ခွဲခွာခြင်းအဓိပ္ပာယ်ဆောင်တဲ့ ဒေါနပန်း

26/05/2020 11:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 အင်္ဂလိပ် အမည် - Wormwood

သိပ္ပံ အမည် - Artemisia absinthium

ဒေါနပင်ကို ဒေါနပန်းလို့ ခေါ်ဆိုကြပါတယ်။ အပင်ပုအမျိုးအစားဖြစ်ပြီး မွှေးပျံ့တဲ့သတ္တိရှိတဲ့အတွက် ပန်းဆိုပြီး ခေါ်ဆိုကြတာဖြစ်ပါတယ်။ ဒေါနပန်းဆိုသော်လည်း ပန်းကိုရောင်းချခြင်းမျိုးမဟုတ်ဘဲ အပင်အရွက်ကို ရောင်းချရန်အတွက် စိုက်ပျိုးခြင်းဖြစ်ပါတယ်။

ဒေါနပန်းရဲ့ မူရင်းဒေသကတော့ ဥရောပနဲ့ အာဖရိကမြောက်ပိုင်းတို့မှဖြစ်ပြီး နောက်ပိုင်းမှာ နေရာအနှံ့ ပျံ့နှံ့လာခဲ့ပါတယ်။ အပင်ရဲ့သဘာဝမှာ အအေးဒဏ်ကိုကြောက်ပြီး ပူအိုက်တဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ နုန်းမြေများမှာ ပိုပြီးဖြစ်ထွန်းပါတယ်။ ဒေါနပန်းစိုက်ပျိုးရာမှာ ဂရုစိုက်ရတဲ့အချက်တစ်ချက်ရှိပါတယ်။ ဒေါနပန်းစိုက်ပျိုးဖို့အတွက် အပင်ကို ပန်းပွင့်စေကာ အစေ့တည်စေပြီးမှ အစေ့ရယူစိုက်ပျိုးနိုင်ပါတယ်။ ဒေါနအပင်ရဲ့အစေ့ဟာ အလွန်သေးငယ်ပြီး ပေါက်လာတဲ့အပင်လေးတွေဟာလည်း နုနယ်တာကြောင့် စနစ်တကျမစိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှု နည်းပါးပါတယ်။

ပျိုးထောင်ခြင်း

အစေ့ကနေစိုက်ပျိုးတာဖြစ်လို့ ပျိုးထောင်ဖို့လိုအပ်ပါတယ်။ မိုးရာသီမှာပျိုးထောင်မယ်ဆိုရင် အမိုးပါတဲ့စင်နဲ့ပျိုးထောင်တာ ပိုသင့်တော်ပါတယ်။ သို့မှသာ မိုးဒဏ်ကာကွယ်နိုင်မှာဖြစ်သလို ပုရွက်ဆိတ်ဒဏ်မှလည်း ကာကွယ်နိုင်မှာဖြစ်တယ်။ ပျိုးထောင်တဲ့စင်ရဲ့အောက်ခြေမှာ ရေနံစိမ်ထားတဲ့ အဝတ်ပတ်ထားတာမျိုး အကာအကွယ်တစ်ခုခုလုပ်ထားခြင်းအားဖြင့် ပုရွက်ဆိတ်ဒဏ်ကို ကာကွယ်နိုင်ပါတယ်။ မိုးရာသီမဟုတ်ပါက မြေပေါ်မှာ ပေါင်ဖော်ပြီး ပျိုးထောင်နိုင်ပါတယ်။ အနံ ၃ ပေ၊ အလျား ၁၀ မှ ၁၂ ပေ နှင့် အမြင့် ၃ လက်မရှိသော ပေါင်ဖော်ပြီး ပြုလုပ်နိုင်ပါတယ်။

