မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များရရှိအောင် ကိုယ်တိုင်ဘယ်လိုလုပ်ဆောင်မလဲ?

25/04/2019 16:33 PM တွင် အောင်မြင့်မြတ်(GW) အောင်မြင့်မြတ်(GW) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မျိုးကောင်း၊ မျိုးသန့်၊ မျိုးသစ်များရရှိရေးဆောင်ရွက်ပုံအဆင့်ဆင့်နှင့်အကျိုးကျေးဇူးများ

လက်ရှိကျွန်တော်တို့စိုက်ပျိုးနေတဲ့ တောင်သူမိရိုးဖလာမျိုးတွေက များသောအားဖြင့် ပင်ပေါက်စွမ်းအားနည်းခြင်း၊ သန်စွမ်းမှုအားနည်းခြင်း၊ မျိုးစေ့ပိုသုံးရခြင်း၊ အထွက်နှုန်းလျော့နည်းခြင်း၊ မျိုးကွဲများအခြားသီးနှံများနှင့်ရောနှောနေခြင်း၊ သီးနှံအထွက်နှုန်းနည်းခြင်း၊ အရည်အသွေးနိမ့်ခြင်းစတဲ့ပြဿနာတွေကိုတွေ့ကြုံနေရပါတယ်။

ဒီလိုပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲ?

ဒီလိုဆိုရင်တော့ မျိုးကောင်းမျိုးသန့်တွေလိုလာပါပြီ။ ဒီလိုမျိုးကောင်း၊ မျိုးသန့်၊ မျိုးသစ်တွေရရှိဖို့ဆောင်ရွက်ရာမှာ အခြေခံအချက်တွေကိုသိဖို့လိုအပ်ပါတယ်။ မိမိတို့ကိုယ်တိုင်လည်း အလွယ်တကူဆောင်ရွက်လို့ရနိုင်ပါတယ်။ ဒီလိုမျိုးကောင်း၊ မျိုးသန့်၊ မျိုးသစ်တို့ရရှိဖို့ဆောင်ရွက်ရာမှာ အခြေခံအားဖြင့် (၆)ဆင့်ရှိပါတယ်။

(၁) မျိုးကောင်းရှာဖွေခြင်း

မျိုးကောင်းဆိုတာနဲ့ အထွက်နှုန်းကောင်း၊ စားလို့ကောင်း၊ပိုးမွှားရောဂါဒဏ်ခံနိုင်ပြီး၊ နရောဒေသမရွေးဖြစ်ထွန်းနိုင်ခြင်း၊ ဓာတ်မြေသြဇာတုံ့ပြန်မှုကောင်းခြင်းစတာတွေပါဝင်ပါတယ်။ မျိုးကေင်းရှာဖွေဖို့ဆိုရင် မျိုးစပ်ခြင်း၊ မျိုးထွန်း၊ ဇီဝနည်း၊ ပြည်ပမှတင်သွင်းခြင်း စတဲ့လုပ်ငန်းစဉ်တွေကနေစပြီးပါဝင်ပါတယ်။

(၂) မျိုးယှဉ်ပြိုင်စမ်းသပ်ခြင်း

ရှာဖွေလို့ရရှိလာတဲ့ မျိုးတွေကို ပဏာမ ရေ၊မြေ၊ဒေသ၊အရည်အသွေး၊ ပိုးမွှားရောဂါစတဲ့အချက်အလက်တွေကိုသိဖို့အတွက် မျိုးယှဉ်ပြိုင်စမ်းသပ်ဖို့လိုပါတယ်။

(၃) မျိုးသစ်ရွေးချယ်စိုက်ပျိုးမှု

မျိုးသစ်ရွေးချယ်စိုက်ပျိုးမှုအနေနဲ့ မျိုးယှဉ်ပြိုင်စမ်းသပ်ထားတဲ့မျိုးတွေများထဲမှ  ရေမြေ၊ ရာသီဥတုနဲ့ကိုက်ညီပြီး အရည်အသွေးကာင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်တဲ့မျိုးတွေကိုရွေးခြင်း၊ အမည်ပေးခြင်း၊ စံပြစိုက်ခင်းအနေဖြင့်စိုက်ပျိုးခြင်း၊ အခြေခံမျိုးထုတ်လုပ်ဖို့စိုက်ပျိုးခြင်းတို့ပါဝင်လာတယ်။

(၄) မျိုးပွားခြင်း

မျိုးသစ်ရွေးချယ်စိုက်ပျိုးထားတဲ့မျိုးများမှ အကောင်းဆုံးသောမျိုးကို အဆင့်ဆင့်မျိုးပွားခြင်း၊ စစ်ဆေးခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှထောက်ခံချက်ရယူခြင်း၊ စနစ်တကျရိတ်သိမ်းခြင်း၊ စနစ်တကျအခြောက်ခံခြင်းတို့ပြုလုပ်ရပါမည်။

(၅) သန့်စင်ပြုပြင်ခြင်း

မျိုးပွားရိတ်သိမ်းပြီးသော မျိုးများကိုသန့်စင်ခြင်း၊ အရွယ်အစားခွဲခြင်း၊ ပိုးမွှားရောဂါဆေးလူနယ်ခြင်းတို့ပြုလုပ်ရပါတယ်။

(၆) သိုလှောင်ဖြန့်ဖြူးခြင်း

နောက်ဆုံးအဆင့်အနေဖြင့် စနစ်တကျထုတ်ပိုးခြင်း၊ ဖြန်းဖြူးရောင်းချခြင်းတို့ကိုဖြစ်ပါတယ်။

 

မျိုးသန့်မျိုးကောင်းမျိုးစေ့တွေကို အသုံးပြုခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ

  • မူလဗီဇ အရည်အသွေးကိုထိန်းသိမ်းထားနိုင်ခြင်း
  • အပင်ပေါက်နှုန်းကောင်းမွန်ညီညာခြင်း
  • ရာသီဥတုပိုးမွှားရောဂါဒဏ်ပိုမိုခံနိုင်ခြင်း
  • ပေါင်းမြက်ကင်းစင်ခြင်း
  • ပိုးမွှားရောဂါကင်းရှင်းခြင်း
  • ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်ညီညာသဖြင့် ရိတ်သိမ်းချိန်တွင်တစ်ပြိုင်တည်းရိတ်သိမ်းနိုင်ခြင်း၊ အလေအလွင့်နည်းပါးခြင်း
  • မျိုးကွဲမပါခြင်း
  • အထွက်နှုန်းပိုထွက်ခြင်း
  • သီးနှံအရွယ်အစားညီခြင်း၊အရည်အသွေးကောင်းသဖြင့်စျေးကောင်းရခြင်းစသည့် အကျိုးကျေးဇူးများစွာကိုရရှိနိုင်မှာဖြစ်ပါတယ်။

 

.......အားလုံးပဲစိုက်ပျိုးရေးအဆင်ပြေကြပါစေ........

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်