အမှည့်မမြန်အောင် ဘယ်လိုထားမလဲ.....မှည့်အောင်ဘယ်လိုထားမလဲ

30/04/2020 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

UP Los Baños က ပြုလုပ်ထားတဲ့ သုတေသနတွေအရဆိုရင် သူတို့နည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် သစ်သီးတွေက တစ်ပတ်ကနေ ၂ ပတ်အထိ ခံနိုင်လိမ့်မယ်လို့ ပြောပါတယ်။  ခုချိန်ဆို ကွက်တိပဲလေ။ 

တစ်ပတ်စာဝယ်ပြီးရင် အပြင်ထွက်စရာမလိုတော့ဘူးလေ။ 

သူတို့ပြောတဲ့ နည်းလမ်းတွေကို ကြည့်ရအောင်။ 

(၁) အသီးတွေကို မခူးပါသေးနဲ့တဲ့။  သစ်ပင်ကြီးက အသီးတွေကို မြန်မြန်မမှည့်အောင် ထိန်းနိုင်ပါသေးတယ်တဲ့။  အဲ့ဒါကြောင့်နေမယ်နော်။  ပင်မှည့်လေးစားချင်တယ်ဆို စောင့်လိုက်ရတာ ကြာလိုက်တာဆိုတာမျိုး။ 

(၂) အသီးခူးရင် မထိခိုက်အောင် သတိထားပေးပါတဲ့။  အဲ့ထိခိုက်နာလေးထဲကို အဏုဇီဝသက်ရှိလေးတွေက ဝင်ရောက်သွားနိုင်ပြီးတော့ အသီးတွေ ပုတ်တာဘာညာ ဖြစ်နိုင်ပါတယ်။  အဲ့တော့ ဈေးသွားရင် သူတို့ ဈေးခင်းတုန်း ထိခိုက်တာတွေမပါတဲ့ အသီးတွေကိုကြည့်ပြီးတော့ ဝယ်ပါနော်။ 

(၃) မှည့်နေတဲ့ အသီးတွေက အီသိုင်လင်း ထွက်ပါတယ်။  သူက မှည့်တာကို မြန်စေနိုင်တာကြောင့်မို့ မှည့်တာနဲ့ မမှည့်သေးတာနဲ့ကိုဆို ခွဲပြီးထားပေးပါ။ 

(၄) ကျန်းမာတဲ့အသီးနဲ့ မကျန်းမာတဲ့အသီး ခွဲထားပေးပါတဲ့။ ထိခိုက်ရှနာရှိတဲ့ အသီးတွေက အီသိုင်လင်း ထုတ်နိုင်လို့ပါ။ အဲ့လိုဆို တစ်ခြားအသီးတွေလည်း မှည့်ကုန်ရောလေ။ 

(၅)  အသီးတွေကို နေရောင် တိုက်ရိုက်မထိတဲ့ နေရာမှာ ထားပေးပါတဲ့။  နေရောင်က မှည့်တာကို မြန်စေနိုင်လို့ပါတဲ့။ 

(၆) အပူစွန့်တဲ့ မော်တာစက်တွေနား အသီးတွေ မထားရပါဘူး။ သူတို့ကလည်း အီသိုင်လင်းထုတ်တာကြောင့် အသီးတွေ မှည့်စေပါတယ်တဲ့။ 

(၇)  အအေးကတော့ မှည့်တာကို တားဆီးပေးနိုင်ပါတယ်တဲ့။ ရေခဲသေတ္တာမရှိရင်တောင် အအေးဆုံးနေရာမှာ ရွေးပြီး ထားပေးလို့ရပါတယ်။  ရေတော့ စိမ်မထားနဲ့ပေါ့နော်။  အေးမြခြောက်သွေ့သောနေရာတွင် ထားပါပေါ့။ 

(၈) ရေခဲသေတ္တာထဲ ထည့်မယ်ဆိုရငိတော့ အပေါက်လေးတွေပါတဲ့ ပလပ်စတစ်အိတ်နဲ့ ထုပ်ပြီး ထည့်လို့ရပါတယ်။ 

(၉) အသီးတွေ အများကြီးဖြစ်နေတယ်ဆိုရင် အသီးသေတ္တာထဲမှာ ဘိလပ်မြေနည်းနည်းဖြစ်ဖြစ်၊ ပါလိုက်ကျောက်ဖြစ်ဖြစ် ဒါမှမဟုတ်ရင် ပိုတက်စီယမ် ပါမဂ္ဂနိတ် စိမ်ထားတဲ့ မီးသွေးတုံးဖြစ်ဖြစ် ထည့်ထားပေးရင် ခံပါတယ်တဲ့။ 

အဲ့ဒါဆို မှည့်ချင်ရင်ရော ဒါလေးတွေ အိမ်မှာစမ်းကြည့်ပါ။ အီသိုင်လင်းရှာဝယ်စရာမလိုပါဘူးနော်။ 

(၁)  စားက စားချင်နေပြီ သူက မမှည့်သေးဘူးဆိုတဲ့ အသီးတွေ ရှိရင်တော့ ငှက်ပျောသီး မှည့်တစ်လုံးရင်းရမယ်နော်။ ပစ္စည်းဝယ်လို့ ရတဲ့ စက္ကူအိတ်ထဲကို မှည့်စေချင်တဲ့ အသီးရယ် ငှက်ပျောသီးမှည့်တစ်လုံးရယ် တူတူပေါင်းထည့်ထားလိုက်ရင် အမှည့်မြန်သွားမှာပါ။ ဘာဓာတုမှ သုံးစရာမလိုတော့ဘူးလေ။ 

(၂) သံပုရာသီးတွေ ရှောက်သီးတွေ စိမ်းနေတယ် ဆိုရင် ငှက်ပျောသီးမှည့်နဲ့ ထပ်စမ်းကြည့်ပါဦး။ ငှက်ပျောသီးကထွက်တဲ့ အီသိုင်လင်းကြောင့်မို့ အဝါရောင်တွေ လိမ္မော်ရောင်ကို လွယ်လွယ်ပြောင်းသွားတာကို တွေ့ရမှာပါ။  အနံအရသာ ပြောင်းဘူးနော်။  

မှတ်ချက်။  ။ အဲ့လို အမှည့်မြန်ချင်လို့ အီသိုင်လင်းထွက်တဲ့ ငှက်ပျောသီးသုံးတဲ့နေရာမှာ ရေခဲသေတ္တာထဲ ထည့်ထားလို့မရပါဘူးနော်။ သာမာန် အခန်းအပူချိန်မှာပဲ ထားပေးရမှာပါ။ 

ကဲ မမှည့်အောင်ထားမလား မှည့်အောင်လုပ်မလား။

Reference 

https://businessdiary-com-ph.cdn.ampproject.org/v/s/businessdiary.com.ph/3937/how-to-delay-the-ripening-of-fruits/?amp_js_v=0.1&usqp=mq331AQFKAGwASA%3D#search

https://kids.frontiersin.org/article/10.3389/frym.2018.00016#KC2a


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်