အိမ်တွင်းစိုက်အပင်လေးတွေအတွက် အိုးကို ဘယ်လိုရွေးချယ်မလဲ

16/09/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အပင်တွေက ရေ၊ မြေ၊ လေနဲ့ ဂရုစိုက်မှုလိုအပ်ပါတယ်။ ဂရုစိုက်မှုဆိုတဲ့အထဲမှာ သင့်တော်တဲ့ မြေထည့်ပေးပြီး လိုအပ်ရင် အိုးလဲလှယ်ပေးတာ ဆိုလိုပါတယ်။ အိုးအရွယ်အစားအပြင် အထဲကမြေက သူတို့လိုအပ်တာမျိုးဖြစ်အောင် လဲပေးရ ဖြည့်ပေးရတာမျိုးရှိပါတယ်။  အပင်ထွားလာတာနဲ့အမျှ အိုးငယ်နဲ့မရတော့ဘဲ သင့်တော်တဲ့အရွယ် အိုးပြောင်းရတာပါ။ အရေးကြီးတဲ့အချက်က အမြင့်နဲ့အခြေ ကိုက်ညီရပါမယ်။ အပေါ်ပိုင်းအပွင့်အခက်အလက်တွေ လေးတဲ့အပင်ကို အောက်ခြေမြဲမြံတဲ့ အိုးနဲ့ပဲ စိုက်ရမှာပါ။ 

   အိုးတွေက မြေအိုး၊ ကြွေအိုး၊ ပလတ်စတစ်အိုး မျိုးစုံရှိပြီး အပေါက်မပါတာ အလယ်မှာတစ်ပေါက်တည်းပါတာ အပေါက်အများကြီးပါတာ စသဖြင့် အမျိုးမျိုးရွေးစရာရှိပါတယ်။

အခြေခံအချက်တွေကတော့

၁။ အပင်ကလိုအပ်တဲ့ အာဟာရနဲ့ ရေကိုစုပ်ယူဖို့ လိုအပ်တဲ့မြေကို ထည့်နိုင်တဲ့အိုး ဖြစ်ရပါမယ်။

၂။ မြေကြီးတွေ ရေထဲမျောပါသွားမယ့်အိုး မဖြစ်ရပါဘူး။

၃။ အပင်ရဲ့ ပင်စည်အခက်အလက်အလေးချိန်ကို ခံနိုင်တဲ့အိုး ဖြစ်ရပါမယ်။

၄။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေပြီး ပိုင်ရှင်စိတ်တိုင်းကျ အရောင်နဲ့ အိုးဖြစ်ရပါမယ်။ 

အိုးရွေးချယ်ခြင်း

   အိမ်တွင်းအပင်တွေကို အပြင်ထားတဲ့အပင်တွေထက်ပိုပြီး အိုးလှလှလေးတွေမျိုးစုံနဲ့ စိတ်တိုင်းကျ စိုက်လေ့ရှိပါတယ်။ အိမ်တွင်းပင်က အပြင်အပင်တွေလိုမဟုတ်ဘဲ အလှပြယုဂ် တစ်ခုအနေနဲ့ပါ တန်ဖိုးထား သတ်မှတ်ကြလို့ပါ။ အချို့အိုးတွေ (ဥပမာ - ရေသိပ်မလောင်းရတဲ့ ကန္တာရပင်လိုမျိုး၊ ရေနဲ့စိုက်တဲ့ ရွှေလာငွေလာတွေ၊ လာဘ်ရွင်ဝါးပင်တွေစိုက်တဲ့ အိုးတွေ) မှာ အောက်ခြေအပေါက်မပါတဲ့အိုးတွေ သုံးပါတယ်။ အပေါက်ပါတဲ့ အိုးဆိုရင်တော့ အောက်ခံပြားပါဝယ်ပါ။ အောက်ခံပြားလေးပါမှ ရေလောင်းရင် အဆင်ပြေပါတယ်။ 

   တစ်ချို့က အိုးကြီးကြီးကိုလည်း အိမ်တွင်းစိုက်အပင်လေးတွေ တစ်မျိုးနှစ်မျိုးမကရောပြီး အုပ်စုလိုက် အလှပြပြီးစိုက်တဲ့အနေနဲ့သုံးပါတယ်။ ရွံ့အိုးတွေက လေးတဲ့အတွက် အပေါ်ပိုင်းအပွင့်အရွက်ထူထပ်လေးလံတဲ့အပင်တွေအတွက် သင့်လျော်ပါတယ်။ ပလတ်စတစ်အိုးက ပေါ့တယ်။ ဒါပေမယ့် ရေဓာတ်ကို ထိန်းနိုင်ပါတယ်။ ဒါကြောင့် ရေကြိုက်တဲ့အပင်တွေကို ပလတ်စတစ်အိုးသုံးတာ ကောင်းပါတယ်။ 

အိမ်တွင်းအလှစိုက်အပင်လေးများစာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်