health.gov.au/internet/publications/publishing.nsf/Content/ohp-enhealth-manual-atsi-cnt-l~ohp-enhealth-manual-atsi-cnt-l-ch5~ohp-enhealth-manual-atsi-cnt-l-ch5.7


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်