ဆား/ ဆပ်ပြာပေါက်မြေကို ပြုပြင်၍ရ/ မရ ဘယ်လိုသိနိုင်မလဲ

03/01/2018 16:51 PM တွင် ဦးထင်အောင်ရှိန် ဦးထင်အောင်ရှိန် မှ ရေးသား

၁။ တွေ့ကြုံခဲ့ရေသော ဆားပေါက်မြေ

တွေ့ခဲ့ရပြန်ပါပြီ။ နောက်ဆက်တွဲမြေပြဿနာဖြစ်တဲ့ “ဆပ်ပြာပေါက်မြေ” ဖြစ်နေရတဲ့ တောင်သူဒေသက မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာနေ ဒေါ်ခင်ပြုံးကြည်ရဲ့မေးခွန်းက “စပါးစိုက်ခင်းမှာ ရေတင်လိုက်တဲ့ အခါမြေမှာ ချော်ဖြစ်သွား သလိုမျိုးဖြစ်သွားပါတယ်။ ပြီးတော့လည်းယာမြေမှာ ဆေးရွက်ကြီးစိုက်ခင်းမှာ ရေတင်လိုက်တဲ့အခါ မြေမှာမာပြီးတော့ ကျွတ်ဆတ်ဆတ်ဖြစ်ပြီး ထွန်လို့မရပါ။ ကျောက်မှုန့်(ဂျစ်ပဆန်) ပက် လိုက်မှ မြေကြီးကထွန်လို့ကောင်းသွားပါတယ်။” လို့ မေးထားပါသည်။

ယခုကဲ့သို့ ဒေါ်ခင်ပြုံးကြည်လိုတောင်သူတွေ၊ စိုက်ခင်းတွေ ဘယ်လောက်များများ ဖြစ်ပေါ်နေသလဲဆိုတာ ကွင်းဆင်းကြည့်မှ ပိုပြီးတိတိကျကျ သိရှိဖြေရှင်းနိုင်မှာဖြစ်ပါသည်။ အကယ်၍သာ ဒီလိုပဲ လိုက်ပိုက်ကြည့် နေပြီး မဖြေရှင်းနိုင်ခဲ့ရင် တောင်သူ၏ စီးပွားရေး၊ လူမှုရေးများ ထိခိုက်လာနိုင်ပြီး ၎င်းတို့ ထုတ်လုပ်မှု စွမ်း အားကျဆင်းသွားမည်ဆိုလျှင် စားသုံးသူများအတွက် ရှေ့ကိုများ ဘယ်လိုများခရီးဆက်ကြမလဲ? လွယ်လွယ် တွေးရင်တော့ ဂျုံစိုက်ဧကလျော့နည်းသွားလို့ပါ မုန့်ပဲစားတော့မယ်ဆိုတဲ့ “ဟာသ” လေးလို၊ ဘာမှစိုက်မဖြစ် တော့တဲ့မြေနဲ့ သီးနှံစိုက်တဲ့တောင်သူတွေ (ဒီ၃ချက်) ညီညွတ်မျှတမှု မရှိတော့ဘူးဆိုရင် ကဲဘာဆက်ဖြစ်မလဲ ကြည့်ရအောင် လို့ဘဲပြောလိုက်ချင်ပါသည်။

၂။ “ မြေဆီလွှာပြုပြင်၍ရ / မရ စစ်ဆေးနည်း”

ဖော်ပြပါ (တင်ပြလာ) သော မြေအမျိုးအစားများတွေ့ရှိပါက ဓါတုဗေဒပစ္စည်းများဖြင့် ပြုပြင်၍ရ/ မရ စစ်ဆေး နည်းခြင်းဖြင့် ကြိုတင်သိရှိစစ်ဆေးနည်းကို တင်ပြလိုက်ပါသည်။ သို့မှသာ မြေဆီလွှာ ပြဿနာဖြစ်ပေါ်နေ သော တောင်သူ (စိုက်ပျိုးသူ) ၏ အခက်အခဲ အကူအညီပေးနိုင်မှုကို သေချာစွာ ဆုံးဖြတ်နိုင်ပြီး၊ တိတိကျကျ ကူညီ၍ရေရှည်တည်တံ့သော စိုက်ပျိုးရေးကြီးထွန်းကားစေနိုင်မည်ဖြစ်ပါသည်။

