ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အပိုင်း(၂)

14/01/2022 15:15 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပဲမျိုးစုံသီးနှံများအထွက်နှုန်းတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲ ကျင့်သုံးရန် လိုအပ်သောအချက်များအနေဖြင့်-

၁။ ဒေသမျိုးများ၏အရည်အသွေးညံ့ဖျင်းခြင်း

အထွက်နှုန်းကျ၍ အရည်အသွေး ညံ့ဖျင်းသောဒေသမျိုးများကို ဒေသနှင့်ကိုက်ပြီးအထွက်နှုန်းကောင်းမွန်၍ အရည်အသွေးမြင့်မားသောမျိုးများဖြင့် ပြောင်းလဲစိုက်ပျိုးရန် လိုအပ်သည်။

၂။ မျိုးကောင်းမျိုးသန့်ပွားများမှုအားနည်းခြင်း

မျိုးကောင်းမျိုးသန့်ပွားများမှုကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်သည်။

၃။ စက်ကိရိယာတိုးချဲ့သုံးစွာရန်လိုအပ်ခြင်း

ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာတွင် ကျွဲ နွားအင်အားကိုသာ အဓိကထား၍ ဆောင်ရွက်ကြသဖြင့် ပထမသီးနှံရိတ်သိမ်းမှုနောက်ကျခြင်း၊ သီးထပ်သီးနှံအစိုဓာတ်မီအောင် မြေယာပြုပြင်စိုက်ပျိုးနိုင်မှု အားနည်းခြင်းတို့ကြောင့် အထွက်နှုန်းကို ထိခိုက်စေသည်။ ထို့ကြောင့် လယ်ယာသုံးစက်ကိရိယာများ သုံးစွဲခြင်းကို ဆောင်ရွက်ရမည်။

၄။ မြေသြဇာလုံလောက်စွာသုံးစွဲနိုင်မှုမရှိခြင်း

ပဲမျိုးစုံစိုက်ပျိုးရာတွင် ဓာတ်မြေသြဇာ၊ ပဲမြစ်ဖုဇီဝမြေသြဇာ၊ ဇီဝစူပါမြေသြဇာနှင့် သဘာဝမြေသြဇာများကို သုံးစွဲလျက်ရှိသည်။ သို့သော် သတ်မှတ်ထားသည့် နှုန်းထားအတိုင်း သုံးစွဲနိုင်မှုမရှိခြင်း၊ ဧရိယာပြည့်ဝစွာ ထည့်သွင်းအသုံးမပြုနိုင်ခြင်းတို့ကြောင့် မျှော်မှန်းသည့် အထွက်နှုန်းမရှိပေ။ ထို့ကြောင့် မြေသြဇာများ အပြည့်အဝသုံးစွဲနိုင်ရန် ဆောင်ရွက်ရမည်။

၅။ အစိုဓာတ်

ပဲမျိုးစုံသီးနှံအထွက်နှုန်းတိုးတက်စေရန် အပင်သက်တမ်းအလိုက်လုံလောက်သော အစိုဓာတ်ပြည့်ဝစွာရရှိရန်လိုအပ်သည်။ သို့ရာတွင် ပထမသီးနှံရိတ်သိမ်းချိန်နောက်ကျခြင်း၊ သီးထပ်စိုက်ပျိုးရန် မြေယာပြုပြင်ချိန်နောက်ကျခြင်းနှင့် ရေပေးသွင်းနိုင်မှုအားနည်းခြင်းတို့ကြောင့် အစိုဓာတ်လုံလောက်မှုမရှိပဲ သီးနှံအထွက်နှုန်းကို လျော့နည်းစေသည်။ ထို့ကြောင့် လိုအပ်သောအစိုဓာတ်ပြည့်ဝစွာရရှိစေရေးအတွက် ပထမသီးနှံကို အချိန်စောစိုက်ပျိုးခြင်း၊ သက်တမ်းတိုသည့်မျိုးများ ရွေးချယ်စိုက်ပျိုးခြင်း၊ ပထမသီးနှံရိတ်သိမ်းခြင်းနှင့် သီးထပ်သီးနှံစိုက်ပျိုးရာတွင် မြေပြုပြင်စဉ် စက်ကိရိယာများအသုံးပြုခြင်း၊ ရေရရှိနိုင်သောနေရာများတွင် စနစ်တကျရေပေးသွင်းခြင်းများ ဆောင်ရွက်ပေးရန်လိုအပ်သည်။

