ဘက်စုံပေါင်းကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများ

15/05/2019 14:45 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ တားဆီးကာကွယ်နှိမ်နင်းခြင်း

ဥပဒေဖြင့် တားဆီးကာကွယ်ခြင်း၊ မျိုးကောင်းမျိုးသန့်သုံးခြင်း၊ လယ်ယာသုံးကိရိယာများ သန့်စင်ခြင်း၊ ပေါင်းမျိုးစေ့နှင့် ပင်ပိုင်းဆိုင်ရာ အစိတ်ပိုင်းများရှင်းလင်းခြင်း။

၂။ စိုက်ပျိုးနည်းလမ်းများဖြင့် ကာကွယ်ခြင်း

မြေပြုပြင်ခြင်း၊ စိုက်နည်းစနစ်၊ မျိုးရွေးချယ်ခြင်း၊ မျိုးစေ့နှုန်းထား၊ ရေသွင်းရေထုတ်၊ မြေဩဇာကျွေးခြင်း၊ သီးလှည့်စိုက်ခြင်း။

၃။ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း

လူ၊ တိရစ္ဆာန် (ဘဲ၊ ဝက်၊ ဌက်၊ ငါး)

၄။ တိုက်ရိုက်နှိမ်နင်းခြင်း

ကိရိယာသုံးခြင်း၊ စက်ကိရိယာများအသုံးပြုခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ ပေါင်းသတ်ဆေးသုံးစွဲခြင်း။

ပေါင်းသတ်ဆေးသုံးစွဲရာတွင် သတိပြုရမည့်အချက်များ

၁။ ပေါင်းသတ်ဆေးရွေးချယ်မှု မှန်ရမည်။ (ဥပမာ - စိုက်ပျိုးသောသီးနှံနှင့် ပေါက်ရောက်သော ပေါင်းအမျိုးအစားအလိုက် ကိုက်ညီသောဆေး ဖြစ်ရမည်)

၂။ သင့်တော်မှန်ကန်သော ဆေးနှုန်းထားဖြစ်ရမည်။ (ဆေးဘူး/ပုလင်းတွင် ပါရှိသည့် အညွှန်းစာအတိုင်း)

၃။ ပက်ဖျန်းချိန်မှန်ရမည်။ (ပေါင်းပင်နှင့် သီးနှံပင်သက်တမ်း၊ အခြေအနေ)

၄။ ပတ်ဝန်းကျင်အခြေအနေမှန်ရမည်။ လေဆန်၍ မဖျန်းရ၊ လေတိုက်သောနေ့/ မိုးရွာသော နေ့နှင့် နေပြင်းသောအချိန်များတွင် မဖျန်းရပါ။

၅။ မြေမျက်နှာပြင်ညီညာ၍ ရေသွင်းရေထုတ်ချိန် မှန်ကန်ရမည်။

၆။ ဆေးဖျန်းရာတွင် အသုံးပြုမည့်ရေသည် ကြည်လင်ရမည်။

၇။ ဆေးအမျိုးအစားကိုလိုက်၍ ဆေးဖျန်းပြီး သုံးနာရီမှခြောက်နာရီအတွင်း မိုးလွတ်ရမည်။ (ဥပမာ- ဂလိုင်ဖိုဆိတ်)

၈။ သင့်တော်သော ဆေးဖျန်းခေါင်းသုံးပါ။ ပင်လုံးပြန့်နှင့် မြေပေါ်ဖျန်းဆေးအတွက် ယပ်တောင်ပုံနှင့် ထိသေဆေးအတွက် ပိုးသတ်ဆေးဖျန်းခေါင်းကို သုံးနိုင်သည်။

၉။ ဆေးတစ်မျိုးတည်း ဆက်တိုက်သုံးစွဲပါက ပေါင်းသတ်ဆေးဒဏ်ခံနိုင်သော ပေါင်းမျိုးစိတ်များနှင့် နှိမ်နင်းရခက် သောပေါင်းများ ပေါ်ပေါက်လာနိုင်သဖြင့် ဖြစ်နိုင်ပါက ဆေးတစ်မျိုးတည်းကို သုံးနှစ်ဆက်တိုက်သုံးစွဲပြီးပါက ဆေးအုပ်စုမတူသောဆေးကို ပြောင်းလဲသုံးစွဲပါ။

၁၀။ ပေါင်းသတ်ဆေး နှစ်မျိုးသုံးမျိုးရောသုံးခြင်းသည် တစ်မျိုးတည်းသုံးခြင်းထက်ပို၍ အာနိသင် ထက်မြက်သည်။ ဆေးနှုန်းထား ရောစပ်ပုံများ လွဲမှားနိုင်သဖြင့် အသင့်အရောဆေးကို ဝယ်ယူသုံးစွဲပါ။

၁၁။ ပေါင်းသတ်ဆေးဖျန်းပုံး သီးသန့်ထားရန်နှင့် မဖျန်းမီနှင့် ဖျန်းပြီးချိန်တွင် ဆေးဖျန်းပုံးကို သေချာစွာ ဆေးကြောပြီးမှသုံးပါ။

၁၂။ မြေပေါ်ဖျန်းသော ပေါင်းသတ်ဆေးအသုံးပြုရာတွင် ဆေးဖျန်းခေါင်းနှင့် မြေကြီးအကွာအဝေး တစ်ပေခြား၍ ဖျန်းပြီး အရွက်ဖျန်းပေါင်းသတ်ဆေး အသုံးပြုရာတွင် ဆေးဖျန်းခေါင်းနှင့် အပင်ထိပ်ဖျား အကွာအဝေး တစ်ပေခြား၍ ဖျန်းရမည်။

ကာကွယ်နှိမ်နင်းနိုင်သော ပေါင်းသတ်ဆေးများ 

စိုက်ပျိုးရေးဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်