ပြုလုပ်နည်းမှာ - မြေဆီလွှာပြဿနာဖြစ်ပေါ်နေသော မြေ၏အပေါ်ယံလွှာ (၆) လက်မမှ မြေနမူနာ (၂)ပေါင် ခန့်ကိုယူပြီး အရိပ်တွင်ခြောက်သွေ့အောင် အခြောက်ခံပါ။ ထို့နောက် ကြေညက်အောင် အမှုန့်ကြိတ်ပါ။ ၎င်း အမှုန့်များကို တစ်ဝက်ဆီခွဲပါ။ တစ်ပုံတွင် ကျောက်မှုန့် ဟင်းစားဇွန်းကြီးတစ်ဇွန်းထည့်၍ သမအောင်မွှေ ရ မည်။ ကျန်တစ်ပုံကို ဘာမှထည့်ရန် မလိုပါ။

ပုံတွင်ဖော်ပြထားသော ဘီယာဘူးခွံကို အသုံးပြု၍ (အချိုရည်သံဗူး) အဆိုပါမြေ (၂) မျိုးကို အချင်းဝက် (၃-၄) လက်မခန့် အမြင့်(၄-၆) လက်မရှိသော ၎င်းသံဘူးအတွင်း သုံးပုံနှစ်ပုံခန့်ထိ ထည့်ပေးရမည်။ မြေမှုန့်များ သိပ် သည်းသွားစေရန် (၁၀) ကြိမ်ခန့် အနည်းငယ်စောင့်ပေးပါ။ သံဘူးအောက်ခြေမှ ၄ ပုံ ၁ ပုံ အပါက်ငယ် တစ် ပေါက် ဖောက်ပေးပါ။ ထို့နောက်သံဘူးအတွင်းသို့ ရေကို ဖြည်းညင်းစွာ လောင်းထည့်ပါ။ မြေမှုန့်များရွှေ့လျားမှု သက်သာစေရန် ဖြစ်ပါသည်။ ရေများသည် မြေမှုန့်များကိုဖြတ်သန်း၍ ဘူးခွံအောက်ခြေအပေါက်မှ စိမ့်ထွက် လာသောအခါ၊ ၎င်းရေများကို ဖန်ခွက်ဖြင့် ခံယူပါ။ ကျောက်မှုန့်ထည့်သော ခွက်မှကျလာသောရေများ ဖန်ခွက် တစ်ဝက်ခန့်ရောက်လာသောအခါ မြေသားသက်သက်ထည့်ထားသောခွက်မှ ရေပမာဏနှင့် နှိုင်းယှဉ်ကြည့်ရ မည်။ အဖြေကတော့ - ကျောက်မှုန့်ထည့်ထားသောခွက်မှ ကျသောရေသည် မထည့်သောခွက်မှ ကျသောရေ ထက် (၂) ဆ ရှိပါမှ ထိုမြေ (နမူနာပြ) များကို ကျောက်မှုန့်ထည့်၍ ပြုပြင်ပါက အကျိုးရှိနိုင်မည် ဖြစ်ပါသည်။ အကယ်၍ ရေလုံးဝကျမလာပါက (သို့မဟုတ်) ရေကျမှု ပမာဏနည်းနေပါက၊ ဓါတုပစ္စည်းများဖြင့် ပြုပြင်၍ မရနိုင်ဘဲ ဆပ်ပြာပေါက်မြေ (Sodic soil) ဖြစ်နေပြီဟု သတ်မှတ်ကာ ဆပ်ပြာချက်လုပ်ရန်သာ အသုံးပြုသင့် ပါသည်။ ပြုပြင်၍မရနိုင်တော့ပါ။

ထို့ကြောင့် အပူပိုင်းဇုံ (အညာဒေသ) CDZ ဧရိယာများတွင်နေထိုင်ကြပြီး သီးနှံစိုက်ပျိုး ထုတ်လုပ်နေကြသော တောင်သူများစွာတို့အတွက် ယခုကဲ့သို့သော မြေဆီလွှာစစ်ဆေးမှုများ ပြုလုပ်ခြင်းအားဖြင့် မြေပြုပြင်ရမရ သိရှိကာ လိုအပ်သောပြုပြင်မှု (Soil reclamation) များပြုလုပ်၍ မြေပြင်ပေးနိုင်မည်ဖြစ်ပါသည်။ မြေပြုပြင်၍ မြေဆီလွှာ ကျန်းမာကြံ့ခိုင်မှသာလျှင် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအတွက် ထွက်ငွေနှင့်ဝင်ငွေတို့သည် ကိုက်ညီစေပြီး (ညီညွတ်မျှတ) နောက် မိမိမျှော်မှန်းသော သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကောင်း ရရှိပါ မည်။

