အနက်ရောင်စိန်ပန်းသီးအကြောင်းသိကောင်းစရာ

04/06/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ပန်းသီးများသည် အများအားဖြင့် အနီရောင်၊ အစိမ်းရောင်၊ အဝါရောင် (သို့မဟုတ်) သုံးမျိုးပေါင်းစပ်ထားသော အသီးများသာတွေ့ရများသည်။ မြေမျက်နှာပြင် ပထဝီအနေအထားပြည့်စုံကောင်းမွန်ပါက ခရမ်းရောင်ရှိသော ဤရှားပါးပန်းသီးမျိုးဖြစ်သော Black Diamond ကို စိုက်ပျိုးနိုင်သည်။ ၎င်းပန်းသီးမျိုးကို တိဘက်တောင်တန်းများ၌သာ စိုက်ပျိုးနိုင်သည်။ Black Diamond ပန်းသီးများသည် ခရမ်းရောင် (အရောင်တောက်) ဖြစ်သည်။ ပန်းသီး၏ အပြင်အခွံမှာ ဖယောင်းများနှင့် ဆင်တူပြီး စိန်ကဲ့သို့ လှပသည်။ ပန်းသီးအမျိုးအစားအများစုသည် (၂)နှစ်မှ (၅)နှစ်အတွင်း ရင့်ကျက်မှုနှုန်းသို့ ရောက်သော်လည်း ဤအပင်များသည် (၈) နှစ်ထက်မနည်း လိုအပ်သည်။ Black Diamond ပန်းသီးများသည် အတွေ့အကြုံရှိ ပန်းသီးစိုက်ပျိုးသူများကြားတွင် နက်နဲသော အရာတစ်ခုဖြစ်သည်ကို တွေ့ရသည်။

    ဤဆောင်းပါးတွင်ဖော်ပြထားသော ရင်းမြစ်လက်တစ်ဆုပ်စာမှလွှဲ၍ ပတ်သက်သော အချက်အလက်များစွာ မတွေ့ရပေ။ ဤခရမ်းရောင်ပန်းသီးကို အမှန်တကယ်မရှိဟု ထင်နေကြသည်။

ချစ်ဖြိုးအောင်


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်