လဲမှို့ပင်ခေါ် သင်္ဘောလက်ပံပင်

23/12/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လဲမှို့ပင်ကို သင်္ဘောလက်ပံပင်လို့လည်းခေါ်ပါသည်။ ရိုးရိုး လက်ပံ Bombax ပွင့်ရင် အနီရောင်စွေးစွေးမို့ လူတိုင်း လက်ပံပွင့်နေမှန်းသိကြသည်။ သင်္ဘောလက်ပံပန်းကမူ ပွင့်နေမှန်းတောင် မသိကြပါ။ အရွက် အဖူး အပွင့် အရောင်တွေက ရောနေသည်။ တစ်ပင်လုံး ဝေနေအောင် ပွင့်နေသော်လည်း လူတွေရဲ့စိတ်ကို ညွှတ်ပြောင်းအောင် မစွမ်းသာ။ အပွင့်အရောင်က အစိမ်းဘက်ကဲနေတာမို့ ရောထွေးနေသည်။ သဘောလက်ပန် အပွင့်ပွင့်တာကို မြင်ဖူးသူရှားပါလိမ့်မယ်။ သင်္ဘောလက်ပံအပင်တွေက ပွင့်ရင်သာမသိ ရှိမယ်။ အသီးသီးရင်တော့ လူတိုင်းသိကြသည်။ အသီးထဲက မှို့က တန်ဖိုးရှိတာမို့ အသီးမအက်ကွဲခင် ခူးဆွတ်ပြီးရောင်းကြသည်။ အညာမှာတော့ လဲမှို့ပင်လို့ အသိများကြသည်။ ခေါင်းအုံး မွှေ့ယာများလုပ်ရာမှာ လဲမှို့ကို အဓိက အသုံးပြုသည်။ သဘာဝလဲမှို့နှင့် လုပ်ထားသော ခေါင်းအုံး၊ မွှေ့ယာများက ကျမ်းမာရေးနဲ့ ညီညွတ်ပြီး ပိုပြီးစျေးကောင်းသည်။ 

အပင်သရုပ်

သင်္ဘောလက်ပံ အပင်သည် ယခင်က မျိုးရင်း Bombaceae ထဲမှာပါသော်လည်း ယခုအခါ မျိုးခွဲစံနစ်အရ မျိုးရင်း  Malvaceae ထဲပြောင်းခဲ့ပြီဖြစ်သည်။ သင်္ဘောလက်ပံ အပင်သည် အပင်ကြီးမျိုးဖြစ်သည်။ အပင်နုစဉ် ဆူးငယ်များက ပင်စည်ပေါ်ရှိသော်လည်း ရင့်သောအခါမရှိတော့ချေ။ အရွက်က လက်ဝါးရွက်ပေါင်းဖြစ်ပြီး ရွက်မွှာ ၅ ကနေ ၉ အထိရှိတတ်သည်။ ပန်းခိုင်က ကြားထွက် fascicles ဖြစ်သည်။ ပန်းပွင့်အရောင်က creamy white ဖြစ်ကာ လိင်စုံသည်။ ၅ အဂါဆ ဖြစ်သည်။ ပွင့်ဖတ်အုံက ခွက်ပုံ campanulate urceolate ဖြစ်ကာ အဝိုက် ၅ ခုပါသည်။ ပွင့်ချပ် ၅ ခုပါသည်။ ဝတ်ဆံဖို ၅ ခုပါပြီး တစုစည်းဖြစ်သည် ပွင့်ချပ်အခြေကနေဆက်လို့နေသည်။ ဝတ်ဆံဖိုအိတ်တွေက တစ်ခန်းသာပါပြီး လိမ်နေသည်။ အစေ့အိမ်မှာ ကာပယ် ၅ ခုသာပါပြီး ဆက်နေကြသည် ။ အစေ့လောင်းများစွာပါသည်။ style က ထူးခြားစွာ contoted ဖြစ်နေသည်။ ဝတ်မှုံခံထိပ်ပိုင်းက ၅ ခုကွဲလို့နေသည်။ အသီးကအက်ကွဲသီး အမျိုးအစား ဖြစ်ပြီး ၁၅ စင်တီမီတာခန့်ရှည်သည်။ အသီးထဲမှာ အစာများစွာနှင့်အတူ ပိုးသားလို နုညံ့သော အမွှေးတွေပါ ပါသည်။ 

သင်္ဘောလက်ပံပွင့်ကို မြင်ဖူးကြလား...။

ကိုသက်နိုင်ဦး

ဟုမ္မလင်း

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်