အပင်ကြီးတွေကို ဘယ်လိုရှင်းကြမလဲ

23/12/2019 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မလိုအပ်ပဲပေါက်နေတဲ့ အပင်တွေကို ပေါင်းပင်လို့ ဆိုကြတယ်။ အပင်ကြီးတွေပါ ပါနေတယ်ဆိုရင်ရော ခုတ်လှဲပစ်တာမျိုးလုပ်ပေးရမှာပေါ့လေ။ အဲ့လိုအပင်တွေခုတ်လှဲရင် အန္တရာယ်နည်းနည်းများတော့ အပင်တွေကို အချိန်ကုန်ချင်ကုန်ပါစေ စောင့်မယ်။ သူ့ဘာသာသေအောင်လုပ်ပေးဖို့ အတွေးရှိနေတယ်ဆိုရင် ဖတ်ကြည့်လိုက်ပါတော့။

နည်းလမ်းက ()မျိုးတောင်ရှိပါတယ်။

ပထမနည်းလမ်း - အခေါက်ခွာခြင်း

အခေါက်မှာ အပင်တွေရဲ့ အစာကြောနဲ့ရေကြောတည်ရှိတာကြောင့် အခေါက်ကို ခွာပစ်လိုက်တယ်ဆိုရင် အပင်က သေသွားနိုင်ပါတယ်။ အခေါက်ခွာဖို့အတွက် နေရာရွေးမယ်ဆိုရင် ကိုယ်ခွာလို့ရတဲ့နေရာ ကိုယ်အားထည့်ပြီးခွာလို့ လွယ်တဲ့နေရာကို ရွေးလိုက်ပါ။

အစေးမစင်အောက် မျက်မှန်တပ်ပါ။ လက်အိတ်စွပ်ပါ။ အခေါက်ခွာတဲ့ ဓားကိုသုံးပြီးတော့ အပင်ပတ်ပတ်လည်က အခေါက်လေးတွေကို ခွာထုတ်လိုက်ပါ။ အခေါက်အကုန်ကွာအောင် ခွာထုတ်ပေးရမှာ ဖြစ်ပါတယ်။ အောက်က အတွင်းသားပေါ်တဲ့အထိ ခွာပေးပါ။ အခေါက်ပါးတဲ အပင်တွေဆိုရင် လက်မဝက်လောက် လိုအပ်ပြီးတော့ အခေါက်ထူတဲ့ အပင်တွေအတွက်ဆိုရင်တော့ တစ်လက်မကနေ တစ်လက်မခွဲလောက် လိုအပ်တာဖြစ်ပါတယ်။

အဲ့လို အခေါက်ခွာထားတာက တစ်ကြောင်းကိုဆိုရင် တစ်လက်မ ကနေ နှစ်လက်မလောက် ရှိရပါမယ်။ ပထမဆုံး အခေါက်ခွာပြီးရင် နောက်ထပ် အောက်ဖက်မှာဖြစ်ဖြစ် အပေါ်ဖက်မှာဖြစ်ဖြစ် ၂ လက်မကနေ ၄လက်မ အကွာမှာ နောက်ထပ်အခေါက်ထပ်ခွာရမှာ ဖြစ်ပါတယ်။ အဲ့တော့ အပေါ်ဖက်မှာ တစ်ကွင်း အောက်ဖက်မှာ ခွာထားတာတစ်ကွင်းဖြစ်နေမှာပါ။

အောက်ဖက် ကွင်းက အခေါက်လေးမှာ ပေါင်းသတ်ဆေးထည့်ပေးပါ။ အညွှန်းမှာပါတဲ့အတိုင်း ရောစပ်ပြီးတော့မှ သုံးပေးရမှာဖြစ်ပါတယ်။ ပေါင်းသတ်ဆေးထည့်တဲ့အခါမှာတော့ အချိန်လေးယူပြီးတော့ ဆေးလေးထည့်ပေးလိုက် ခြောက်သွားရင် ထပ်ထည့်လိုက်နဲ့ လုပ်ပေးပါ။ ပေါင်းသတ်ဆေးကိုသုံးနေတဲ့အချိန်မှာတော့ အချိန်လေးနည်းနည်းပေးပါ။ ပြီးတော့ တစ်ကိုယ်ရေသုံးအကာအကွယ်လေးတွေ ဝတ်ဆင်သုံးစွဲပါ။

