ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်ပါက ငါး၊ ပုစွန် မွေးမြူရေးကန်များ နစ်မြုပ်နိုင်သဖြင့်ကြိုတင် ကာကွယ်မှုများပြုလုပ်ထားရန် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် တိုက်တွန်း

15/08/2018 15:16 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ ဩဂုတ် ၁၄-ရန်ကုန် တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီး တို့တွင် ရေကြီးရေလျှံမှုများ ဆက် လက်ဖြစ်ပေါ်ပါက ငါး၊ ပုစွန် မွေး မြူရေးကန်များ နစ်မြုပ်နိုင်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် ကြိုတင် ကာကွယ်မှုများကို ပြုလုပ်ထားရန် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တိုက်တွန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံအောက်ပိုင်းဒေ သများဖြစ်သော ဧရာဝတီ၊ ရန်ကုန် နှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် တချို့တွင် မိုးအဆက် မပြတ်ရွာ သွန်းခြင်း၊ထူးကဲဒီရေမြင့်တက် ခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထပ်မံ၍ ဩဂုတ်လလယ်မှ စက်တင်ဘာလ လယ်အထိ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သဖြင့် ငါး၊ ပုစွန်မွေးမြူရေးကန်များအနေဖြင့် ရေကြီး ရေလျှံ မှုများကြောင့် ဆုံးရှုံး နစ်နာမှုများမဖြစ်ပေါ်စေရန် ကြိုတင် ကာကွယ်မှုများပြုလုပ်ထားရန် လိုအပ်ခြင်းဖြစ်ကြောင်း သိရသည်။
""သဘာဝဘေးအန္တရာယ်က နည်းလမ်းပေါင်းစုံနဲ့အပေါ်က မိုး ရေတွေများလို့ ပဲခူးတိုင်း၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်မှာရေကြီး နစ်မြုပ်သလို အခုလည်းထူးကဲ ဒီရေတက်တဲ့အတွက်ကြောင့် ကမ်း ရိုးတန်းဒေသတွေမှာ ဆုံးရှုံးမှုတွေ ရှိလာပါတယ်။ ဒါက ရာသီဥတု ဖောက်ပြန်တဲ့ ငြင်းလို့မရတဲ့ လက္ခ ဏာတွေဖြစ်ပါတယ်။ အခုလည်း စိုးရိမ်နေတဲ့ ဧရာဝတီမြစ်ရေက ဇလွန် အပါ အဝင် ဓနုဖြူ၊ ညောင် တုန်းဘက်တွေမှာ စိုးရိမ်ရေအမှတ် အထက်ကို ကျော်လွန်ရောက်ရှိပြီး တော့ ရေများနေပါပြီ။ မိုးရာသီက စက်တင်ဘာလအတွင်းအထိဖြစ် တော့ ကျန်ရှိနေတဲ့ တစ်လကျော် ကျော်အတွင်းမှာ အခု မြင့်နေတဲ့ ရေနဲ့နောက်ထပ် ထူးကဲ ဒီရေတွေ တက်လာမယ်ဆိုရင် အရင်နှစ်က မြုပ်ခဲ့ဖူးတဲ့ ဧရာဝတီတိုင်း၊ ပဲခူး တိုင်းက ငါးကန်ရှိတဲ့ဒေသတွေ စိုးရိမ်စရာဖြစ်တယ်။

ဆောင်းပါးအပြည့်အစုံကို ဆက်လက်ဖတ်ရှု့နိုင်ရန်...........


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်