၆။ ရောဂါပိုးမွှား၊ ပေါင်းမြက်စနစ်တကျနှိမ်နင်းမှု

ပဲမျိုးစုံစိုက်ပျိုးရာတွင် ရောဂါပိုးမွှားကျရောက်ခြင်းနှင့် ပေါင်းမြက်ပေါက်ရောက်ခြင်းများရှိပါက သီးနှံအထွက်နှုန်းကို ထိခိုက်ကျဆင်းစေနိုင်သည့်အပြင် တစ်ခါတစ်ရံလုံးဝပျက်စီးဆုံးရှုံးစေနိုင်သည်။ သို့်ဖြစ်၍ ရောဂါပိုးမွှားများကို စနစ်တကျကာကွယ်နှိမ်နင်းခြင်း၊ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်းများကို ဆောင်ရွက်ရန်လိုအပ်သည်။

အထွက်နှုန်းကောင်းမွန်ဖို့ အရေးကြီးတဲ့အချက်များထဲမှ တစ်ချက်ဖြစ်တဲ့ အချိန်မီအလေအလွင့်နည်းအောင် စနစ်တကျကြာရှည်ခံစေရန် သိုလှောင်ခြင်း၊ အရည်အသွေးမြင့်မားစေရန် ရိတ်သိမ်းခြင်းကို အချိန်မီရိတ်သိမ်းခြင်း၊ ခြွေလှေ့သန့်စင်ရာတွင် ဖုံ၊ ခဲ၊ သလဲ၊ လုံးပိန်၊ လုံးညှပ်များဖယ်ရှားခြင်း၊ အရောင်တောက်ပြောင်အောင်ဆောင်ရွက်ခြင်း အရောင်ခွဲခြားခြင်းတို့ကိုလည်း ဂရုစိုက်လုပ်ဆောင်ရပေမည်။ 

နည်းပညာများကို အောင်ဝင်းထွဋ်၏ “မြေပဲနှင့် အခြားပဲမျိုးစုံစိုက်ပျိုးနည်း” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။ 

ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အပိုင်း(၁) ကို အောက်ပါလင့်တွင် လေ့လာနိုင်ပါသည်..

ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အပိုင်း(၁)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးဂုတ်ကျိုးရောဂါကြောင့် အထွက်နှုန်း မလျော့ပါစေနဲ့..။ #ရှူးဝါး (၇၅ ဒဗလျူပီ) စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ ဘာကြောင့် #ရှူးဝါးကို သုံးစွဲသင့်တာလဲ? 👉 ရှူးဝါးမှာ ပါဝင်တဲ့ အစွမ်းရှိပစ္စည်း Tricyclazole ဟာ မှိုတွေ အပင်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ လိုအပ်တဲ့ Melanin (အရောင်ခြယ်ပစ္စည်း) ထုတ်လုပ်မှုကို လုံးဝဟန့်တားပစ်ပါတယ်။ 👉 မှိုတွေ အပင်ထဲကို ထပ်မံမဝင်ရောက်နိုင်အောင် တားဆီးပေးလို့ နောက်ထပ် ရောဂါမပြန့်ပွားအောင် အချိန်ကြာမြင့်စွာ ကာကွယ်ပေးပါတယ်။ 👉 ပင်လုံးပြန့်အာနိသင်ရှိတဲ့အတွက် ဖျန်းပြီးတာနဲ့ အပင်အတွင်းပိုင်းထိ စိမ့်ဝင်ပြီး မှိုရောဂါတွေကို ချက်ချင်း ထိန်းချုပ်ပေးပါတယ်။ 👉 ပင်စည်ဂုတ်ကျိုးရောဂါနဲ့ အနှံဂုတ်ကျိုးရောဂါတွေကို အမြစ်ပြတ်အောင် ကာကွယ်ကုသနိုင်လို့ အထွက်နှုန်းအတွက် အပြည့်အဝစိတ်ချရ‌စေပါတယ်။ စပါးတစ်ရာသီမှာ ရှူးဝါးကို ၃ကြိမ်ပဲသုံး 👉 ပျိုးခင်းအရွယ် (သို့) ၂၀ ရက်သား (ကြိုတင်ကာကွယ်ရန်) 👉 ပင်ပွားအားကောင်းချိန် (ရောဂါကင်းစင်ရန်) 👉 စပါးနှံ ၅% ထွက်ချိန် (အနှံများ အကျိုးအပဲ့မရှိ အောင်မြင်စေရန်) ကဲ...ဦးကြီးတို့ရေ ရောဂါကင်းမှ အထွက်တိုးမည်၊ အထွက်တိုးမှ အကျိုးအမြတ်ရမည်။ ဆိုတော့ကား.. ပင်စည်သန်စွမ်း၊ အနှံဝင်းဝါဖို့ ရှူးဝါးနဲ့ အတူလက်တွဲစို့
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်