အိမ်တွင်းစိုက်အပင်လေးတွေရဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်း

29/09/2021 13:00 PM တွင် သိင်္ဂီလှိုင် သိင်္ဂီလှိုင် မှ ရေးသား

အိမ်တွင်းစိုက်အပင်လေးတွေကို အတော်များ စိတ်ဝင်စားလာကြတာ တွေ့ရပါတယ်...

မြန်မာနိုင်ငံမှာ အိမ်တွင်းစိုက်အပင်လေးတွေ စိုက်လာတာ ကြာပြီဆိုပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် တွင်ကျယ်လာတာဟာ ၃-၅ နှစ် ဝန်းကျင်သာရှိသေးမယ်လို့ စာရေးသူတော့ ထင်မြင်မိတယ်။

အခုချိန်မှာ ခေတ်စားပြီး တွင်ကျယ်လာတဲ့ အိမ်တွင်းစိုက်အပင်လေးတွေဟာ တကယ်တော့ သမိုင်းကြောင်း ခိုင်ခိုင်နဲ့ ရပ်တည်လာတာပါ။ ဒါ့ကြောင့် စာရေးသူ ဒီဆောင်းပါးလေးမှာ ဗဟုသုတအဖြစ် အိမ်တွင်းစိုက်အပင်များရဲ့ သမိုင်းကြောင်း၊ ဆင်းသက်လာပုံနဲ့ အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးပါမယ်...

အိမ်တွင်းစိုက်အပင်များရဲ့ သမိုင်းကြောင်း

ပန်းများ၊ ပန်းပုများဖြင့် အိမ်တွင်းဥယျာဉ်စိုက်ပျိုးခြင်း အလေ့အကျင့်ကို အနည်းဆုံးဂရိနှင့်ရောမများက အိုးများတွင်စိုက်ပျိုးပြီး ၎င်းတို့ရဲ့ အိမ်များကိုသယ်ဆောင်လာနိုင်သည်ကို သမိုင်းတွင်ရှင်းရှင်းလင်းလင်းပြထားခဲ့ပါတယ်။ အီဂျစ်၊ အိန္ဒိယနှင့်တရုတ်တို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှုများတွင် အိုးဖြင့် စိုက်သောအပင်များကို အသုံးပြုလေ့ရှိသော်လည်း များသောအားဖြင့် အိမ်ပြင်၊ အိမ်ခြံဝင်းများတွင် စိုက်ပျိုးကြသည်ဟုလည်း သမိုင်းတွင် ဖော်ပြထားခဲ့ပါတယ်။

သို့သော် ၁၇ ရာစုတိုင်သည်အထိ အပင်စိုက်ပျိုးခြင်းအနုပညာကို  မှတ်ချက်ကောင်းကောင်းပေးခြင်းမရှိသေးပါ။ အင်္ဂလိပ်စိုက်ပျိုးရေးအာဏာပိုင်တစ်ဦးဖြစ်သူ Sir Hugh Platt က အပင်များ အိမ်တွင်းပျိုးထောင်ခြင်း၏ ဖြစ်နိုင်ခြေကိုရေးသားခဲ့တယ်။ ထို့နောက် မကြာမီမှာပဲ အပင်များပန်းပွင့်စေရန် ရောမခေတ်ကအသုံးပြုခဲ့တဲ့ ဖန်လုံအိမ်များနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာများကို အင်္ဂလန်နှင့်အခြားနေရာများတွင်တည်ဆောက်ခဲ့တာကို လေ့လာရပါတယ်။ ဒါ့ကြောင့် အိမ်တွင်းအလှစိုက် အပင်လေးတွေမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်.....

မူရင်း ဆင်းသက်လာပုံ

အိမ်တွင်းစိုက်အပင်အများစုမှာ အပူပိုင်းဒေသများနှင့် အပူပိုင်းဒေသများရှိ အပင်များမှဆင်းသက်လာပါတယ်။ အိမ်များစွာ၌ ခြောက်သွေ့သောအပူနှင့် အလင်းရောင်အားနည်းမှုအခြေအနေများကို ခံနိုင်ရည်ရှိပြီး အိမ်တွင်းကြီးထွားရန် လိုက်လျောညီထွေဖြစ်စေနိုင်တဲ့ မျိုးစိတ်များစွာကို မိတ်ဆက်ခဲ့ကြပါတယ်။ အပင်များစွာကို အိမ်တွင်း၌ အောင်မြင်စွာ စိုက်ပျိုးနိုင်သော်လည်း အချို့သောအုပ်စုများမှာ ၎င်းတို့ရဲ့ဆွဲဆောင်မှုနှင့်ပြုပြင်ထိန်းသိမ်းမှုလွယ်ကူသောကြောင့် အများအားဖြင့် အကောင်းဆုံးသော အပင်များဟုယူဆလာခဲ့ကြပါတယ်....