စိုက်ခင်း ပြင်ဆင်ခြင်း

ပျိုးထောင်ခြင်းလုပ်ကိုင်နေစဥ် စိုက်မည့်နေရာကိုလည်း ပြင်ဆင်ထားရပါမယ်။ မိမိစိုက်ခင်းပြုလုပ်မယ့် မြေနေရာကို တူးဆွထားရမည်ဖြစ်ပြီး မြေသြဇာလိုပါက ထည့်ပေးရမှာဖြစ်ပါတယ်။ နွားချေး၊ လင်းနို့ချေး ထည့်ပေးပါက အပင်ပိုမိုသန်စွမ်းပါတယ်။ အနံ ၃ ပေ၊ အလျား ၁၀ ပေ၊ အမြင့် ၃ လက်မရှိတဲ့ ပေါင်များဖော်ထားရမှာ ဖြစ်ပါတယ်။ တစ်ပေါင်နဲ့ တစ်ပေါင်ကြားမှာ လူသွားလမ်း ၁ ပေခန့် ထားပေးရပါမယ်။

စိုက်ပျိုးခြင်း

ပျိုးပင် ၁ လသားခန့်ရောက်တဲ့ အခါမှာ နုတ်ယူစိုက်ပျိုးနိုင်ပြီ ဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ ၁ လက်မခန့်အနက်ရှိတဲ့ ကျင်းလေးတွေ လုပ်ပေးရမှာဖြစ်ပြီး တစ်ပင်နဲ့ တစ်ပင် ၃ လက်မခန့်ခွာပြီး စိုက်ပျိုးရပါမယ်။

ရေပေးခြင်း နှင့် ပြုစုစောင့်ရှောက်ခြင်း

စိုက်ပျိုးပြီးပါက အမြစ်မတွယ်မီ ရေကို ချိန်ဆပြီးလောင်းရန်လည်း လိုအပ်ပါတယ်။ အပင်ငယ်စဥ်မှာ ညနေခင်းဘက်ရေလောင်းမိပါက အပင်ရိပြီးပုပ်တတ်တာကြောင့် နံနက်ဘက်မှာလောင်းတာ သင့်တော်ပါတယ်။ အပင်များ အမြစ်တွယ်လာပြီဆိုရင်တော့ ညနေဘက်ရေလောင်းနိုင်ပါတယ်။ အပင်များ ၄ လက်မခန့် ရောက်လာလျှင် နွားချေးထည့်ပေးခြင်း၊ မြေဆွပေးခြင်း၊ ပေါင်းရှင်းပေးခြင်းတို့ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

နုတ်ယူရောင်းချခြင်း

ရွှေ့ပြောင်းစိုက်ပြီး ၁ လခွဲခန့်အကြာမှာ နှုတ်ပြီးရောင်းချနိုင်ပါတယ်။ အနုတ်အသိမ်းကို ခန့်မှန်းချင့်ချိန်ပြီး မျိုးစေ့ကို ၁၀ - ၁၅ ရက်တစ်ကြိမ် ပျိုးထောင်ပါက အလျင်မပြတ် ရောင်းချနိုင်မှာဖြစ်ပါတယ်။

အသုံးပြုပုံ

 

ဒေါနပန်းကို ဘုရားပန်းအဖြစ် အသုံးပြုကြသလို ဒေါနအဆီလည်း ထုတ်လုပ်ရောင်းချနိုင်ကြောင်း သိရပါတယ်။ ဒေါနအဆီကို ရေမွှေးထုတ်လုပ်ရာမှာလည်း သုံးကြပါတယ်။ ဒေါနအဆီဟာ အအေးမိခြင်းကို သက်သာစေသလို၊ သွေးဖိအားကျစေခြင်း၊ အရေပြားယားယံခြင်းတို့ကိုလည်း သက်သာစေကြောင်း သိရပါတယ်။ ထို့ပြင် ငှက်ဖျားပိုးကုသရန်အတွက် အစွမ်းထက်အာနိသင်ကိုလည်း ဒေါနပင်မှရရှိကြောင်းလည်း သိရပါတယ်။

ပိုးမွှား

ဒေါနပင်မှာ ပိုးတီနဲ့ ငမြှောင်တောင်ပိုးများ ကျရောက်ဖျက်ဆီးလေ့ရှိပါတယ်။ မစိုက်ပျိုးခင် မြေအောင်းပိုးသတ်ဆေးများ အသုံးပြုပြီး ကာကွယ်ထားသင့်ပါတယ်။

ဇင်ထူးနိုင်

ကိုးကားချက်

https://en.wikipedia.org/wiki/Artemisia_absinthium

သိမ့်သိမ့်နွေး (ပန်းမန်နှင့် ဥယျာဥ်ခြံမြေစိုက်ပျိုးနည်း)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်