ENI ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုဖြင့် မကွေး၊ မင်းလှ၊ မြို့သစ်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော PC Myanmar စီမံကိန်းမှ ထုတ်လွှင့်ပေးမယ့် မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနက "မြေဆီလွှာဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု ကဏ္ဍ"ရေဒီယိုအစီအစဉ်လေးပဲဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီးအတွက် မြေဆီလွှာ ထိန်းသိမ်းစောင့်ရှောက်နည်းများ၊ တောင်သူတွေ သိသင့်သိထိုက်သော မြေဆီလွှာအမျိုးအစား ၆ မျိုး အကြောင်း၊ မတူညီသော မြေအမျိုးအစားများပေါ်တွင် စိုက်ပျိုးနိုင်သော မတူညီသည့် သီးနှံအမျိုးအစားများ၊ မြေဆီလွှာအဆင့်အတန်း၊ မြေဆီလွှာတွင် ပါဝင်သော အာဟာရဓာတ်ပါဝင်မှု၊ မြေဆွေးဓာတ်ပါဝင်မှု၊ မြေဆီလွှာကောင်းမွန်အောင် လုပ်ဆောင်နည်းများ၊ နှမ်း၊ မြေပဲ၊ ဝါ သီးနှံများအတွက် အာဟာရဆိုင်ရာ စီမံခန့်ခွဲမှုများ၊ ပန်းတိုင်အထွက်နူန်း ရရှိစေရန် ပြုလုပ်ရမည့်အချက်များ၊ သဘာဝမြေသြဇာ ရရှိနိုင်သော နေရာများ၊ မြေဆွေး၏ ကောင်းမွန်သော လက္ခဏာများ၊ မြေဆွေးပုံ၊ မြေဆွေးကျင်း ပြုလုပ်နည်း၊ သုံစွဲနည်းများကို အစိမ်းရောင်မှ PC Myanmar နဲ့ပူးပေါင်းပြီး ယခုအစီအစဉ်ကို တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင့်။
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
PC Myanmar