အော်ဂဲနစ်စနစ်နဲ့ လျှော်ဖြူစိုက်မယ်ဆိုရင်..

19/09/2019 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   လျှော်ဖြူစိုက်ပျိုးထုတ်လုပ်ကြသူများဟာ ပြည်တွင်းလျှော်ဖြူဈေးကွက် တည်ငြိမ်မှုမရှိတဲ့အခါမှာ တရုတ်နိုင်ငံအပြင် ဂျပန်နှင့် ဥရောပနိုင်ငံတွေအထိကို တင်ပို့ရောင်းချနိုင်ဖို့ ကြိုးစားလာကြပါတယ်။ 

   ဒီအခါမှာ တစ်ဖက်ကုန်သည်တွေက အော်ဂဲနစ်ဖြစ်လား? အော်ဂဲနစ်လျှော်ဖြူရနိုင်မလား? ဆိုတဲ့ မေးခွန်းတွေကနေတဆင့် ပြည်တွင်းမှာလည်း လျှော်ဖြူကို အော်ဂဲနစ်ဖြစ်အောင် စိုက်ပျိုးထုတ်လုပ်ကြရမယ်လို့ ဆော်သြသူက ဆော်သြလာကြပါတယ်။

   အဲ့ဒီလိုပဲ ''အော်ဂဲနစ်လျှော်ဖြူပါ'' လို့ အာမခံရောင်းချသူတွေလည်း ပေါ်လာကြပါတယ်။ 

   ဒီနေရာမှာ အော်ဂဲနစ်စနစ်ရဲ့ အခြေခံစည်းမျဉ်းအနည်းငယ်ကို ကျွန်တော်ပြောလိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ စိုက်ပျိုးရေးသမားတော်တော်များများ ရှောင်လွှဲဖို့မလွယ်တဲ့ အော်ဂဲနစ်ရဲ့ အခြေခံစည်းမျဉ်းတွေကို ပြောပြချင်ပါတယ်။

(၁) အော်ဂဲနစ်သီးနှံထုတ်လုပ်မည့်မြေကြီးမှာ ပေါင်းသတ်ဆေးကို အနှစ်(၂၀)အတွင်း သုံးစွဲထားခြင်း မရှိရပါဘူး။

(၂) အော်ဂဲနစ်သီးနှံထုတ်လုပ်မယ့်မြေမှာ Heavy Metal တွေ မပါဝင်ရပါဘူး။ (မြေအသုံးချဌာနမှာစစ်ဆေးပြီး အော်ဂဲနစ်ပညာရှင်များရဲ့ ထောက်ခံချက် ရယူရပါမယ်)

(၃) ပိုးသတ်ဆေးကို ကိုယ်တိုင်သုံးဖို့မပြောနဲ့။ အော်ဂဲနစ်စိုက်ပျိုးမယ့်ခြံရဲ့ တစ်မိုင်ပတ်လည်အတွင်းမှာ ဓာတုပိုးသတ်ဆေးများအပါအဝင် ဆေးရွက်ကြီးလိုပိုးသတ်ဆေးတောင် မသုံးစွဲရပါဘူး။

(၄) နေမကောင်းတဲ့လူတွေအပါဝင် တိရစ္ဆာန်တွေလည်း ခြံထဲကို အဝင်အထွက်လုပ်လို့ မရပါဘူး။

(၅) နွားချေး၊ ဆိတ်ချေးတွေအပါအဝင် မည်သည့်အညစ်အကြေးကိုမှ ခြံထဲကို တိုက်ရိုက်သုံးစွဲခွင့်မရှိပါဘူး။ မြေဆွေးလုပ်ပြီးမှပဲ သုံးစွဲလို့ရပါမယ်။

   ဒါတွေဟာ အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ရဲ့ အခြေခံစည်းမျဉ်းတွေထဲက တချို့သာဖြစ်ပါတယ်။

   အော်ဂဲနစ်လို့အော်နေသူတွေဟာ ဒီအချက်တွေနဲ့ ဘယ်နှစ်ချက် ငြိစွန်းနေပြီလဲ? ဒါတောင် စည်းမျဉ်းအကုန်မဟုတ်သေးပါဘူး။ အလုပ်သမားခပေးတာကအစ စနစ်တကျကန့်သတ်တဲ့ တချို့ အော်ဂဲနစ်အဖွဲ့စည်းတွေလည်း ရှိပါတယ်။ 

    ဒီနေ့ကစပြီး ''လျှော်ဖြူကို အော်ဂဲနစ်နဲ့ စိုက်ချင်လို့ပါ။ ဘယ်လိုစိုက်ရမလဲ? ''လို့မေးတဲ့မိတ်ဆွေများအနေနဲ့ ''အထက်ပါအချက်(၅)ချက်ကို ဆောင်ရွက်နိုင်မှမေးပါ'' လို့ပြောရင်း နိဂုံးချုပ်လိုပါတယ်။ 

ကျော်မျိုးထွန်း (စိုက်ပျိုးရေး)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်