- မြေဆီလွှာအတွင်းရှိမြေမှုန်များသည် ကြေကွဲပျက်စီးသွားခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ထိုအချိန်တွင် ထယ်နက်နက် ထိုးခြင်းကို မပြုလုပ်သင့်ပါ။
- ဘိုကာရှီမြေသြဇာ (သို့) အော်ဂဲနစ်မြေဆွေး (သို့) နွားချေး၊ ကြက်ချေးများကို တတ်နိုင်သမျှ ထည့်သွင်းပေးပါ။
- မြေသားတည်ဆောက်မှုပိုမိုအားကောင်းစေရန် အခြားမြေပြင်ပစ္စည်းများ(ဒိုလိုမိုက်၊ ဂျစ်ပဆမ် နှင့် ဟူးမစ်အက်ဆစ် ပါဝင်သောမြေသြဇာများ)ကို ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။
- မြေဆီလွှာကို ပြန်လည်စုစည်းထိန်းညှိပေးနိုင်သော သစ်စိမ်းမြေသြဇာအပင်(သို့) သက်တမ်းတို အပင်၊ အမြစ်မွှေးများစွာပါရှိသည့်အပင်ငယ်များကို စိုက်ပျိုးသင့်ပါသည်။ (ဥပမာ-ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီး၊ ပိုက်ဆံလျှော် စသောပဲများနှင့် နေကြာ)
- ထိုအပင်များကို သက်တမ်းရင့်သည်အထိ စိုက်ပျိုးထားရန်မလိုအပ်ပါ။ အမြစ်များအားကောင်း သည့်အချိန် ကြဲပက်ပြီး(၁-၂)လခန့်တွင် ထယ်ထိုးထွန်မွှေနိုင်ပါသည်။
- ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းအပင်များမှ အမြစ်မွှေးများသည် မြေဆီလွှာကြံ့ခိုင်မှုအတွက် အထောက်အပံ့ပေးသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more