ရန်ကုန်မြို့ရှိ ကြက်သားစားသုံးမှု (၄) ရာခိုင်နှုန်းကို အေးခဲကြက်သားများတင်သွင်းမည့်ကိစ္စ ပြည်လည်သုံးသပ်ပေးရန် တင်ပြတောင်းဆိုထား

29/09/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ရန်ကုန်မြို့ရှိ ကြက်သားစားသုံးမှု၏  (၄) ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများမှ အေးခဲကြက်သားများ တင်သွင်းမည့်အစီအစဉ်ကို ပြည်လည်သုံးသပ်ပေးရန်အတွက် မြန်မာနိုင်ငံ အသားတိုးကြက်မွေးမြူထုတ်လုပ်သူများအစုအဖွဲ့ မှ တင်ပြတောင်းဆိုထားကြောင်း သိရသည်။ 

ပြည်တွင်းစက်ရုံတွေမှာလည်း နေ့စဉ်ထုတ်လုပ်မှုတွေရှိနေပါပြီ။ အေးခဲကြက်သားလုပ်ဖို့ အဓိကလိုအပ်တာက သန့်ရှင်းလတ်ဆတ်ဖို့နဲ့ ဘတ်တီးရီးယားကင်းစင်ဖို့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အသားဖြစ်ဖို့ပါ။ စက်တွေနဲ့ သန့်ရှင်းစွာထုတ်မယ်၊ အေးခဲမယ်၊ ပါကင်ထုတ်ပိုးမယ်၊ ဈေးကွက်ကိုပို့မယ် စတဲ့စနစ်တွေကို ပြည်တွင်းမှာလည်း လုပ်နိုင်နေပါပြီ။ ပြည်ပကနေ လိုအပ်မယ်ဆိုရင်တောင်မှ အနည်းအကျဉ်းလောက်ပဲ။ ပမာဏများများတင်သွင်းဖို့အထိ မလိုအပ်ပါဘူး။ ပြည်ပကနေမတင်သွင်းဘဲ ပြည်တွင်းမှာရှိတဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို ပိုတိုးတက်လာအောင် လုပ်ပေးစေချင်ပါတယ်။ ဒါမှလည်း ပြည်တွင်းက မွေးမြူရေးလုပ်ကိုင်သူတွေကို အားပေးရာလည်း ရောက်မယ်။ နိုင်ငံရဲ့မွေးမြူရေးစနစ်လည်း အလျင်အမြန်ပြောင်းလဲလာမယ်။

ဟု  မြန်မာနိုင်ငံ အသားတိုးကြက်မွေးမြူထုတ်လုပ်သူများအစုအဖွဲ့ ဥက္ကဌ ဒေါက်တာကျော်ဝင်းက ပြောသည်။

    ပြည်ပနိုင်ငံများမှ အေးခဲကြက်သားများကို တင်သွင်းသည့်ပမာဏ များပြားလာပါက ပြည်တွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအတွက် ထိခိုက်နစ်နာမှု များပြားလာနိုင်ကြောင်း မြန်မာနိုင်ငံ အသားတိုးကြက်မွေးမြူထုတ်လုပ်သူများအစုအဖွဲ့မှ သိရသည်။

အခု တင်သွင်းမယ်ဆိုတဲ့ပမာဏက ကြက်ကောင်ရေ ငါးသိန်းအင်အားနဲ့ ညီမျှတဲ့ပမာဏပါ။ အခုလို  COVID ကာလမှာ အဲ့ဒိလောက်အထိလည်း မလိုအပ်ပါဘူး။ ကျွန်တော်တို့ဖြစ်စေချင်တာက အလွန်ဆုံးမှ ၁ % လောက်ဆို မျှတသေးတယ်။ ပြည်တွင်းကမွေးမြူသူတွေကို မထိခိုက်ဘူးပေါ့နော်။ အခုကျတော့ တင်သွင်းမယ့်ပမာဏက အရမ်းများနေတာပါ။ City Mart တို့လိုနေရာမှာ ရောင်းချနေတဲ့ အေးခဲကြက်သားကို စားသုံးတဲ့လူဦးရေက ရန်ကုန်မြို့တစ်မြို့လုံးမှာရှိတဲ့ စားသုံးသူရဲ့ ၁၀ % လောက်ပဲရှိတာပါ။ အခုက ၄ % တောင် တင်သွင်းမယ်ဆိုတော့ ပြည်တွင်းဈေးကွက်က ထုတ်လုပ်သူတွေရဲ့ ထုတ်လုပ်မှု ၅၀ % ကျော်လောက်ကို ထိခိုက်နစ်နာသွားနိုင်ပါတယ်။

ဟု ဒေါက်တာကျော်ဝင်းက ဆက်လက်ပြောသည်။

    ပြည်တွင်း ကြက်သားထုတ်လုပ်မှုအခြေအနေများ၊ အေးခဲကြက်သားထုတ်လုပ်နိုင်စွမ်းပမာဏနှင့် အခြေအနေများ အသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့အစည်း ဌာနအဆင့်ဆင့်ထံသို့တင်ပြ၍ ပြန်လည်သုံးသပ်ပေးပါရန် စက်တင်ဘာလ ၂၄ ရက်က စတင်တောင်းဆိုထားကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်