ပေါင်းသတ်ဆေးထည့်ပေးပြီးတဲ့အခါ အနည်းဆုံး ()ပတ်လောက်တော့ စောင့်ပေးရမှာ ဖြစ်ပါတယ်။ အမြစ်ထဲကိုပေါင်းသတ်ဆေးဝင်ရောက်သွားပြီး တစ်ပင်လုံးကိုပျံ့နှံ့သွားအောင်လည်း အချိန်စောင့်ပေးရမှာ ဖြစ်ပါတယ်။ ဒါကတော့ ပထမနည်းပါပဲ။

ဒုတိယနည်းလမ်း - ပုဆိန်နဲ့ပေါက်

အမယ် အပင်မခုတ်ချင်လို့ပါဆို ပုဆိန်နဲ့တောင် လာပေါက်ခိုင်းနေသေး ...။ အဲ့လိုပေါက်ခိုင်းတာမဟုတ်ပါဘူး။ တစ်ချက် နစ်ချက်လောက်ပေါက်ရမှာပါ။

လက်ကိုင်ဆေးဖျန်းတဲ့ဘူးလေးထဲမှာ ပေါင်းသတ်ဆေးကို တစ်ခါဖျန်းစာ အညွှန်းအတိုင်းကို သေချာဖျော်စပ်ထားပေးပါ။ အဲ့ဆေးဖျော်ပြီးရင် ပေါက်ဆိန်နဲ့ပေါက်ထားတဲ့နေရာတိုင်းကို လိုက်ဖျန်းပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ပေါင်းသတ်ဆေးတစ်မျိုးတည်းကိုပဲ ပြင်ဆင်ထားပေးပါ။

အားပါပါနဲ့ပုဆိန်ကိုင်ပြီး အရင်းကနေ အဖျားကို အစောင်းလိုက်လေးခုတ်ပါ၊ အဲ့တော့ အရင်းဖက်မှာ အခေါက်ကွာသွားတယ်ဆိုရင် ရပါပြီ။ အကျယ်က ()လက်မဆို လုံလောက်ပါတယ်၊ ပုဆိန်ကြီးကြီးသုံးရင်တော့ အကျယ်က ပိုထွက်လာမှာပေါ့လေ။ တစ်ချက်တည်း အားပါးတရခုတ်ပါ။ ပြတ်ထွက်အောင်လည်း မခုတ်ပါနဲ့။

ပြီးတော့ ခုနက ပြင်ဆင်ထားတဲ့ ပေါင်းသတ်ဆေးကို အဲ့ဖြတ်ရာထဲမှာ နှံနေအောင်လိုက်ဖျန်းပေးပါ။ ချက်ချင်းဖျန်းပေးဖို့ လိုအပ်ပါတယ်နော်။ အဲ့လိုခုတ်ရာလေးလုပ်လိုက် ဆေးလေးဖျန်းပေးလိုက်နဲ့ဆို အဆင်ပြေသွားမှာပါ။

တတိယနည်းလမ်း - အပင်ကြီးတွေအတွက် အမြစ်ပြတ်

အပင်ကအရမ်းကြီးနေတယ်၊ လွှနဲ့လည်းဖြတ်ပြီးပြီ ဆိုရင်တော့ ကျန်ခဲ့တဲ့ငုတ်တိုကို ပေါင်းသတ်ဆေးသုံးပေးလိုက်ရင် အဆင်ပြေသွားမှာပါ။ အပင်ငယ်တွေဆိုရင်တော့ ဆေးသုတ်တံနဲ့ သုတ်ပေးလိုက်ရင် အဆင်ပြေပေမဲ့ အပင်ကြီးတွေကျတော့ အသားက ဆေးဖောက်လို့မရအောင် မာနေတတ်တဲ့အတွက် အခေါက်နားလေးတွေကို သေချာသုတ်ပေးလိုက်ရင် ရပါတယ်။

အဲ့လိုဆိုရင်တော့ အပင်တွေအမြစ်ပြတ်ပြီး နောက်ထပ်ပြန်ပေါက်နိုင်မှာ မဟုတ်တော့ပါဘူး။ ကဲ လိုက်လုပ်ကြည့်ပြီးတော့ အကျိုးများကြပါစေ..…

ထွန်းဝင်းကျော်

https://www.wikihow.com/Remove-a-Tree



မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်