မိုးအကုန်ဝေဆာအောင်ပွင့်တဲ့ စိန်တံခြူ

26/08/2021 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

   မိုးရာသီအကုန်လောက်ကစပြီး ပွင့်တတ်သောပန်းလေးတွေပါ။ အမည်က "စိန်တံခြူ"  ဖြစ်တယ်။ ဆောင်းဝင်လာတာနဲ့ တစ်ပင်လုံး ဝါထိန်နေအောင် ပွင့်ကြပြီ၊ အေးမြတဲ့ တောင်တန်းဒေသတွေမှာ ဒီအပင်အရွယ်က လူ ၂ ရပ်သာသာ အပင်ငယ် (small tree) အဆင့်လောက် ထိရှိပြီး အပွင့်ကလည်း အညာက ပန်းထက် ကြီးပါတယ်။ ပန်းတွေအားလုံးပွင့်လာရင် ပန်းရဲ့အလေးချိန်ကို မနိုင်တော့ဘဲ ပန်းခိုင်က အောက်ဖက်ကို တွဲလျားကျနေတတ်တယ်။

   ဒီအပင်က အပူပိုင်းရော အအေးပိုင်းမှာ ရှင်သန်ပေါက်ပွားနိုင်သောအပင်ဖြစ်တယ်။ စိုက်ပျိုးရလွယ်ကူပြီး အကြမ်းခံလှသော အပင်တစ်ပင်ပါ။ မုံရွာတက္ကသိုလ် သင်္ချာဌာနရှေ့မှာ အတန်းလိုက်စိုက်ထားလို့ ပန်းပွင့်ချိန်ဆို ကျောင်းသား/သူများ ဓာတ်ဖမ်းရာ နေရာတစ်ခုဖြစ်လာတယ်။ ကျနော် မုံရွာတက္ကသိုလ်ကနေ  ဟုမ္မလင်း ကောလိပ်ကို ကျောင်းအုပ်ရာထူးနဲ့ပြောင်းရတော့ ဒီမြို့မှာမရှိသော အပင်တစ်ပင်ကို တွေ့ရတယ်။ ဒီအပင်ကတော့ စိန်တံခြူပင်ပါ။ ဒါနဲ့ မုံရွာက ပန်းရောင်းတဲ့ ကိုထွန်းဆီကအပင် ၅၀ ကျော်မှာပြီး စိုက်ခဲ့တာ အခုဆို လူတစ်ရပ်ကျော်သော အပင်ကြီးတွေဖြစ်နေပြီ။ အဓိပတိလမ်းမှာ အတော်ကို ကြီးနေကြပြီ။ ဆောင်းဝင်လာရင် အလှဆုံးပွင့်ကြလိမ့်မယ်။ 

အပင်သရုပ်

   စိန်တံခြူဆိုတာ နှစ်ရှည်ခံခြုံပင်တစ်ပင်ဖြစ်ပြီး မျိုးရင်း Bignoniaceae ထဲမှာပါဝင်တယ်။ ထင်ရှားလှသော အင်္ဂလိပ်အမည်တွေက yellow trumpet bush, yellow bells, yellow elder, ginger-thomas တို့ ဖြစ်ကြတယ်။ Tecoma မျိုးနွယ်ဝင် အပင်လေးတွေဟာ United States Virgin Islands and the floral emblem of the Bahamas တွေရဲ့ official flower လည်းဖြစ်ပါတယ်။

   စိန်တံခြူပင်လေးတွေရဲ့အရွက်က ရွက်ပေါင်း ဖြစ်တယ်။ သူ့မှာ လှံရှည်အသွားပုံ ရွက်မွှာ leaf lets တွေ ပိုင်ဆိုင်ပြီး ရွက်နားကတော့ လွှသွားပုံ ဖြစ်လို့နေတယ်။ တစ်ပင်လုံး ထူးခြားတာကတော့  ရွှေရောင်သန်းပြီး တောက်ပသော အဝါရောင်အဆင်းရှိတဲ့ ထရမ်းပက် trumpet ပုံစံပန်းများပါဘဲ။ အဆုပ်လိုက်ပွင့်တယ်။ အပင်က ခြောက်သွေ့သောမြေကို ခံနိုင်ရည်ရှိပြီး ပူနွေးသောရာသီမှာ ကောင်းစွာဖြစ်ထွန်းပါတယ်။ အဝါရောင် ပန်းအလှက ပျား၊ ပိတုန်း၊ လိပ်ပြာ၊ ငှက်ပိတုန်း များကို သွေးဆောင်နိုင်တယ်။ အပင်ကနေအသီးတောင့်များထုတ်ပေးပြီး အတွင်းထဲမှာတော့ အတောင်ပါသော အစေ့များကိုတွေ့နိုင်တယ်။ အစေ့ကနေ တစ်ဆင့်ပေါက်ပွားနှုန်း အလွန်ကောင်းလွန်းတာမို့ သူ့ကို ruderal species အဖြစ်သတ်မှတ်ထားကြတယ်။ ဒေသခံအပင်များအပေါ် လွှမ်းမိုးနိုင်စွမ်းရှိနေတတ်တယ်။ ကျောက်တောင်၊ သဲဆန်သောမြေ၊ ကွင်းပြင်တွေမှာလွယ်ကူစွာ ရှင်သန်ပေါက်ပွားနိုင်တာမို့ သူ့ကို invasive weed အနှောက်အယှက် ဖြစ်စေသော ပေါင်းပင်များ လို့တောင် တင်စားကြတယ်။ စိန်တံခြူပင်လေးတွေကို အလှစိုက်ရာမှာ စည်းရိုးသဖွယ် တန်းစီပြီးစိုက်ရင် အလွန်လှပါတယ်။ အပင်တွေက ကြွေကျသော ပန်းအဝါတွေကြောင့် အဝါရောင် ပန်းမွေ့ယာလိုမြေပြင်မှာမြင်ကြရမှာပါ၊

ဆေးဖက်ဝင်သောပန်း

   လူတွေသိပ်မသိတဲ့အချက်ကတော့ သူဟာ ဆေးဖက်လည်းဝင်ပါတယ်။ မူလပထမ အသုံးပြုခဲ့ကြတာက ဆီးချိုရောဂါနဲ့ အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါများကုသနိုင်ဖို့ပါ။ သူ့ရဲ့ အရွက်ရဲ့ extract တွေဟာ မိန်းမကိုယ်မှာအများဆုံးဖြစ်တတ်တဲ့ မှိုရောဂါ yeast infection (Candida albicans.) ရဲ့ ကြီးထွားမှုကို ပိတ်ပင်ဟန့်တားနိုင်တယ်။ အပင်ထဲမှာ များစွာသော ဓာတ်ပေါင်း compounds တွေပါပေမဲ့ ကြောင်မျိုးနွယ်ဝင် သတ္တဝါများအပေါ် သက်ရောက်စေတဲ့ catnip-like effects ဖြစ်စေသော ဓာတ်ပေါင်း compound ပါခြင်းက ထူးခြား မှတ်သား ဖွယ်ရာပါ။ အလှအပတွင်မက ဆေးဖက်လည်းဝင်လှသော စိန်တံခြူ အပင်လေးတွေပါ။

ကိုသက်နိုင်ဦး 

ဟုမ္မလင်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်