လျှော်ဖြူအစေးထွက်နှုန်း ယခင်နှစ်ကထက် အထွက်နှုန်းလျော့နည်းသွား၍ မည်သို့ပြုလုပ်ရမည်ကို သိလိုပါသည်။
ပင်စည်အခုံး (အကုံး) ရှိသောနေရာတွင် ဓါးဖြင့် အစေးထုတ်မိလျှင် အစေးထွက်နှုန်းနည်းလာနိုင်ခြင်း၊ ပင်စည်အား အစေးဖြတ်ထားပြီး (၂) ပတ် (၃) ပတ်သားအကြာတွင် အခေါက်နှင့် အသားကြားရှိ ကျီးပေါင်းခေါ် အသားနုလွှာ ကောင်းစွာဖြစ်ပေါ်လာပြီးသည်အထိ ဓါးဖြင့် ပါးပါးရှပ်ပြီးလှီးပေးခြင်းအားဖြင့် အစေးကြောများပွင့်လာပြီး (၁) ပတ်ခြား (၁ - ၂) ကြိမ် ပြုလုပ်ပေးခြင်းဖြင့် မန်းနပ်သွားမှ အစေးများ နေ့စဉ်ထွက်ရှိလာနိုင်ခြင်း၊ အစေးထွက်ရှိရန် လက်ရှိလုပ်ကိုင်နေကြသော ဓါးထစ်အစေးထုတ်နည်းတွင် ပင်စည်ကို ဒဏ်ရာကြီးစွာရရှိပြီး ကြိမ်ဖန်များစွာ လိုအပ်သည်ထက် အတိုင်းအဆမရှိ အစေးထုတ်ယူခြင်းကြောင့် အစေးထွက်အားနည်းခြင်း၊ အစေးထွက်ရှိမှုသည် မိုးရေချိန် အနည်းအများပေါ်တွင်မူတည်၍ မိုးများလျှင် အစေးထွက်အားကောင်းပြီး မိုးနည်းလျှင် အစေးထွက်နည်းနိုင်ခြင်း၊ အစေးမပြတ်ထွက်ရန် အပင်၏အခြေအနေပေါ်တွင်မူတည်ပြီး လိုအပ်သလို မန်းပြင်ပေးရပါသည်။ မန်းပြင်သူ၏ နားလည်ကျွမ်းကျင်မှုနှင့် သက်ဆိုင်ပါကြောင်း၊ အစေးထွက်နှုန်း ပိုမိုကောင်းမွန်စေရန် မိမိစိုက်ခင်းအား အစာနှင့်ရေကို လိုအပ်သလို ဖြည့်ဆည်းပံ့ပိုးပေးရပြီး ပုံမှန်ထိန်းသိမ်းပြုစုပေးပါက အစေးထွက်အား ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more