စိုက်ပျိုးမြေမှ ယိုစိမ့်မှုများ

07/08/2020 15:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ယိုစိမ့်ခြင်းအကြောင်းပြောကြတော့မယ်ဆိုတော့ ကျွန်တော်တို့မြေကြီးကို  ရေမြှုပ်ကြီးတစ်ခု ဖော့တုံးကြီးတစ်ခုလို မြင်ကြည့်ရအောင်။ မြေသားထုကြီးက ဒီလိုအပေါက်သေးသေးလေးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ မိုးရွာတဲ့အခါ မြေလွှာအပေါ်ကယံက သူစုပ်ယူနိုင်သလောက် စုပ်ယူပစ်ပါတယ်။ ဒီအစိုဓာတ်လေးကို အပင်တွေကြီးထွားဖို့ ပြန်သုံးပေးပါတယ်။ ဒီလို ထိန်းနိုင်သလောက်ထိန်းထားပြီး ပိုလာတဲ့ရေတွေကတော့ ယိုစိမ့်ခြင်းကို စတင်ဖြစ်ကြပါတော့တယ်။ မြေသားထုရဲ့ အောက်လွှာတွေဆီ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ယိုစိမ့်သွားကြတာပါ။ ကျောက်လွှာတွေကိုဖြတ်ပြီး ဟိုးအာက်ခြေရောက်တဲ့အခါမှာတော့ မြေအောက်ရေအဖြစ် ရှိကြပါတယ်။ ဒီလိုယိုစိမ့်တဲ့အခါ သူ့တစ်ယောက်ထဲမသွားဘဲ ဘေးနားက ရေမှာပျော်ဝင်နိုင်တဲ့ အပင်အာဟာရတွေအကုန်လုံးကို ခေါ်သွားတာပါ။ ဒါက စိုက်ပျိုးရေးသမားတွေကို အဓိကတုန်လှုပ်စေတဲ့ တစ်ချက်ပဲဖြစ်ပါတယ်။

    ကျွန်တော်တို့ ပိုးသတ်ဆေးတွေသုံးထားခဲ့တဲ့မြေကို ဖြတ်သွားတဲ့ရေက ပိုးသတ်ဆေးအာနိသင်တွေကို သူယိုစိမ့်ရာလမ်းတစ်လျောက် သယ်ဆောင်သွားမှာဖြစ်ပါတယ်။

    ဒါကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှုတွေမှာ စိုက်ပျိုးရေးက ပြောစရာတစ်ရပ်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်လဲ သဘာဝနည်းတွေကို ပြောင်းလဲကျင့်သုံးဖို့ တိုက်တွန်းနေကြတာပါ။

အိုးနဲ့စိုက်ထားတဲ့ မြေတွေ

    ဒါဆိုရင် အိုးနဲ့ စိုက်တဲ့မြေတွေကို ကြည့်ရအောင်ပါ။ အပင်လေးတွေကို အိုးတစ်ခုခု၊ ထည့်စရာတစ်ခုခုနဲ့စိုက်တဲ့ နည်းလမ်းတွေက ဒီကနေ့ခတ်မှာ ခေတ်စားလာကြပါပြီ။ ဒါတွေကို မျက်စိကျ အာရုံစိုက်လာကြတဲ့ အကြောင်းအရင်းတွေထဲမှာ ယိုစိမ့်ခြင်းကို ကာကွယ်နိုင်ချင်လို့ဆိုတဲ့ တစ်ချက်လည်းပါနေပါတယ်။ အကြောင်းကတော့ ဒီလိုပါ။ အိုးနဲ့သာ အပင်တွေစိုက်ခဲ့ရင် ယိုစိမ့်မှုဖြစ်တဲ့အခါ လွယ်လွယ်ကူကူဆေးကြောနိုင်တာမို့ပါ။ ဒီနေရာမှာ ယိုစိမ့်ခြင်းက အာဟာရတွေကို ယူဆောင်သွားပြီး ဆားတွေကိုတော့ မြေပေါ်မှာချန်ထားခဲ့တာပါ။ ဒီလိုနဲ့ဆားပေါက်မြေတွေဖြစ်လာရတာပါ။ ထည့်စရာထဲမှာဖြစ်တဲ့အတွက် ရေတွေလောင်းပြီး ဆားတွေကို ဆေးချနိုင်ပါတယ်။ ကွင်းထဲမှာဆိုရင်တော့ ရေသွင်းနည်းလမ်းတွေနဲ့ ဆေးကြောရတာဖြစ်လို့ အကုန်အကျများပါတယ်။ 

    ကဲ...ဒီလောက်ဆိုရင်တော့ ဘာကြောင့်ယိုစိမ့်ခြင်းက သိထားဖို့လိုသလဲ? မျက်မှောက်ခေတ် သဘာဝနည်းတွေကို အားပေးနေရတဲ့ အကြေင်းအရာတွေထဲမှာ ယိုစိမ့်ခြင်း ပြဿနာကလည်း တစ်ခုအပါအဝင်ဖြစ်တာမို့ ရေးသားဖော်ပြလိုက်ရပါတယ်ဗျ။

Ref:https://www.gardeningknowhow.com/garden-how-to/soil-fertilizers/soil-leaching-information.htm

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်