သရက်အိတ်စွပ်ခြင်းအကြောင်း သိကောင်းစရာ
သရက်သီးအရည်အသွေးကောင်းဆိုသည်မှာ အသီးအရောင်တောက်ပခြင်း၊ အခွံနူးညံ့ခြင်း၊ အနာအဆာ အပွန်းအပဲ့ကင်းခြင်း၊ ပိုးမွှားရောဂါကင်းခြင်း၊ နေလောင်မှုဒဏ်ကင်းခြင်း၊ ဓာတုဆေးများ၏ ဓာတ်ကြွင်းအာနိသင်ကင်းခြင်း၊ အသားနူးညံ့ပြီး အရသာချိုမွှေးခြင်း စသည့်အရည်အချင်းများနှင့် ပြည့်စုံခြင်းကို ဆိုလိုသည်။ သရက်သီးကို အရည်အသွေးကောင်းပြီး အထက်ပါအရည်အချင်းနှင့် ပြည့်စုံစေရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ အိတ်စွပ်ခြင်းနည်းလမ်းပင် ဖြစ်သည်။
ယခုအခါ သရက်သီးရောင်းဝယ်ဖောက်ကားသူများနှင့် သရက်ခြံပိုင်ရှင်များသည် သရက်သီးကို အိတ်စွပ်ခြင်းဖြင့် အရည်အသွေးကောင်းသရက်သီးများ ရရှိလာကြသဖြင့်ဈေးကောင်းရရှိသည့် အကျိုးကျေးဇူးများကို လက်တွေ့ခံစားနေရပါသည်။ သရက်သီးအိတ်စွပ်ရမည့် အချိန်သည် သရက်ပန်းပွင့်ပြီး ရက်ပေါင်း ၅၅ မှ ၆၀ ရက်အတွင်း၊ သရက်သီးအရွယ်အစားမှာ ကြက်ဥအရွယ်ရှိလာချိန်တွင် အိတ်စွပ်ပေးရန်လိုအပ်ပါသည်။ အိတ်မစွပ်မီ သတိထားရပါမည်။ အိတ်မစွပ်မီ သရက်ခင်းတွင် ရောဂါပိုးမွှားများကျရောက်မှု ရှိ/မရှိ စစ်ဆေးရန် လိုအပ်ပါသည်။ စစ်ဆေးပြီးပါက အရွယ်ညီသော အသီးများကိုရွေးချယ်၍ အိတ်စွပ်ပေးရန်လိုအပ်ပါသည်။ အကယ်၍ ပိုးမွှားရောဂါကျရောက်နေပါက ပိုးသတ်ဆေး၊မှိုသတ်ဆေးဖျန်းပြီး ၃ ရက်ကျော်မှသာ အိတ်များစတင်စွပ်ပေးရန် အထူးသတိပြုရပါမည်။
အသုံးပြုသော အိတ်အရွယ်အစားမှာ အလျား ၃၀ စင်တီမီတာ၊ အနံ၂၀ စင်တီမီတာဖြစ်သည်။ အိတ်၏အောက်ခြေတွင် ရေထွက်စေရန်နှင့် လေဝင်လေထွက်ကောင်းမွန်စေရန်အပေါက်တစ်ပေါက်ပါဝင်သည်။ အိတ်၏ အပေါ်တစ်ထပ်မှာ အညိုရောင်စက္ကူဖြင့် ပြုလုပ်ပြီး မိုးရေလျှောသွားစေရန် ဖယောင်းလွှာပါဝင်ပါသည်။ အတွင်းအထပ်မှာ ဆီစိမ်အနက်ရောင်စက္ကူဖြင့်ပြုလုပ်ထားပြီး နေရောင်စိမ့်ဝင်မှု ၁၃ မှ ၁၇ %ဖြစ်သည်။ အနီရောင်၊ ပန်းရောင်အသီးများအား မူလအရောင် ပြန်လည်ရရှိစေရန် ခူးမည့်ရက်ထက် ၁၂ ရက် ပိုစော၍ အိတ်ဖြုတ်ထားရန် လိုအပ်ပါသည်။
သရက်သီးအိတ်မစွပ်မီ အိတ်ပေါ်တွင် အမှတ်စဉ်နှင့် ရက်စွဲရေးသားထားခြင်း (သို့) အမှတ်စဉ်နှင့် အိတ်စွပ်သည့်ရက်အလိုက် သင်္ကေတတစ်ခုမှတ်သားပြီး အရွယ်တူအသီးများအား အိတ်စွပ်ရမည့်ရက်နှင့် အရေအတွက်ကို တိကျစွာသိရှိနိုင်ပါမည်။ မျိုးပေါ်မူတည်၍ ပန်းပွင့်ပြီး ၉၅ ရက်တွင် ဆွတ်ခူးနိုင်ပါသည်။ ဆွတ်ခူးချိန်တွင် အသီးရင့်မှည့်မှုသေချာစေရန် ရေတွင်ချကြည့်ပါက အသီးနစ်မြုပ်သွားလျှင် ဆွတ်ခူးသင့်သောအချိန်သို့ရောက်ပါပီ။ သို့ဖြစ်၍ သရက်သီးများကို စနစ်တကျအိတ်စွပ်ပေးခြင်းအားဖြင့်အရည်အသွေးကောင်းမွန်ပြီး ပြည်ပသို့တင်ပို့နိုင်သည့်အတွက် နိုင်ငံ့စီးပွားရေးအကျိုးအမြတ်များ ပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။
Agri.Linn.Htet
ကိုးကား-လယ်ယာစီးပွား(နည်းပညာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
2026တစ်နှစ်စာအတွက် တိုင်းဒေသအလိုက်ပေါ်ဆန်း ဆန်ဈေးနှုန်းကို ဘယ်လိုရှာလို့ရလဲ သိချင်လို့ပါ သိတဲ့သူများရှိရင် ပြောပြပေးပါအုံးရှင့်
Kyi Phyu Myint • ဖြေကြားချက် 2 ခု
Myo Min Htut • ဖြေကြားချက် 1 ခု
စိုက်ပျိုးရေးပညာရှင်များခဗျ ဂန္ဓမာပန်းစိုက်ရင်အမိုးလုပ်ပေးရလားဗျ၊ဖြေကြားပေးပါအုန်းဗျ
Paul shan aung. • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Nyan Lynn Htet
အားလုံး