အရည်အသွေးကောင်းတဲ့ထောပတ်သီးကိုဘယ်လိုရွေးချယ်ဝယ်ယူမလဲ?

12/01/2021 12:45 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

         တောင်သူဦးကြီးများရှင့်...ဈေးကဝယ်လာတဲ့ ထောပတ်သီးတွေ ခွဲစားခါနီးမှ အထဲမှာမှိုစွဲနေတာတို့ ညိုမဲပုပ်နေတာကိုမြင်ဖူးကြမယ်ဆိုရင် အောက်ကအချက်တွေကို ဖတ်ကြည့်လိုက်ကြရအောင်။

(၁) အရောင်ကိုကြည့်၍ရွေးချယ်ဝယ်ယူခြင်း

ရင့်မှည့်နေပြီဖြစ်တဲ့ထောပတ်သီးရဲ့အပြင်ခွံအရောင်က အမဲရောင်ကဲ့သို့ စိမ်းပုပ်ပုပ်အရောင်ရှိပါတယ်။ အစိမ်းရောင်ဖျော့နေသေးမယ်ဆိုရင်တော့ ရင်မှည့်ဖို့ ၃-၄ ရက်လိုအပ်ပါသေးတယ်။ အချို့ထောပတ်မျိုး ( fuerte,ettinger,reed,sharwill) တွေကရင့်မှည့်တဲ့တိုင်အောင် အစိမ်းရောင်ဖျော့ဖျော့ အဖြစ်ရှိနေတဲ့အတွက် ထောပတ်သီးကိုရွေးချယ်ဝယ်ယူတဲ့အခါ အမြင်တစ်မျိုးထဲနဲ့တော့ဆုံးဖြတ်ချက်ချလို့တော့ မရနိုင်ပါဘူးရှင့်။

(၂) ကိုင်ကြည့်၍ရွေးချယ်ဝယ်ယူခြင်း

ထောပတ်သီးတွေကို စိတ်ခံစားမှုအသုံးချပြီး လက်ဖြင့်ကိုင်ကြည့်ပြီးလည်း ရွေးချယ်ဝယ်ယူလို့ရနိုင်ပါတယ်။ သတိထားရမှာက လက်ဖြင့်အားထည့်ပြီး မနှိပ်ကြည့်ဖို့ပါ။ လက်ဖြင့်အားထည့် နှိပ်လိုက်တဲ့အခါ အတွင်းသားပျက်စီးပြီး အတွင်းကြေသွားကာ စားလို့မရတဲ့အထိဖြစ်နိုင်ပါတယ်။ ထောပတ်သီးရဲ့အပြင်ခွံမှာ ကြီးမားတဲ့ချိုင့်ခွက် သို့မဟုတ် ခြစ်ရာမဲကြီးတွေပါနေမယ်ဆိုရင် ထောပတ်သီးအတွင်းသားတွေက မကောင်းနိုင်လောက်တော့ပါဘူး။

(၃) ပုံသဏ္ဍာန်ကိုကြည့်၍ရွေးချယ်ဝယ်ယူခြင်း

ရင့်မှည့်နေတဲ့ထောပတ်သီးတွေဆို ပြောင်ချောမနေဘဲ အဖုအထစ်တွေနဲ့ပါ။ ထောပတ်သီးတွေကို နောက် ၃-၄ ရက်နေမှ စားဖို့ဝယ်ယူမယ်ဆိုရင် အပြင်ခွံမာကျောကျစ်လစ်နေတဲ့အနေအထားကို ရွေးချယ်သင့်ပါတယ်။ စားဖို့သင့်တော်တဲ့အနေအထားဖြစ်နေတဲ့ထောပတ်သီးကို အမှည့်လွန်ခြင်းမဖြစ်စေရန် ၁ရက် သို့မဟုတ် ၂ရက်ခန့် ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်။

(၄) အညှာကိုကြည့်၍ရွေးချယ်ဝယ်ယူခြင်း

မလိုင်ကဲ့သို့ အနှစ်တွေနဲ့ပြည့်ဝနေတဲ့ထောပတ်သီးကိုရွေးချယ်ဝယ်ယူချင်တဲ့အခါ အညှာထိပ်လေးကိုခွါကြည့်ခြင်း သို့မဟုတ် ဖြတ်ကြည့်လိုက်ပါ။ အညှာခြေက အစိမ်းရောင်ဖြစ်မယ်ဆိုရင် ဝယ်ယူသင့်တဲ့အနေအထားဖြစ်ပြီး အညိုရောင်ဖြစ်နေမယ်ဆိုရင် အမှည့်လွန်နေပါပြီ။ အညှာတစ်ဝှိုက်က အမဲ (အညိုပုပ်) ရောင်ဖြစ်နေပြီဆိုရင် ထောပတ်သားမှိုစွဲနေခြင်းမျိုးဖြစ်နိုင်ပါတယ်။

ကဲ ဉီးကြီးတို့လည်း ဒီအချက်လေးတွေကို အသုံးချကြည့်ပြီး မကောင်းတဲ့ထောပတ်သီးဝယ်လာမိလို့ စိတ်မတိုရတော့ဘူးပေါ့နော်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်