၃။ ဆားပေါက်၊ ဆပ်ပြာပေါက် မြေများ၏ဖြစ်စဉ်အဆင့်ဆင့်

တွေ့ကြုံနေကြရသော မြေဆီလွှာ (ဆား၊ ဆပ်ပြာ) ပေါက်မြေများတွင် ဓာတုဗေဒပစ္စည်းများ ထည့်သွင်းလိုက် သောအခါ အောက်ပါ အဆင့် (၃) ဆင့် ဖြစ်ပေါ်စေပါသည်။

(၁) ကန့်+အောက်ဆီဂျင်+ရေ ဆာလဖျူရစ်အက်ဆစ်

(၂)ဆာလဖျူရစ်အက်ဆစ်+ထုံး ကျောက်မှုန့်+ကာဗွန်ဒိုင်အောက်ဆိုဒ်+ရေ

(၃) ကျောက်မှုန့်+ဆပ်ပြာပေါက်မြေ ကယ်လဆီယမ်မြေ+ ဆိုဒီယမ်ဆာဖိတ်

မြေပြုပြင်ရေး လုပ်ငန်းများပြီးပြည့်စုံရေးအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းမှာ အဆိုပါ ဆိုဒီယမ်ဆားများ (ဆိုဒီယမ်ဆာလဖိတ်) ကို သီးနှံပင်များ၏ အမြစ်ဆုံအောက်သို့ရောက်ရှိအောင် ရေဖြင့် စိမ့်ဆင်းစေခြင်းဖြစ်ပါ သည်။ ရေမပေးနိုင်ပါက မြေအောက်လွှာ (သို့) ရေထုတ်မြောင်းမှ ဆိုဒီယမ်ဆားများ မစီးဆင်းဘဲ၊ သီးနှံပင် များကို အဆိပ်သင့်ပျက်စီးစေပါသည်။ လိုအပ်သောရေပမာဏမှာ တစ်ဧကပေ၊ နှစ်ဧကပေ၊ သုံးဧကပေ စ သည်ဖြင့် ဆားပါဝင်မှု ပမာဏပေါ်မူတည်၍ ရေသွင်းပေးရမည်။ (ရေတစ်ဧကပေသည် ၂၇၁၈၁၄ ဂါလံနှင့် ညီ)

ဓါတုဗေဒ ပစ္စည်းများ၊ ထည့်သွင်းပြုပြင်ရာတွင် မြေတွင်ရှိသော ဆိုဒီယမ်ဆားများ စိမ့်ဆင်းသွားစေရန် အ တွက် ကျွဲ၊ နွားစာ စားကျက်မြေများအတွက် အပေါ်ယံ မြေ ၃ - ၄ လက်မထိ လည်းကောင်း၊ စိုက်ပျိုးသီးနှံများ အတွက် ၆ - ၉ လက်မထိ လည်းကောင်း၊ ဝါသီးနှံ အတွက်(၁၂ - ၁၈) လက်မထိ လည်းကောင်း၊ အမြစ်ကြီး ထွားမှုအလိုက် ၎င်းဆိုဒီယမ်ဆားများ စိမ့်ဆင်းအောင်ဆောင်ရွက်ပေးရပါမည်။

ဆပ်ပြာပေါက်မြေ (Sodic Soil) တွင် ကျောက်မှုန့်(gypsum) ထည့်ပေးရန်အတွက် ထည့်သွင်းပေးရမည့် ပမာဏကို အောက်ပါ ညီမျှခြင်းအရ လုပ်ဆောင်ပေးရမည်။

Gypsum requirement = (ESPo - ESPd) ×CEC x B x D x 20.04

ESPo = မူလဆားဖလှယ်မှု%

ESPd = မျှော်မှန်းသော ESP တန်ဖိုး

CEC = ဓါတ်ဖိုဖလှယ်နိုင်စွမ်းအား

B = Balk density( မြေ၏သိပ်သည်းဆ)

D = Soil depth (cm) တို့ဖြစ်ပါသည်။

ထို့ကြောင့် မိမိတို့ စိုက်ခင်းအတွင်းတွေ့ရှိရသော ဆားပမာဏကို တိုင်းတာပြီးနောက် မိမိစိုက်ပျိုးဖော်ထုတ် နိုင်သော သီးနှံအောင်မြင်ဖြစ်ထွန်းရေးအတွက် Soil test (မြေဆီလွှာ စမ်းသပ်စစ်ဆေးပြီး) မှ ဆောင်ရွက်ကြ ရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

ဉီးထင်အောင်ရှိန် (ဘိုးရာဇာ)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်