အိမ်တွင်းစိုက်အပင်များ ရွေးချယ်ခြင်းတွင် အပိုင်းနှစ်ပိုင်း ရှိပါတယ်။

၁) သစ်ရွက်ပင်များ၊

အဓိကအားဖြင့် အရွက်ရဲ့အလှကို ဦးစားပေး ကြိုက်နှစ်သက်သူများ စိုက်လေ့ရှိကြပါတယ်။ လေထုကိုသန့်စေပါတယ်။

၂) ပန်းပွင့်သောအပင်များ၊

၎င်းမျိုးစိတ်များကို ၎င်းတို့ရဲ့ပန်းများအတွက် အဓိကထားပါတယ်။ ယနေ့ခေတ်မှာ ပန်းပွင့်တဲ့အပင်တွေထက် သစ်ရွက်ပင်လေးတွေက ပိုနေရာယူလာတာကို တွေ့ရပါတယ်။

စာရေးသူဆိုလျှင် သစ်ရွက်ပင်များကို ပိုနှစ်သက်တဲ့အတွက် ပိုစိုက်ဖြစ်ပါတယ်။ အရွက်တစ်ရွက်ချင်းစီမှာရှိတဲ့ အနုပညာဆန်တဲ့/ ပဟေဠိဆန်တဲ့ အရောင်အသွေး ရောယှက်ပုံ၊ ပုံပန်းသွင်ပြင်၊ အကြောဖြာထွက်ပုံလေးတွေဟာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပင်စည် (သို့) ဥ ကနေ အရွက်ထွက်လာပုံ အနေအထားလေးတွေကလည်း စာရေးသူအတွက်တော့ အမြဲဆန်းသစ်ပြီး မရိုးလှတဲ့ အနုပညာလို ခံစားရစေပါတယ်။ ဒီလိုပါပဲ လူအမျိုးမျိုးမှာ အလှအပနှင့်အနုပညာကို ပုံစံအမျိုးမျိုးနဲ့ ခံစားပြီး အကြိုက်လေးတွေလည်း ကွဲပြားနိုင်ပါတယ်.

အကျိုးကျေးဇူး

အိမ်တွင်းအပင်များဟာ အမြင်အာရုံအလှအပအတွက် ကောင်းမွန်စေရုံသာမကပါဘူး ကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်နော်...

သင့်ရဲ့ စိတ်ခံစားချက်၊ အာရုံစူးစိုက်မှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးပြီး သင့်ရဲ့စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှု၊ လည်ချောင်းနာခြင်းနှင့် အအေးမိခြင်းတို့ကို လျှော့ချပေးနိုင်ပါတယ်။ လေ့လာမှုများအရ အိမ်တွင်းအပင်တွေဟာ အာရုံစူးစိုက်မှုနှင့်ထုတ်လုပ်နိုင်စွမ်းကို ၁၅ ရာခိုင်နှုန်းအထိ တိုးတက်စေပါတယ်။ ဒါကြောင့် ၎င်းတို့ဟာ အိမ်တွင်သာမကဘဲ အလုပ်နေရာအတွက်ပါ ပြီးပြည့်စုံစေပါတယ်။

အပင်လေးတွေဟာ လူတွေအသက်ရှူတဲ့အခါ လုပ်ဆောင်တာတွေနဲ့ဆန့်ကျင်ဘက်ပါဘဲ။ အောက်ဆီဂျင်ကိုထုတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူတာကြောင့် လေထုကို လန်းဆန်းစေရုံသာမကပါဘူး။သုတေသနများအရ  ၂၄ နာရီအတွင်း လေထုရဲ့ အန္တရာယ်ရှိတဲ့ အဆိပ်အတောက် ၈၇ ရာခိုင်နှုန်း ကိုဖယ်ရှားပေးနိုင်ပြီး စိုထိုင်းဆကို တိုးစေတယ်လို့ ဆိုထားပါတယ်။ အလုပ်မှာဆို အထူးသဖြင့် အရွက်များပါတဲ့ အပင်များကို အလုပ်စားပွဲပေါ်တွင်ထားသင့်ပါတယ်...

