စပါးခင်းများတွင် ရေညှိများ အလွန်များနေသဖြင့် မည်သို့ပြုလုပ်ရမည်ကို သိလိုပါသည်။ (ဦးထွန်းလှ၊ ရွှေဘိုမြို့နယ်)
စပါးခင်းတွင် ပုလဲမြေဩဇာသုံးစွဲမှုများလျှင်လည်းကောင်း၊ မြေချဉ်လျှင်လည်းကောင်းဖြစ်တတ်ပါသည်။
- ရေသွင်းရေထုတ်ပြုလုပ်ပေးပါ။
- သဘာဝမြေဩဇာများ သုံးစွဲပေးပါ။
- ထုံးဖြူးပေးပါ။
- ကော့ပါး အောက်စီကလိုရိုက် Copper Oxichloride ကို ဆေးဖျန်းပုံးတစ်ပုံး လျှင် (၅၀) ဂရမ်ဖြင့် ဖျန်းပေးပါ။
- တစ်ဧကကို ဒုတ္ထာ (၅)ပေါင်/(၁၀)ပေါင် (သို့) ကော့ပါးဟိုက်ဒြောဆိုက်ကို သုံးနိုင်ပါသည်။
- ဆေးသုံးပြီးလျှင် ကန်သင်းလုံအောင်လုပ်ပေးပါ။ ရေလျှော့၍ရလျှင် ရေနည်းနည်းလျှော့ပြီးမှ ဆေးသုံးပါ။
- မြေဩဇာသုံးလျှင်လည်း ကျောက်မှုန့်ထည့်သုံးပေးပါ။
- Coptrol (CuSO4) အရည် (၁) လီတာလျှင် (၁) ဧကနှုန်းသုံးပါ။ ရေ ၄ လက်မလျှင် ၀.၈ လီတာ/ဧက၊ ရေ ၆လက်မလျှင် ၁.၂ လီတာ/ဧက၊ ရေ ၆ လက်မအထက် ၁.၆ လီတာ/ဧက
Ref; ဒေါ်ဝါဝါသိန်း (ဒု-ညွှန်ကြားရေးမှူး)၊ မြေအသုံးချရေးဌာနခွဲ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
စိုက်ပျိုးရေးဉီးစီးဌာန