၀င်ငွေနှစ်ဆတိုးစေမယ့် ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်

16/07/2019 15:00 PM တွင် ဝတ်မှုံသင်း ဝတ်မှုံသင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၀င်ငွေနှစ်ဆတိုးစေမယ့် ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်

၀င်ငွေနှစ်ဆတိုးစေဖို့ သွင်းအားစုကုန်ကျစရိတ်တွေကို လျော့ချပြီး အကြိုးအမြတ်ပိုမို ရစေမယ့် ဘက်စုံစိုက်ပျိုးမွေးမြူရေး စနစ်လေးကို ပြောပြသွားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေး လုပ်ကိုင်သူ အများစုက စိုက်ပျိုးရေးတစ်ခုတည်းသာ လုပ်ကိုင်တာများသည့်အတွက် စိုက်ပျိုးရေးက ထွက်လာတယ့် စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချနိုင်မယ့်နေရာနည်းပြီး သီးနှံအကြွင်း အကျန်တွေ လေလွင့်ဆုံးရှုံးရတယ်။ ထိုပြသနာကို စိုက်ပျိုးရေးအပြင်မွေးမြူရေးပါ တွဲဖက်လုပ်ကိုင်ခြင်းဖြင့် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဒီအတိုင်းစွန့်ပစ်ရမယ့် သီးနှံအကြွင်းအကျန်တွေကို ဝင်ငွေရရှိဖို့ လုပ်ကြည့်ကြရအောင်နော်။

မွေးမြူရေးကိုတွဲဖက်လုပ်ကိုင်ခြင်းဖြင့် စိုက်ပျိုးရေးမှ ထွက်လာမည့် သီးနှံအကြွင်း အကျန်တွေ၊ ရိုးပျက်တွေကို တိရိစ္ဆာန်တွေကို ကျွေးနိုင်သောကြောင့် တိရိစ္ဆာန်အစာအတွက် ကုန်ကျ စရိတ်ကို သက်သာစေမည့်အပြင် သီးနှံ အကြွင်းအကျန်တွေ ဆုံးရှုံးမှုကိုလဲ လျော့နည်းစေမှာ ဖြစ်ပါတယ်။ ဥပမာ နွားမွေးခြင်းဖြင့် လုပ်သားအင်အားလဲရသလို နွားနို့လဲရသဖြင့် အပိုဝင်ငွေလဲ ရရှိစေမှာ ဖြစ်ပါတယ်။ ထို့ပြင် နွားချေးရရှိသည့်အတွက် အပင်နှင့်မြေဆီလွှာအတွက် သဘာဝ မြေသြဇာကိုရရှိစေမှာ ဖြစ်ပါတယ်။

ငါးမွေးမြူခြင်းကိုလဲ တွဲဖက်လုပ်ကိုင်နိုင်ပါတယ်။ ငါးစာအတွက် အိမ်မီးဖိုချောင်မှထွက်သော သီးနှံအကြွင်းအကျန်များ၊ စိုက်ခင်းမှထွက်သော သီးနှံအကြွင်းအကျန် များအပြင် နွားချေးကိုလည်း ငါးစာအနေနဲ့ ကျွေးနိုင်ပါတယ်။ ငါးမွေးကန်မှရေကို စိုက်ခင်းသို့ လှောင်းခြင်းဖြင့် အပင်များအတွက် အာဟာရဖြစ်စေတယ်။ ထိုနည်းတူပင် ၀က်မွေးမည်ဆိုရင်လဲ ဝက်စာအတွက်လဲ အဆင်ပြေသလို ဝက်ချေးကို ငါးကန်ထဲသို့ ငါးစာအနေနဲ့ကျွေးနိုင်သည်။ အပူပိုင်းဇုန်ရှိ သီးနှံစိုက်ပျိုး၍မဖြစ်ထွန်း သော မြေအချို့မှာ ဆိတ်၊သိုး တို့ကိုနှစ်အနည်းငယ်မွေးမြူခြင်းဖြင့် မြေဆီလွှာကိုပြန်လည် ကျန်းမာ လာစေနိုင်ပါတယ်။ ထို့ပြင် ပိုးမွေးမြူရေးနှင့် ပျားမွေးမြူရေးများနှင့်ပါ တွဲဖက်လုပ်ဆောင်နိုင် ပါတယ်။

လုပ်ငန်းတစ်ခုမှထွက်လာတဲ့ စွန့်ပစ်ပစ္စည်းကို တစ်ခြားတစ်ဖက်မှာ သွင်းအားစုအနေနဲ့ ပြန်သုံးနိုင်သည့်အတွက် သွင်းအားစုကုန်ကျစရိတ်ကို အနည်းဆုံးဖြစ်စေပြီး အကျိုးအမြတ် အများဆုံး ရစေတယ်။ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုသည့်အတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့ကျစေတယ်။

စိုက်ပျိုးရာသီမတိုင်ခင်မှာလဲ လုပ်ကိုင်စရာအလုပ်ရှိသောကြောင့် ဝင်ငွေရရှိမှုကို ပိုမိုသေချာ စေနိုင်မှာဖြစ်ပါတယ်။ ဘက်စုံစိုက်ပျိုးမွေးမြူရေးကို လုပ်ဆောင်ခြင်းကြောင့် လုပ်ငန်းတစ်မျိုးမှ အရှုံးပေါ်လျှင်တောင် အခြားလုပ်ငန်းတစ်မျိုးမှ အမြတ်ဖြင့်ကာမိသောကြောင့် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေတယ်။ လုပ်ငန်းတစ်ခုမှ စွန့်ပစ်ပစ္စည်းကို အခြားတစ်ခုမှာ အသုံးပြုသော ကြောင့် ပြင်ပမှထပ်မံထည့်သွင်းရသည့် သဘာဝအရင်းအမြစ်ကိုလျော့နည်းစေသောကြောင့် သဘာဝ ပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းပြီးသား ဖြစ်စေနိုင်ပါသည်။

ဝတ်မှုန်သင်း

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်