သူတို့ဟာ စိုထိုင်းဆကို ထိန်းညှိပေးပြီး အပြုသဘောဆောင်တဲ့ အဆင့်တွေကိုတိုးမြှင့်ပေးပါလိမ့်မယ်။ စိမ်းလန်းစိုပြေမှုနဲ့ သဘာဝကိုမြင်ရတာက လူတွေကို ပိုပြီးသက်တောင့်သက်သာနဲ့ တည်ငြိမ်စေပါတယ်။ ဒါတွေဟာ သင့်ရဲ့နေ့စဉ်ခံစားချက်တွေကိုအကျိုးပြုပါတယ်။ ဒါ့ကြောင့် အိမ်တွင်းအပင်တွေဟာ လက်တွေ့ကျပြီး အလှအပရေးရာကို အထောက်အကူပြုတဲ့အပြင် သင့်ရဲ့ဘ၀ကို တိုးတက်စေလိမ့်မယ်လို့ ဆိုကြတာပေါ့...

သင်ဟာ ဘာ့ကြောင့် ကိုယ်ပိုင်အပင်ဘေးမဲ့တောလေးကို ဖန်တီးသင့်တာလဲ?.....

သင်ဟာသေးငယ်တဲ့တိုက်ခန်း (သို့) အိမ်ကြီးတစ်လုံးမှာ နေရင်းသင့်အိမ်ထဲကို အပင်အချို့ကိုမိတ်ဆက်ပေးခြင်းဖြင့် သင့်ရဲ့ကျန်းမာရေးတိုးတက်မှုတွေနဲ့ ပျော်ရွှင်မှုတွေကို သိသိသာသာသတိထားမိလာပါလိမ့်မယ်။ သင့်ရဲ့စိတ်ကိုတိုးတက်ကောင်းမွန်စေပြီး သက်တောင့်သက်သာဖြစ်စေမယ့်နေထိုင်စရာကို ဖန်တီးတာအပြင် အပင်တွေဟာ အထီးကျန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်း တို့ကိုလည်းကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် သက်ရှိလေးတွေကို ရည်ရွယ်ချက်တစ်ခုပေးပြီး ဂရုစိုက်တာက အကျိုးဖြစ်ထွန်းစေပါတယ်.

ဒါပေမဲ့ သင်ဟာ ညအတွက် အိပ်ရန်သင့်တော်တဲ့ အပင်များကို ရွေးချယ်ရပါမယ်.... အပင်များဟာ နေ့မှာ အောက်ဆီဂျင်ကိုထုတ်လွှတ်သော်လည်း ညဘက်မှာ photosynthesis (အစာချက်လုပ်ခြင်း) ရပ်တန့်သောအခါ အပင်အများစုဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်တာကို သတိရသင့်ပါတယ်။

သို့သော် သစ်ခွများ (Orchids)၊ နဂါးစက်ဂမုန်း (Snake Plants)၊ ရှားစောင်းနွယ်ဝင်ပင်များ (Aloe Vera)၊ ရှင်သီဝလိဂမုန်း (Peace-Lily)၊ ဆားကူးလက်စ် (Succulents)၊ ကတ်တက်(Cactus) နှင့် စံပယ်ပင် (Jasmine)ကဲ့သို့အပင်များဟာ ဆန့်ကျင်ဘက် ပြုမူပြီး အောက်ဆီဂျင်ကိုထုတ်လွှတ်ပါတယ်။ ဒါ့ကြောင့် ၎င်းတို့ဟာ အိပ်ခန်းအတွက် ကောင်းမွန်သင့်တင့်တဲ့ အပင်လေးတွေပဲ ဖြစ်ပါတယ်.....

ဒီဆောင်ပါးလေးမှာ အိမ်တွင်းစိုက်အပင်လေးတွေရဲ့ အကျိုးကျေးဇူးကို အတော်လေး သိသွားမယ်ထင်ပါတယ်။ စာရေးသူကိုယ်တိုင်လည်း အိမ်တွင်းစိုက်အပင်လေးတွေ စုရုံးစိုက်ထားတဲ့ ပန်းရုံလေးထဲမှာ အလုပ်လုပ်တဲ့အခါတိုင်း ပိုအာရုံစူးစိုက်နိုင်ပြီး အတွေးမြင်သစ်တွေ ပိုရတယ်ဆိုတဲ့ အကျိုးလေးတွေကို လက်တွေ့ခံစားဖူးပါတယ်နော်။

လေးစားစွာဖြင့်

Reference: Sophie Lee.(July 13, 2017).Why Indoor Plants Make You Feel Better.

https://www.nbcnews.com/better/health/indoor-plants-can-instantly-boost-your-health-happiness-ncna781806

Roy Perrott. Last Updated(Sep 13, 2021).Houseplant.

https://www.britannica.com/science/houseplant


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်